Thursday, August 27, 2015

ဘင်္ဂလာဒေ့ရှ် တပ်ဖွဲ့ဝင်အများအပြား နယ်စပ်ကို စေလွှတ်





ရက္ခိုင့်တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ၀င် တစ်ဦး ဒဏ်ရာ ရရှိ သွားပြီးနောက် ယခုအခါ ဘင်္ဂလာဒေ့ရှ် စစ်သား အများအပြားကို နယ်စပ်သို့ စေလွှတ်ထားလိုက်ပြီဟု ဘင်္ဂလာဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် အဇစ်အာမတ် (Aziz Ahmed) ကပြော သည်။

ထိုသို့ စေလွှတ်ခြင်းမှာ ဘင်ဒရိုဘင် ခရိုင် တန်းဆိပ်နယ်မြေရှိ ယနေ့ မနက်က ဘင်္ဂလာဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ကို တိုက်ခိုက်သွားသော မြန်မာ ခွဲထွက်ရေး အုပ်စုဝင်များကို ၀င်ရောက်စီးနှင်း တိုက်ခိုက်ရန် ဟု သူက ဆိုသည်။

ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် က မော်တုတ်ကြီးရှိ ဘီဂျီဘီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံခဲ့ရပြီးနောက် BGB နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုသာမက စစ်သားများကိုပါ စေလွှတ်ပြီး အင်အား ဖြည့်တင်းထားလိုက်ပြီဟု သူက ဆိုသည်။

ယင်းပြင် မြန်မာစစ်တပ်ကိုလည်း နယ်စပ်များကို ပိတ်ဆို့ထားရန် အကြောင်း ကြားထားသဖြင့် မြန်မာနိုင်ငံ မှ ခွဲထွက်ရေးအုပ်စုမှာ ထွက်ပြေးရန် အခွင့် အရေးမရှိတော့ဟု သူက ဆိုသည်။

အလယ်ခွာတောင်နှင့် ဘော်လီပါရာရှိ စစ်တပ်မှ တပ်ခွဲ နှစ်ခုကိုလည်း အခင်း ဖြစ်ပွားရာသို့ စေလွတ်လိုက် ပြီဟု ဆိုသည်။

တိုက်ပွဲမှာ ယနေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီထိ ဖြစ်ပွားခဲ့ပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ရဟတ်ယာဉ်ဖြင့် စစ်တကောင်းမြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်ဆင်ရေး စတင်မည် ဖြစ်သည်ဟု သိရသည်။ ယနေ့ နေ့လယ်က Press Club တွင် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal မှ သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး နောက်နောင် ထိုကဲ့သို့ တိုက်ခိုက်မှုများ မပြုလုပ်ရအောင် လိုအပ်သော ပူးပေါင်းစစ်ဆင်း ရေး တစ်ရပ်ကို နယ်စပ်တွင် ပြုလုပ်မည်ဟု ပြောဆိုသည်။

( ယခုဓာတ်ပုံမှာ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် အဇစ်အာမတ် ဖြစ်ပြီး အောက်က ပုံနှစ်ပုံမှာ ဘင်္ဂလာဒေ့ရှ် သတင်းစာများ တွင် ဖော်ပြထားသော ပုံများ ဖြစ်ကြပါသည်။)
Narinjara

No comments:

Post a Comment

My Blog List