Friday, August 28, 2015

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာရေ ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ မြန်မာ့ တပ်မတော်ထံ လွှဲပြောင်း ပေးအပ် လှူဒါန်း


တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း အသုံးအဆောင်များ တင်ဆောင်လာသော လေယာဉ် ၂ စင်းသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရောက်ရှိ လာခဲ့သည်။

မြန်မာ ရေဘေးသင့် ပြည်သူများအတွက် ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင်များကို တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် (PLA) သည် မြန်မာနိုင်ငံ တပ်မတော် မှ တဆင့် လွှဲပြောင်း ပေးအပ် လှူဒါန်းရာတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က လွှဲပြောင်း လက်ခံ ရယူခဲ့သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များအား စုစုပေါင်း လေယာဉ် ၄ စင်းဖြင့် ပို့ဆောင် လှူဒါန်းမည် ဖြစ်ရာ ယခု ပထမ အခေါက်အဖြစ် လေယာဉ် ၂ စင်းဖြင့် အိပ်ရာအသုံးအဆောင် ၊ မီးစက် ၊ ယာယီ နေအိမ်တဲများ တင်ဆောင်လာခဲ့ပြီး မြန်မာ့ တပ်မတော် မှ တဆင့် လွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့သည်။

ယခု လှူဒါန်းမှုသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) မှ မြန်မာ ရေဘေးသင့် ပြည်သူ များအတွက် ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များကို လှူဒါန်းခဲ့ခြင်း အပြင် ယခင်ကလည်း တရုတ်နိုင်ငံ အစိုးရမှ ယွမ် ၁၀ မီလီယံ ( အမေရိကန် ဒေါ်လာ ၁.၆၃ မီလီယံ) တန်ဖိုးရှိသော အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများအား မြန်မာနိုင်ငံက ရေဘေးသင့်ဒဏ်ခံ ပြည်သူများ အတွက် ပေးအပ် လှူဒါန်းခဲ့သည်။

မြန်မာ နိုင်ငံ တွင် ရေဘေး ဒုက္ခ ဖြစ်ပွား ချိန် မှ စတင်၍ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၊ ကောင်စစ်ဝန် ရုံး ၊ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံ ရောက် တရုတ် လုပ်ငန်းရှင်များ ၊ မြန်မာ နိုင်ငံရှိ တရုတ် အသင်း အဖွဲ့ များမှ ရေဘေးသင့် ပြည်သူများ အတွက် ကူညီ ထောက်ပံ့မှုများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ ရေဘေးဒဏ်သင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ နှင့် ဧရာဝတီတိုင်း အင်္ဂပူနှင့်ဟင်္သာတဒေသများသို့  ၁၁ ရက်ကြာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့သည်။

(Xinhua)


No comments:

Post a Comment

My Blog List