စတုတ္ထမြောက်တစ် ကိုယ်တော်အခွေကို ပုံစံပြောင်းဖန်တီးလို၍ ယခင်သီဆို နေကျသီချင်းအမျိုးအစားပုံစံ များမှခွဲ ထွက်သီဆိုရန် တေးရေးဆရာအသစ် များနှင့် စီစဉ်နေသည်ဟု အဆိုတော် ရတနာမိုင်ကပြော သည်။
‘‘အခုနောက်ထပ်တစ်ကိုယ် တော်အခွေအတွက် စစီစဉ်နေ တယ်။ ဒီအခွေ ကိုတော့ အရင်ဆို နေကျသီချင်း ပုံစံတွေမဟုတ် တော့ဘဲ ပုံစံသစ်တွေနဲ့ ဆိုသွားဖို့ အတွက် တစ်ခါမှမအပ်ဖူးတဲ့ တေးရေးဆရာအသစ်တွေ ကို သီချင်း အပ်နေပါတယ်’’ဟု ရတနာမိုင်ကပြောသည်။
၎င်းသည် လက်ရှိတွင်ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေ ပေးနေခြင်းကြောင့် တစ်ကိုယ်တော် အခွေစီစဉ်မှုကို နားထားရကြောင်းသိ ရသည်။
‘‘အခုအချိန်ကတော့ ရေ ဘေးအတွက်ပဲ လုပ်ပေးဖြစ်နေ တော့ စိတ်က အဲဒီဘက်မရောက် ဖြစ်သေးတာ ကြောင့် ပရိသတ် လက်ထဲကိုရောက်ဖို့ စီစဉ်ပေးမှာ ပါ။ အခုတော့ ရေဘေးသင့်ပွဲတွေ မှာ အဆိုနဲ့ပတ်သက် ပြီး မိုင်လေး ကုသိုလ်ယူခဲ့တယ်။ ရခိုင်ကို လည်း ကိုယ်တိုင်သွားလှူခဲ့ပါ တယ်။ ဂီတအနုပညာရှင်တွေနဲ့ ပါပဲ။ အခုထပ်ပြီးလည်း မန္တလေး နဲ့ပြင်ဦးလွင်ကို သွားဖို့ရှိတယ်’’ဟု ရခိုင်တိုင်းရင်းသူ ရတနာမိုင်က ပြောသည်။
ရတနာမိုင်သည် တစ်ကိုယ် တော်စီးရီးသုံးခွေအထိ ထွက်ရှိထားပြီး ၂၀၁၄ ၌ နောက်ဆုံးထွက်ရှိထားသည့် တစ်ကိုယ်တော် ‘Good Night ချစ်သူ’ အခွေသည် ၎င်း၏မိခင်ဖြစ်သူ အဆိုတော်မိုင် ၏ သီချင်းအချို့ကို ပြန်လည် သီဆို ထားသောအခွေဖြစ်ပြီး GoodNight သီချင်းသည် ပရိသတ်လက်ခံအား ပေးမှု အများဆုံး ရရှိထားသည်။
7Day News Journal
No comments:
Post a Comment