Thursday, August 27, 2015

စာမေးပွဲရက်မတိုင်ခင် ကျောင်းသားတွေကို ထောင်ကလွှတ်ပေး ဖို့ တောင်းဆို


မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရတနာပုံ တက္ကသိုလ်က ကျောင်းသား ၄ ဦးဟာ စာမေး ပွဲဖြေရမယ့်ရက်နီးလာ ပြီဖြစ်တာကြောင့် သူတို့အားလုံးကို လွှတ်ပေးဖို့ နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
အကျဉ်းထောင်ဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ပညာဆက်လက် ဆည်းပူးခွင့်ပြုရမယ် လို့ပါရှိ တာကြောင့် လွှတ်ပေးဖို့ တောင်းဆိုတာ လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုတင်မောင် ဦး က ပြောပါတယ်။

"ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့လိုတယ်၊ စာမေးပွဲဖြေခွင့်ပေးဖို့လိုတယ်၊ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ သူတွေကိုတောင် ပညာဆက်လက်သင်ကြား ခွင့်ကို အစိုးရက ဆက်လက်စီစဉ်ပေးရမယ်ဆိုတာက အကျဉ်း ထောင် ဥပဒေမှာလည်းပြဌာန်းထားသလို အစိုးရကလည်း အင်းစိန်အကျဉ်းထောင်မှာ သူတို့ဘယ်လို လုပ်ပေးနေတယ်ဆိုတာ ပါတဲ့အတွက် အခုကျောင်းသား တွေက ပြစ်မှုကျုးလွန်တဲ့လူဆိုတဲ့ စွပ်စွဲချက် အဆင့်မှာ ဘဲရှိသေးတယ်၊ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တဲ့ အဆင့်မှာမရှိသေးတဲ့အတွက် ဒီလူတွေ ရဲ့ပညာဆက်လက်သင် ယူခွင့်ကို ဆုံးရှုံးအောင်မလုပ်လောက်ဘူးလို့လဲ ကျနော်တို့က ယုံကြည်တယ်"

ရှေ့လ စက်တင်ဘာလမှာ တက္ကသိုလ်စာမေးပွဲတွေ ကျင်းပတော့မှာဖြစ်တဲ့ အတွက် အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေ အာမခမံ ရဖို့ တောင်းဆို နေတာ ဖြစ်ပါတယ်။ ရတနာပုံတက္ကသိုလ် မှာ ပညာသင်ကြားနေဆဲဖြစ်တဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက် တို့လေးဦး ကို စာမေးပွဲဖြေဆိုခွင့် ရအောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ အာမခံ လျှောက် ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ သူတို့ ၄ ဦးဟာ ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူတွေ ဖြစ်ပါတယ်။

RFA

No comments:

Post a Comment

My Blog List