Wednesday, August 26, 2015

ကျုံပျော်မြို့နယ်၊ ခရုရိုးကျေးရွာအုပ်စုမှ NLD ပါတီဝင် ၈၀ ကျော်နုတ်ထွက်၊ ဆိုင်းဘုတ်ဖြုတ်ချ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ ခရုရိုးကျေးရွာအုပ်စု NLD ပါတီဝင် ၈၀ ကျော်က ပါတီမှ နုတ်ထွက် ကြပြီးNLD ပါတီဆိုင်းဘုတ်ကိုသြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀း၃၀ နာရီက ဖြုတ်ချခဲ့ကြောင်း သတင်းရ ရှိပါသည်။

ခရုရိုးကျေးရွာအုပ်စုNLD ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပြရာတွင် ““NLD ပါတီ ဗဟိုမှ ကျုံပျော်ဒေသခံ CC တစ်ဦးဖြစ် သူက လွှမ်းမိုးပြီး လွှတ်တော်ကိုယ် စား လှယ်များကို ရွေးချယ်ရာတွင် ပါတီဗဟို ရဲ့ မူဘောင်များကိုပစ်ပယ်ကာ ရွေးချယ် ခဲ့ကြောင်း၊ ပုဂ်္ဂိုလ်ရေးအာဃာတများနဲ့ အရည်အချင်းမရှိသူများကို ရွေးချယ်ခဲ့ကြောင်း၊ အကျင့်စာရိတ်္တပျက် ယွင်းသူများ ၀င်ပါနေသည်ဟုဆိုကာ သြဂုတ်လ လဆန်းပိုင်းက ပါတီဝင် ၄၅၀ ကျော် လက်မှတ်ရေးထိုးပြီးပြန် လည် စိစစ်ရွေး 
ချယ်ပေးရန် တင်ပြခဲ့သော်လည်း ယနေ့ အထိဆောင်ရွက် မပေးခဲ့ကြောင်း၊ ၁၂.၈ .၂၀၁၅ ရက်နေ့က သတင်းစာရှင်း လင်း ပွဲပြုလုပ်ပြီး ၅ ရက်အတွင်းပြုပြင်ပြောင်း လဲပေးပါရန် ဒုတိယအကြိမ် တင်ပြခဲ့ ကြောင်း၊ ဆောင်ရွက်မပေးပါက ပါတီ ၀င်များနုတ်ထွက်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချ ခြင်းလုပ်မှာ ဖြစ်ကြောင်း တင်ပြခဲ့သော်လည်း ယနေ့အထိ အရေးတယူ ဆောင် ရွက်ပေးခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ ဆိုင်းဘုတ် ဖြုတ်ချ၊ ပါတီမှ နုတ်ထွက် ရခြင်းဖြစ်ကြောင်း”” ပြောပြသည်။


ရပ်ကျေးဒုဥက်္ကဋ္ဌ ကိုလှိုင်က ပြောပြရာတွင် ““အမတ်လောင်းတစ်ယောက်ဟာ အရည်အချင်းပြည့်ဝဖို့လိုတယ်၊ အရည် အချင်းမပြည့်ဝတဲ့သူက လွှတ်တော် ထဲ ရောက်ပါက မိမိတို့ရပ်ရွာအကျိုးကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်တဲ့ အတွက် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း”” ပြောပြပါသည်။

ပါတီဝင်မနှင်းဝေငြိမ်းက ပြောပြရာတွင် ““မိမိတို့ကို တစ်ဦးတစ်ယောက် အဖွဲ့ အစည်းတစ်ခုက ကြိုးကိုင်ခိုင်းစေတာ မရှိကြောင်း၊ အမတ်လောင်း ရွေးချယ်သွားတဲ့ ပုံစံနဲ့ ရွေးထားတဲ့လူကို မကြိုက်လို့နုတ် ထွက်တာဖြစ် ကြောင်း၊ အခြား ပါတီကို ၀င်ဖို့အစီအစဉ်မရှိကြောင်း၊ ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့ပါတီကိုယ်စားလှယ် ကို မဲပေးမှာဖြစ်ကြောင်း”” ပြောပြပါ သည်။

ခရုရိုးကျေးရွာအုပ်စုသည် ကျုံပျော် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အင်အားကောင်းသော ဒေသတစ်ခု ဖြစ်ခဲ့ပြီး ဆိုင်းဘုတ်နှင့်အတူချခဲ့သော အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံနှင့်လူထုခေါင်း ဆောင်NLD ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံကိုမူ လေးစားချစ် ကြည်ရင်းစိတ်ဖြင့် ဘုရားခန်းတွင် ထားရှိ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောပြခဲ့ ပါသည်။

Hot News Journal

No comments:

Post a Comment

My Blog List