Wednesday, August 26, 2015

မြန်မာ ၂ ဦး ရဲစစ်ချက် ငြင်းပယ်ခံရ


လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး နဲ့ ပတ်သက်တဲ့ ဗြိတိသျှရဲ မှတ်တမ်းတွေကို တရားခံတွေဘက် က ကြည့်ရှုခွင့်မပေးဖို့ ဗြိတိသျှ တရားရုံးက ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။

လိပ်ကျွန်းလို့ ခေါ်တဲ့ ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ ဗြိတိသျှ စုံတွဲကို သတ်ဖြတ်မှုနဲ့  အသက် ၂၂ နှစ် အရွယ် ဝေဖြိုး နဲ့ ဇော်လင်းကို တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

အဲဒီ စုံတွဲရဲ့ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရှိသလို အမျိုးသမီးဟာလည်း အဓ္ဓမပြုကျင့်ခံထားကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

နိုင်ငံဝင်ငွေရဲ့ ၁၀% ဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလာရေးကို ထိခိုက်လာနိုင်တဲ့ အတွက် ထိုင်းအစိုးရက ဒီအမှုကို အထူး သတိထား လုပ်ဆောင်နေပါတယ်။

မြန်မာ ၂ ဦးက ဖြောင့်ချက်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထိုင်းရဲတွေက အတင်းအဓ္ဓမ နှိပ်စက်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့တာ ဖြစ်ကြောင်း ပြန်လည် ထွက်ဆိုတဲ့အတွက် ဗြိတိသျှ အစိုးရ က ဒီအမှုထဲမှာ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

လွတ်လပ်မျှတတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ဗြိတိန် အစိုးရနဲ့ ထိုင်း အစိုးရ အကြားမှာ သဘောတူခဲ့တာ လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဗြိတိသျှ အစိုးရရဲ့ မူအရ သေဒဏ်ပေးတဲ့ အမှုတွေမှာ နိုင်ငံခြား ရဲတွေကို အကူအညီ ပေးလို့ မရတဲ့အတွက် ထိုင်းရဲတွေရဲ့ စစ်ဆေးမှုကို ကြီးကြပ်ပေးဖို့ အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို စစ်ဆေးချက်တွေကို သေဆုံးသူ မိသားစုဝင်တွေကို ပြဖို့ အရင်က တည်းက သဘောတူထားပေမယ့် တရားခံ မြန်မာတွေဘက်က တရားရုံးမှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန် ရဲတွေက ဒီတောင်းဆိုချက်ကို ငြင်းပယ်ခဲ့သလို အဲဒီ အစီရင်ခံစာကို အပြည့်အ၀ဖတ်ပြီးတဲ့ ဗြိတိန် တရားသူကြီးကလည်း အခု တွေ့ရှိချက်တွေဟာ တရားခံတွေအတွက် အထူးတလည် အကျိုးဖြစ်နိုင် မယ့် အချက်တွေမရှိတဲ့အတွက် တရားခံတွေဘက်က ကြည့်ရှုခွင့်မပေးဖို့ ဗြိတိသျှတရားသူကြီးက ဆုံးဖြတ် လိုက်ပါတယ်။ 

ABC

No comments:

Post a Comment

My Blog List