Tuesday, August 25, 2015

ရေပူဆရာတော် ရှစ်ကြိမ်မြောက်ရုံးချိန်း၌ ကျောက်မျက်ဥပဒေနှင့် ပတ်သက် ၍ တရားလိုပြ သက်သေ နှစ်ဦးအား စစ်ဆေးပြီး သာသနာညှိုးနွမ်းစေမှုနှင့် သစ်စုပုံထားမှုကို သြဂုတ် ၂၆ ရက်တွင် စစ်ဆေးမည်


သြဂုတ် ၂၄ ရက်က ပြုလုပ်သော ရေပူ ဆရာတော် ရှစ်ကြိမ်မြောက်ရုံးထုတ်တွင် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးပြီး သာသနာညှိုးနွမ်းစေမှုနှင့် သစ်စုပုံထားမှုအား သြဂုတ် ၂၆ ရက်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ရေပူဆရာတော်နှင့် အရပ်သားလေးဦး၏ ရှစ်ကြိမ်မြောက်ရုံးထုတ်ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး ကျောက်မျက်ရတနာ ဥပဒေနှင့် ပတ်သက်ပြီး စစ်ဆေးရာ တရားလိုသက် သေအဖြစ် မိုးကုတ်မြို့နယ် ရေပူအုပ်စုရပ်ကွက် ရာအိမ်မှူး ဦးတင်စိုးနှင့် ဦးစန်းလွင် (ရေပူရပ်ကွက် အုပ်စု မှူး) တို့ကို နှစ်ဖက်ရှေ့နေများ အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ယခု အကြိမ်ရုံးထုတ်၌ ရေပူဆရာတော်က တရားစီရင်ရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့ရာ “ပြီးခဲ့တဲ့ ရုံးထုတ် တုန်းက အဓိကသက်သေဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို စစ်ဆေးတုန်းက ဝေ့လည်ကြောင်ပတ် ဖြေသွား တဲ့အတိုင်း မှတ်တမ်းတင်ပေး လိုက်ပါလို့ ခရိုင်တရားသူကြီး ကိုယ်တိုင်ပြောတယ်။ တခြားသက်သေ တစ်ယောက်ထွက်တဲ့အခါ သူတို့လိုချင်တဲ့ ပုံစံအတိုင်းမရလို့ ပြန်ပြီးရှင်းပေးပါလို့ တရားသူကြီးက ပြော တယ်” ဟု ရေပူဆရာတော်က တရားရုံးသို့ ရောက်ရှိချိန်၌ မိန့်ကြားခဲ့သည်။

ရေပူကျောင်း ဆရာတော်အား သာသနာညိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှု တို့ဖြင့် လူဝတ်လဲ ဖမ်းဆီးထားရှိပြီး တရားလိုများဘက်မှ လိုပြသက်သေ၂၀ အနက် ၁၂ ဦး စစ်ဆေးပြီးခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်း နှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်း ဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှု ပုဒ်မ ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများ အား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ) ၆၃/ ၂၀၁၅ မြန်မာ့ကျောက် မျက်ရတနာဥပဒေ ပုဒ်မ ၄၁ (က) (ခ) အရလည်း ကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့် အရေးယူထား ရှိကြောင်း၊ ရေပူကျောင်းဆရာတော်ကို  ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမ အကြိမ် ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ ရုံးထုတ်ကာ ကျောက်မျက်ဥပဒေနှင့်ပက်သက်၍ ကိုးကြိမ်မြောက်ရုံးထုတ်ကို သြ ဂုတ် ၃၁ ရက်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

သာသနာညှိုးနွမ်းစေမှုနှင့် သစ်စုပုံထားမှုတို့အား သြဂုတ် ၂၆ ရက်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း လည်း သိရှိရသည်။

ယခင်က ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှစ၍ ယနေ့အထိ မန္တလေးအိုးဘို အကျဉ်းထောင် သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List