Tuesday, August 25, 2015

သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါက ထူးခြားသော ပြောင်းလဲမှု မရှိနိုင်ဟုဦးဌေးဦး ပြောကြား


ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါကလည်း ပါတီတွင်းထူးခြားသော ပြောင်းလဲမှု မဖြစ်နိုင်ကြောင်း လက်ရှိယာယီဥက္ကဋ္ဌ တာဝန် ယူထားသော ဦးဌေးဦးက The Voice သို့ ပြောသည်။
“ထူးထူးခြားခြား ပြောင်းလဲမှုတော့ မဖြစ်နိုင်ပါဘူး၊ နေရာတစ်နေရာတော့ လွတ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးကို တွေ့ဆုံမေးမြန်းရာတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် ပါတီဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံရပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရုံးခန်းတွင် သီသန့်တွေ့ဆုံထားပြီး သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီ နေ့လယ် ၁၂ နာရီတွင် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့ကြသည်။

ယင်းသို့ အတိုက်အခံပါတီခေါင်းဆောင်နှင့် အာဏာရပါတီမှ ဥက္ကဋ္ဌဟောင်း တွေ့ဆုံခြင်းသည် ပုဂ္ဂိုလ်ရေးအရသာ တွေ့ဆုံ မှုဟု ယူဆနိုင်ပြီး လွှတ်တော် အတွင်းကိစ္စများကို ဝေဖန်ပြောဆိုလိုခြင်း မရှိကြောင်း ကြံ့ခိုင်ရေးပါတီ အထွေထွေအ တွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောကြားထားသည်။

ယင်းအပြင် သူရဦးရွှေမန်း ကြံ့ခိုင်ရေးပါတီမှ ထွက်သွားမည်ကို စိုးရိမ်စိတ်မရှိကြောင်း ၎င်းက ဆိုထားသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ (ယာယီ) သူရဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားပြီး ဦးဌေးကို လွှဲပြောင်း ပေးခဲ့သည်။ ယင်းအပြင် အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့တို့ကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။
The Voice Weekly

No comments:

Post a Comment

My Blog List