မြန်မာနိုင်ငံတွင် မတရားပြဋ္ဌာန်းထားသည့်ဥပဒေများကို ဆန့်ကျင်ကန့် ကွက်ရန်နှင့် မတရားဖမ်းဆီးခံထား ရသော နိုင်ငံ ရေးအကျဉ်းသားများကို အမြန် ဆုံးလွှတ်ပေးရန် သြဂုတ် ၂၃ ရက် ၌ တက္ကသိုလ်ကျောင်းသား ၂၀ ခန့်က Failed Law စာသားပါ စာ ရွက်များကိုင်ဆောင်၍ လှုပ်ရှားမှု စတင်လိုက်သည်။
ယင်းလှုပ်ရှားမှု(Cam-paign)ကို အချိန်အကန့်အသတ်မရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်လှုပ် ရှားမည် ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)ဒုဥက္ကဋ္ဌ ကိုမင်းသူကျော် က ပြောသည်။ ယင်းလှုပ်ရှားမှုကို ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်း သားသမဂ္ဂနှင့် ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့မှ ကျောင်း သားများ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
‘‘၅၉(စ)ဖြစ်ဖြစ်၊ ပုဒ်မ ၁၈ ဖြစ်ဖြစ်၊ ၅၀၅(ခ) ဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါ တဲ့ ဥပဒေ တိုင်းကိုဆန့်ကျင်တယ်။ မတရားဖမ်းဆီး ခံထားရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ တောင်းဆိုတာ။ ဒီ နေ့က ဓာတ်ပုံပဲရိုက်မှာ။ ဒါက အ ဖွင့်။ နောက်ကျမှ တဖြည်းဖြည်း နဲ့ နောက်ထပ် လှုံ့ ဆော်မှုတွေ တောက်လျှောက် ဖြစ်သွားမယ် ပေါ့နော်’’ ဟု ကိုမင်းသူကျော်က ဆိုသည်။
အထက်ပါအချက် နှစ်ချက် ကိုတောင်းဆိုသည့်လှုပ်ရှားမှုကို နိုင်ငံရေးပါတီများနှင့်အခြားသော အဖွဲ့အစည်း များ၊ ပြည်သူများပါ ၀င်လာရန် ဖိတ်ခေါ် မည်ဖြစ်ပြီး ပုံ စံမျိုးစုံဖြင့်လှုပ်ရှားမှုကို အကောင်အထည်ဖော်မည် ဖြစ် ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုဖိုးသား က ပြော ကြားသည်။
ရွေးကောက်ပွဲ နီးလာချိန် တွင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် လှုပ်ရှားမှုနှင့်ပတ် သက်၍ ‘‘ရွေးကောက်ပွဲနီးမှ လုပ် တာဆိုတာထက် ကျွန်တော်တို့ ကျောင်းသားတွေက လုပ်ချင်တဲ့ ဆန္ဒရှိတယ်ပေါ့’’ဟု ကိုဖိုးသားက ရှင်းပြသည်။
သြဂုတ် ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလ ပန်းခြံ၌ အထက်ပါလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများကခွင့်ပြုချက်တင်ပြီးမှ ပြုလုပ်ရန် ပြောကြား သည်။
ကျောင်းသားများက ပုဒ်မ ၁၈ ကို အယုံအကြည်မရှိ၍ ရှေ့ လျှောက်လှုပ်ရှား မှုများတွင်လည်း ခွင့်ပြုချက် တောင်းခံမည်မဟုတ်ဘဲ အရေးယူမှုအားလုံးကို ရင်ဆိုင်မည်ဖြစ်ကြောင်း သတင်းထောက်များအား ပြော သည်။
7Day News Journal
No comments:
Post a Comment