Tuesday, August 25, 2015

အတိုက်အခံပါတီက အနိုင်ရမည်ဆိုပါကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဆို


ဒီမိုကရေစီလိုလားသည့် အတိုက်အခံကအနိုင်ရလျှင်လည်း သမိုင်းဝင် နိုဝင်ဘာလအထွေထွေ ရွေးကောက် ပွဲရလဒ်ကို မိမိလက်ခံမည်ဟု မြန်မာနိုင်ငံတွင် အရှိန်အ၀ါကြီးမားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကတိပြုလိုက်ပါသည်။

သြဂုတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် အဆာဟိရှင်ဘွန်းနှင့်အင်တာဗျူး တစ်ခုအတွင်း ဦးဆောင် သည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအာဏာရခဲ့လျှင် တပ်မတော် က စိုးရိမ်မည် မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့အနေနှင့် ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ဖို့အကြောင်း မရှိပါဘူး။” ဟု ဗိုလ်ချုပ်မှူးကြီး ရာထူးရယူထားသည့် ၅၉ နှစ်အရွယ် တပ်မတော်အရာရှိကြီး က ပြောကြား ခဲ့သည်။

ယခင်တပ်မတော်အစိုးရက အစိုးရသစ်အတွက် နေရာပေးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် စတင်သည့် ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်ကို တပ်မတော်ကဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း သူ၏မှတ်ချက်အရ ရှင်းလင်း စွာ သိခဲ့ရသည်။

သို့သော် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကို သူ သဘောမတူနိုင်သဖြင့် တပ်မတော်၏ နိုင်ငံရေးပါဝင် မှုက ဆက်လက်ရှိနေဦးမည်ဟု ဗိုလ်ချုပ်မှူးကြီး က ပြောကြားခဲ့သည်။

လွှတ်တော်အတွင်း ၄ ပုံ ၁ ပုံသော လွှတ်တော်ကိုယ်စားလှယ် နေရာများမှာ ခန့်အပ်ခံ တပ်မတော် အရာရှိ များအတွက် ထားရှိခြင်းဖြင့် တပ်မတော်၏ နိုင်ငံရေး ပါဝင်မှုကို အခြေခံ ဥပဒေက အာမခံထားသည်။

”ဘယ်ပါတီကဘဲ အစိုးရအာဏာကို ရသည်ဖြစ်စေ၊ တည်ဆဲဥပဒေဘောင် အတွင်းကဘဲ လုပ်ဆောင် ကျင့် သုံးရမှာဖြစ်တယ်။” ဟု အခြေခံ ဥပဒေ လိုက်နာရန် အရေးကြီးကြောင်း အလေးထားသည့် ဗိုလ်ချုပ်မှူးကြီး က ပြောကြားသွားခဲ့သည်။

အဆိုပါ အခြေခံဥပဒေသည် တပ်မတော်အကြီးအကဲအား သမ္မတ၏ အထူး လုပ်ပိုင်ခွင့် နီးပါး ခွင့်ပြုထား သည်။

PKT
The Ladies News Journal

No comments:

Post a Comment

My Blog List