Thursday, August 27, 2015

တရုတ် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနအကြီးအကဲအား ရာထူးမှ ထုတ်ပယ်


မစ္စတာ ရန်ဒေါင်လျန်းကို ဥပဒေ မလိုက်နာမှုများအတွက် ရာထူးမှထုတ်ပယ်လိုက်တယ်လို့ တရုတ်ပြည်သူ ပိုင် သတင်းဌာနမှ ဆိုပါတယ်။ စုံစမ်း စစ်ဆေးမှုတွေကို လွန်ခဲ့တဲ့ တစ်ပါတ်ခန့်က စတင်ခဲ့ပြီး၊ မစ္စတာ ရန်ဒေါင်လျန်းဟာ ကုမ္ပဏီတွေကို လိုင်စင်မဲ့ ဓါတုဗေဒ ကုန်ပစ္စည်းများ သိုလှောင်မှုကို ခွင့်ပြုခဲ့တယ်လို့ စွတ်စွဲခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပါတ်ခန့်က တီယန်ကျင်း မြို့မှာ ရှိတဲ့ ဓာတုဗေဒ သိုလှောင်ရုံ ပေါက်ကွဲမှု အပြီးမှာ စုံစမ်း စစ်ဆေးမှုတွေကို အာဏာပိုင်တွေမှ စတင်ခဲ့ကြ ပါတယ်။

ဒါပေမယ့် ထိုပေါက်ကွဲမှုနှင့် ရန်ဒေါင်လျန်း ထုတ်ပယ်မှု ဘယ်လိုဆက်စပ်တယ် ဆိုတာကိုတော့ မပြောကြား ခဲ့ပါဘူး။ တီယန်ကျင်း မြို့မှာ ရှိတဲ့ ဓါတု ဗေဒ သိုလှောင်ရုံ ပေါက်ကွဲမှုမှာ လူ ၁၃၅ ယောက် သေဆုံးခဲ့ရပါ တယ်။

BBC

No comments:

Post a Comment

My Blog List