Tuesday, August 25, 2015

အာရှနိုင်ငံများအနက် မြန်မာသည် ရွေးကောက်ပွဲ ကော်မရှင်အပေါ် ယုံကြည်မှုအနည်းဆုံးဖြစ်


အရှေ့အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှု အနည်းဆုံးဖြစ်ပြီး အများစုမှာ မယုံကြည်ဟု မကြာမီကကောက်ယူ ခဲ့သော စစ်တမ်းအရသိရသည်။ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းနှင့် အာရှဘာရိုမီတာ ဆာ ဗေးအဖွဲ့တို့ပူးပေါင်း ကာ တိုင်းနှင့်ပြည်နယ် ၁၄ ခုတို့ရှိ မြို့များတွင် ၂၀၁၅ ဇန်နဝါရီမှ မတ်လအထိ လူမှုသဘော ထားစစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၃၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်ကြောင်း အာရှဘာရိုမီ တာဆာဗေးမှ သုတေသနပညာရှင် မစ္စဘရစ်ဂျက်ဝဲလ်ရှ်ကပြောသည်။

မြန်မာနိုင်ငံတွင် လူမှု သ ဘောထားစစ်တမ်းကောက်ယူမှုအစီအစဉ်ပြီး မြောက်ခြင်းကို သြဂုတ် ၂၄ ရက်က ကျောက်တံ တားမြို့နယ် ကုန်သည် လမ်းရှိ ဖန်တီးရာရုံးခန်း၌ ပြုလုပ်ခဲ့သည်။

‘‘ဒီစစ်တမ်းအရ ပြည်သူတွေ ဟာ နိုင်ငံရေးလုပ်ဆောင်ချက် တွေမှာ စိတ်ပါဝင်စားလာကြတာ ကို တွေ့လာရပါတယ်။ ရွေး ကောက်ပွဲကော် မရှင်ကို ယုံကြည် မှုက ရှိတော့ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် အင်မတန် နည်းပါးနေပါ တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေရဲ့သင်ခန်းစာ ကြောင့်လည်းပါတာပေါ့’’ဟု မစ္စဘရစ်ဂျက်ကဆိုသည်။

ရွေးကောက်ပွဲကော်မရှင် အပေါ် ယုံကြည်မှုတွင် ကမ္ဘောဒီး ယားနိုင်ငံက ၈၂ ရာခိုင်နှုန်း၊ ထိုင်း၆၂ ရာခိုင်နှုန်း၊ အင်ဒိုနီး ရှား ၆၃ရာခိုင်နှုန်း၊ ဖိလစ်ပိုင်၅၄ ရာခိုင်နှုန်း၊ ဗီယက်နမ် ၇၈ ရာခိုင်နှုန်းနှင့် မြန်မာက ၃၆ ရာခိုင်နှုန်းသာ ရှိကြောင်း အဆိုပါစစ်တမ်းတွင်ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးသတင်းများ ကို ပြည်သူလူထုငါးပုံတစ်ပုံခန့် သာ ပုံမှန်လေ့ လာစောင့်ကြည့်ကြ ပြီး ကျေးလက်ဒေသ များတွင် လေ့လာစောင့်ကြည့်မှု အနည်းငယ်သာရှိသည်။ ၎င်းတို့၏ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား နေရခြင်း ကြောင့် နိုင်ငံရေး စိတ်ဝင်စားမှုနည်းပါးခြင်းသာဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းဥက္ကဋ္ဌဦးမြတ်သူကပြော သည်။

‘‘ကျေးလက်ဒေသတွေမှာ နည်းပညာပိုင်းတွေ အားနည်းနေတာလည်းပါတယ်။ နောက်ပြီး ဂျာနယ်မီဒီယာတွေ ကျေး လက် တွေအထိရောက်ရှိဖို့လည်း လိုတယ်။ နေရာတွေအပေါ်မှာလည်း အများကြီးမူတည်တယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

အာရှဘာရိုမီတာဆာဗေးအဖွဲ့သည် မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှ ၁၄ နိုင်ငံတို့တွင် နိုင်ငံအလိုက် စစ်တမ်းကောက် ယူ သည့်အဖွဲ့ဖြစ်ပြီး ယင်းစစ် တမ်း သည် သုတေသနစီမံကိန်းဖြစ်ပြီး နိုင်ငံရေးသဘောထားများ၊ နိုင်ငံရေး အပြုအမူ များကို လေ့လာဆန်းစစ်သည့် အရှေ့အာရှနိုင်ငံများနှင့်အမေရိကန် တို့၌ အခြေစိုက်သည့် ပညာရှင်အုပ်စုအဖွဲ့ဖြစ်သည်။


7Day News Journal

No comments:

Post a Comment

My Blog List