ဖမ်းဆီးခံ ရတနာပုံ ကျောင်းသားလေးဦး၏ စာမေးပွဲ ဖြေဆိုခွင့် အာမခံ ရရှိရန် ရတနာပုံကျောင်းသားများ သမဂ္ဂမှ ကျောင်းသားများက တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲများကို ၀င်ရောက်ဖြေဆိုခြင်း မပြုဘဲ သပိတ်မှောက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ကျောင်းသား များထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၁၇ မှ ၂၉ ရက်အထိ တက္ကသိုလ်များတွင် နောက်ဆုံးနှစ် စာမေးပွဲကျင်းပမည်ဖြစ်၍ ဖမ်းဆီးခံ ကျောင်းသား များက စာမေးပွဲဖြေဆိုခွင့်အတွက် အာမခံပေးရန် လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ ခြင်း ဖြစ်သည်။
တရားရုံးက ယင်းသို့ အာမခံပယ်ချလိုက်ခြင်းသည် ကျောင်း သားများ၏ အခွင့်အရေး ချိုး ဖောက်ခံရခြင်း ဖြစ်ပြီး ရတနာပုံ ကျောင်းသားများသမဂ္ဂအနေဖြင့် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာပေးပို့သွားမည် ဖြစ် သည်။
ထို့ပြင် စာမေးပွဲဖြေဆိုခွင့် အာမခံရရှိရန် စာမေးပွဲ များကို သပိတ်မှောက်ခြင်း အပါအ၀င် အခြားလှုပ်ရှားမှု များ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်က ပြုလုပ်သောကျောင်းသားများ သမဂ္ဂ သတင်း စာရှင်းလင်းပွဲမှ သတင်းရရှိသည်။
‘‘ရန်ကုန်မှာ အာမခံရရှိတဲ့ ကျောင်းသားတွေရှိတယ်။ ကျွန်တော်တို့ မန္တလေးဘက်မှာ အာမခံက မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတည်းကို သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ မတရားမှုတွေဖြစ်နေတယ်။ ကျောင်း သား တွေ ဖြစ်တဲ့အတွက် ကျောင်းသားသည် စာမေးပွဲဖြေခွင့်ရှိရမယ်။ ဒါဟာ ကျောင်းသားထုအခွင့်အရေး ကို တိုက်ရိုက်ချိုးဖောက်ခြင်း ဖြစ်တယ်’’ဟု ရတနာပုံကျောင်းသား များ သမဂ္ဂတွဲဖက်အတွင်းရေးမှူး ကိုသန့် မင်းညိုက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံ ကျောင်းသားလေးဦးသည် စာမေးပွဲဖြေခွင့်ရရှိရန် အိုးဘို အကျဉ်းထောင်၌ အစာငတ် ခံဆန္ဒပြလျက်ရှိပြီး ဆန္ဒပြခြင်းကြောင့် ထောင်အာဏာပိုင်များက ၎င်းတို့ လေးဦးကို သီးခြားစီခွဲ၍ တိုက်ပိတ် ထားကြောင်း သိရ သည်။
ကျောင်းသားများ သမဂ္ဂအ နေဖြင့် ဖမ်းဆီးခံကျောင်းသား လေးဦး စာမေးပွဲဖြေဆိုခွင့် အာမခံရရှိရန် လှုပ် ရှားမှုများ၊ ဆုတောင်းပွဲများပြုလုပ်၍ အာဏာ ပိုင်များထံ တောင်းဆိုသွားမည် ဟု သမဂ္ဂအဖွဲ့ဝင်များက ပြော သည်။
ဖမ်းဆီးခံ ကျောင်းသားလေး ဦးသည် ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများ ဖြစ်ကြပြီး ဇွန်လ ၂၆ ရက်က ရတနာပုံတက္ကသိုလ်အုတ်တံ တိုင်းတွင် အစိုးရအပေါ်ဝေဖန် သည့် စာသားများကို မှုတ်ဆေးဖြင့်ရေးသား ကာ ဆန္ဒထုတ်ဖော်ခဲ့၍ ဇူလိုင် ၁ ရက်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ဖမ်းဆီးခံကျောင်းသားများ အနက် ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင် ရဲဝေကို ပုဒ်မ ၁၈၊ ၅၀၅(ခ)ဖြင့် လည်းကောင်း အခြားသုံးဦးကို ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ပြီး သြဂုတ် ၁၂ ရက် က တတိယ အကြိမ်ရုံးထုတ်ရာတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီက ပင်မကျောင်းသားသပိတ် ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် ခဲ့၍ ကျောင်းသားလေးဦးစလုံးကို ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆိုခဲ့ သည်။
7Day News Journal
No comments:
Post a Comment