Tuesday, August 25, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်းစိစစ်မှု ကန့်ကွက်သူမရှိ အောင်မြင်


၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်းစိစစ်လွှာ ကန့်ကွက်သူမရှိအောင်မြင်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။‘‘ကန့် ကွက်သူ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ် စားလှယ်လောင်းစိစစ်မှုကတော့ ပြီးစီးပါပြီ။ နည်းဥပဒေအရ ထုတ် ပြန်ကြေညာပေးပါ့မယ်’’ဟု တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြတ်စိုးက ပြောကြားသည်။

ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ပြိုင်မည့် ဒေါ် အောင်ဆန်းစုကြည်သည် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲ တိုင်းတွင် ကန့်ကွက်လွှာတင်သွင်း ခံခဲ့ရသည်။ ၁၉၉၀ ရွေးကောက် ပွဲတွင် ဗဟန်းမဲဆန္ဒနယ် အမှတ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၎င်းကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဦးလဘန်ဂ ရောင် (ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးသူ) က ကန့် ကွက်လွှာတင်သွင်းခဲ့သဖြင့် ရွေး ကောက်ပွဲနှင့် လွဲချော်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေး ကောက်ပွဲမ၀င်ခဲ့ပေ။



၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်မညီညွတ်ဟုဆိုကာ ကန့်ကွက်ခဲ့သေးသည်။ သို့သော် ကန့်ကွက် လွှာကို တောင်ပိုင်းခရိုင် ရွေး ကောက်ပွဲကော်မရှင်က ပလပ်ခဲ့ သည်။ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်း စိစစ်မှုမှာ ပြီးစီးခဲ့သော်လည်း ၂၀၁၅ ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစိစစ်မှုကို သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်သ ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်သူပေါ်လာခြင်းရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက် ပွဲ ကော်မရှင်ရုံးတွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် သြဂုတ် ၂၁ ရက်၌ တွေ့ဆုံခဲ့ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ရန် ရုံးလုပ်ငန်းဆိုင်ရာများသွားရောက်ဆောင်ရွက်ခဲ့သည်။



လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးကောက်တင် မြှောက်ခံနိုင်ရေးအတွက် အမည် စာရင်းတင်သွင်းလွှာ တင် သွင်းချိန်တွင် အသက် (၂၅) နှစ်ပြည့် ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မ ဆန့်ကျင်သူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင် မြှောက်ခံရသည့် အချိန်နှင့် တစ် ဆက်တည်းပြည်ထောင်စုမြန်မာ နိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ (နိုင်ငံ တော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွား ရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရန်) မဲစာ ရင်းတွင်ပါဝင်သူ၊ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူနှင့် သက်ဆိုင်ရာဥပဒေတွင် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ (၈) တွင် ပြဋ္ဌာန်းထား သည်။


7Day News Journal

No comments:

Post a Comment

My Blog List