Monday, August 24, 2015

ရေကြီးရေလျှံမှုဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အခြေ အနေကို စတင်အချက်ပြနေခြင်းဖြစ်ကြောင်း အငြိမ်းစားသစ်တောအရာရှိ သတိပေး


ယခုနှစ်တွင်ဖြစ်ပွားခဲ့ သော ရေကြီးရေလျှံမှုများသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်အခြေအနေကို စတင်အ ချက်ပြနေခြင်းဖြစ်ပြီး အစိုးရက ဥပဒေများ ရေးဆွဲကာ ပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင် သင့်ကြောင်း သစ်တောဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်အေးက ပြောသည်။

‘‘မြန်မာနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ပတ်ဝန်း ကျင်ထိန်းသိမ်း ရေးအခြေအနေ’’ ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက်က မန္တလေးမြို့ တွင် ကျင်းပစဉ် အထက်ပါအ တိုင်း ပြောကြားခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များ သည် အစိုးရအရာရှိများနှင့် ပူး ပေါင်းကာ သစ်တောများ ခုတ် ထွင်ရှင်းလင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြောင့် သစ်တောမြေ ယာ  အများအပြားဆုံးရှုံးနေကြောင်း၊ အစိုးရက ဆည်အများအပြား တည်ဆောက် လျက်ရှိသော် လည်း ရေ၀င် ရေလွှဲလမ်းကြောင်း များကို မထိန်းသိမ်းခြင်း ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း၊ သတ္တုတူးဖော်ခြင်း၊ ရွှေနှင့် အခြားတူးဖော်ရေးလုပ်ငန်းများကြောင့် မြေသယံဇာတများ ပြုန်းတီးနေ ကြောင်း ဦးတင်အေးက ဆွေးနွေး ပွဲတွင် ပြောသည်။

‘‘အစိုးရအနေနဲ့ အဆိုးဆုံး ကို မရောက်သေးတဲ့ အခုလိုအ ချိန်မှာ ဥပဒေတွေထုတ်ပြန်ပြီး အစီအစဉ်တွေ ချမှတ်လုပ်ဆောင် သင့်ပါပြီ။ သစ်တောတွေက အ ရေးကြီးတယ်ဆိုတာ သိသင့်ပါပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ဆောင်သင့်ပြီ’’ဟု ဆွေးနွေးပွဲတွင် အဓိကပါဝင်ခဲ့သူ မြန်မာနိုင်ငံ သစ်တော အ သင်းဥက္ကဋ္ဌ ဦးစိုးဝင်းလှိုင်က ပြောသည်။

ဆွေးနွေးပွဲကို သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ တက္ကသိုလ်အသီး သီးမှ ဆရာ၊ ဆရာမများ၊ စာရေး ဆရာများနှင့် သဘာဝပတ်ဝန်း ကျင်ချစ်မြတ်နိုးသူများ တက် ရောက်ခဲ့ကြပြီး သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်သော စာတမ်းများဖတ် ကြားခြင်း၊ ထိန်းသိမ်းကာကွယ် ရေးနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အလွန်အ ကျွံသစ်ထုတ်လုပ်မှုများ၊ မီးဖို ချောင်အတွက် ထင်းသုံးစွဲမှုများ ကြောင့် ၁၈၉၆ တွင် သစ်တော ဖုံးလွှမ်းမှု ဧရိယာ ၇၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅ တွင် ၄၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိတော့ ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် EA I (En-vironmental Investigation Agency) က ဖော်ပြထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List