ဒီချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၏ ရွှေ့ဆိုင်း ထားသော ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခရီးစဉ်ကို စက် တင်ဘာအတွင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟိုပုံး၊ ဆီဆိုင်မြို့များသို့ စက်တင် ဘာ ၅ နှင့် ၆ ရက်တို့တွင် မူလအစီအစဉ် အတိုင်း ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည် ဖြစ်ပြီး ခရီးစဉ် ဖြစ်မြောက်ရန် ပြန်လည်တိုင်ပင်ဆွေးနွေးလျက်ရှိကြောင်း ဦးတင်မောင်တိုး က ပြောသည်။
‘‘နဂို ခရီးစဉ်က မပျက်ပါ ဘူး။ အဲဒီနေ့နဲ့ တိုက်ဆိုင်တဲ့ နိုင်ငံ ရေးအခြေအနေ ကြောင့်သာ ခရီး စဉ်ကို ရွှေ့ ဆိုင်းထားတဲ့ သဘော ပါ။ အရင်ရေးဆွဲထားတဲ့ ခရီးစဉ် အတိုင်း ဘာမှ မပြောင်းလဲဘဲ လာရောက်ဖို့ ရှိပါတယ်’’ ဟု ဦး တင်မောင်တိုးက ပြောသည်။
မူလက သြဂုတ် ၁၄ နှင့် ၁၅ ရက်တို့၌ သွားရောက်ရန် စီ စဉ်ခဲ့သော်လည်း ဒီချုပ်က ခရီး စဉ်ကို ရွှေ့ဆိုင်း လိုက်ချိန်တွင်ပြည် ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်း ခေါင်း ဆောင်အပြောင်းအလဲဖြစ်ပြီး သူရဦးရွှေမန်းဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံ ရချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဒေါ်အောင်ဆန်း စုကြည် သည် ပအိုဝ့်ဒေသခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲ နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဟောပြောပွဲများ လုပ် ဆောင်ရန်၊ လွှတ်တော် ကိုယ်စား လှယ်လောင်းများနှင့် တွေ့ဆုံရန်၊ ဟိုပုံးမြို့တွင် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) သို့ သွားရောက် တွေ့ဆုံမှုတို့ ပြုလုပ် ရန် စီစဉ်ထားကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ သတင်းရရှိသည်။
‘‘UNODC နဲ့ တွေ့ဖို့ ချိန်း ထားတာက အဲဒီဒေသမှာ သူတို့ လုပ်နေတဲ့ ဘိန်းအစားထိုးသီးနှံ တွေစိုက်ထား တာကို ဒေသခံလူ ထုတွေ ဘယ်လို ယူဆတယ်၊ ဘယ်လိုသဘောထားတယ်ဆိုတာသိ ဖို့နဲ့ ဒေသခံတွေနဲ့ မူးယစ်အစား ထိုးခြံစိုက်ခင်းတွေ လေ့လာဖို့ရှိတယ်’’ ဟု ကလောမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ဒေါ်သန်းငွေက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၄ က ဖွဲ့စည်းပုံပြင် ဆင်ရေးခရီးစဉ် အဖြစ် တောင် ကြီး၊ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့များတွင် လူထုဟောပြော ပွဲများ ကျင်းပခဲ့ဖူးပြီး ၂၀၁၅ တွင် ဒုတိ ယအကြိမ်အဖြစ် လာရောက် ရန် စီစဉ်နေခြင်းဖြစ်သည်။
7Day News Journal
No comments:
Post a Comment