Thursday, August 27, 2015

အိမ်ဖြူတော်ထဲဝင်ရန် ကြိုးစားဖူးသူ တရားရုံးထဲ သေနတ်ဖြင့် ပစ်သတ်ခံရ


အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားတရားရုံးတခုထဲမှာ သြဂုတ် ၂၅ ရက်နေ့က လက်ထောက် တရားရေး ၀န်ထမ်းတဦးကို လူတဦးက ဓားနဲ့တိုက် ခိုက်ဖို့ ကြိုးစားခဲ့စဉ်မှာ တခြားလက်ထောက်ဝန်ထမ်းတဦးက အဲဒီ လူကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သည်ဝေါစထရိဂျာနယ်မှာ ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ် ကာတစ်စမစ်ဟာ အဲဒီနေ့မနက် ၁၁ နာရီလောက်မှာ ချက်စတာခရိုင် တရားစီရင် ရေးစင်တာထဲကို လမ်းလျှောက်ဝင်လာခဲ့တာ ဖြစ်ပြီး ဓားကိုထုတ်ကာ လက်ထောက်တရားရေးဝန်ထမ်းကို တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချက်စတာခရိုင် တရားစီရင်ရေးဆိုင်ရာ ကိုယ်စားလှယ်ရှေ့နေ  သောမတ် ဟော်ဂန်က ပြောလိုက်တာပါ။

ကာတစ်စမစ်ကို ဆေးရုံကိုပို့ဆောင်ခဲ့ပြီးချိန်မှာ သေဆုံးခဲ့ပြီး တိုက်ခိုက်ခံရတဲ့ဝန်ထမ်းကတော့ လက်မောင်း နဲ့ လက်ကဒဏ်ရာတွေကို ဆေးဝါးကုသခံ နေရတယ်လို့ သတင်းက ဆိုပါတယ်။

သောမတ်ဟော်ဂန်က ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အကြောင်းပြချက် မပေးခဲ့ပါဘူး။ သူက “တနိုင်ငံလုံးမှာ ခုလို မတော်တဆဖြစ်တဲ့ ဖြစ်ရပ်တွေကြောင့် ကျနော်တို့အနေနဲ့ တရားရုံးတွေထဲက တိုက်ခိုက်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ယူပြီး ဖြစ်စေပါတယ်” လို့ ပြောပါတယ်။

အိမ်ဖြူတော် လျှို့ဝှက်လုံခြုံရေးအဖွဲ့ရဲ့ အဆိုအရ ကာတစ်စမစ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အိမ်ဖြူတော် ရှေ့ဝင်ပေါက် ခြံစည်းရိုးကို ကျော်တက်ဖို့  ကြိုးစားခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ဥပဒေမဲ့ ပိုင်နက်ကျူးလွန် ၀င်ရောက် မှုအတွက် ဒဏ်ငွေတပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကာတစ်စမစ်ရဲ့ ကိုယ်စားလှယ်ရှေ့နေ မာတင်ရိုဆန်ဒေါ့ဖ်က အဲဒီနေ့က အဖြစ်အပျက်အတွက် တော်တော် တုန်လှုပ်ခဲ့ရပြီး ဘာကြောင့် ခုလိုစလုပ်တယ်ဆိုတာကို  မသိဘူးလို့ ပြောပါတယ်။

ကာတစ်စမစ်ဟာ အမယ်ရီဂက်စ် ဓာတ်ငွေ့ကုမ္ပဏီရဲ့ ကုန်ကားမောင်းသူ တဦးဖြစ်ပြီး လုပ်သက် ၁၂ နှစ် ကျော် လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ မာတင်ရို ဆန်ဒေါ့ဖ်က အိမ်ဖြူတော် အမှုအခင်းဆိုင်ရာ အစီရင်ခံစာကို ညွှန်းပြီး ပြောပါတယ်။

အိမ်ဖြူတော်ထဲကိုဝင်ဖို့ ကြိုးစားခဲ့လို့ အဖမ်းခံရတုန်းက သူဟာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို သတင်းတခုပေးချင်လို့ ၀င်ချင်တာဖြစ် တယ်လို့ ကာတစ်စမစ်က ရဲတွေကို ဖြေခဲ့တာဖြစ်တယ်လို့ အစီရင်ခံ စာမှာ ဖော်ပြပါတယ်။

DVB

No comments:

Post a Comment

My Blog List