Wednesday, August 26, 2015

ဆီးရီးယားအေရး ၾသစေၾတးလ် ဆွေးနွေး


ဆီးရီးယားက အစ္စလာမ်မစ် IS သူပုန်တွေကို တိုက်ခိုက်နေတဲ့ သြစတြေးလျ နိုင်ငံ ဆက်လက်ပါဝင်ဖို့ ပြည်ပဆက်ဆံရေး ၀န်ကြီးဟောင်း Bob Carr က ပြောကြားလိုက်ပါတယ်။ အီရန်နဲ့ ဆီးရီးယားက အိုင်အက် စ်တွေကို ချေမှုန်းရေးမှာ သြစတြေးလျနိုင်ငံ ဆက်လက်ပါဝင်ဖို့ အမေရိကန်နိုင်ငံက တောင်းဆိုခဲ့တာ ဖြစ်ပြီး ဆက်လက် ပါဝင်ရေး မပါဝင်ရေးကို သြစတြေးလျ အစိုးရက စဉ်းစားနေတာ ဖြစ်ပါတယ်။
ဒီကိစ္စဟာ မပြီးဆုံးနိုင်သော အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါဝင်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ စစ်ရာဇ၀တ်မှု ကျူးလွန်နေတဲ့ IS တွေရဲ့ လက်ထဲကနေ လူတချို့ကို ကယ်ထုတ်နိုင်မယ့် အရေးကိစ္စဖြစ်ကြောင်း လေ ကြောင်း စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒါဟာ လုပ်သင့်တဲ့ တာဝန်ဖြစ်တဲ့အကြောင်း ပြည်ပဆက်ဆံရေး ၀န်ကြီးဟောင်း Bob Carr က ပြောကြားလိုက်ပါတယ်။

အမေရိကန်ဘက်က အခုလို တောင်းဆိုလာအောင် သြစတြေးလျအစိုးရ ဘက်က ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ Fairfax Media က ပြောကြားခဲ့တဲ့ အပေါ်မှာ ဘဏ္ဍာရေး ၀န်ကြီး Joe Hockey က “ဒီလို သတင်းတွေက မမှန်ပါဘူး။ ၀န်ကြီးချုပ် တိုနီအာဘော့တ်က အခုလို အမေရိကန် သမ္မတရဲ့ တရားဝင် တောင်းဆိုချက်ကို ကြားသိရတော့ အံ့အားသင့်ခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စု တင်ပြလာတဲ့ အချက်တွေကို ကြည့်ပြီး ဒီအတွက် ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List