Wednesday, August 26, 2015

အစိုးရရဲ့ ငါးနှစ်တာ ရီပို့ကတ်



ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံနဲ့အတူ ပထမဆုံးတက်လာခဲ့တဲ့ လက်ရှိအစိုးရရဲ့ သက်တမ်းငါးနှစ်ကို စာမေးပွဲစစ်ကြည့်ပါ။

- ပြည်သူလူထု စားဝတ်နေရေးနှင့် ဘ၀မြှင့်တင်မှု    - မအောင်မြင်
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲမှု  - မအောင်မြင်
- စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး...
  အစရှိသည့် ပြည်သူ့ ၀န်ဆောင်မှုမူဝါဒများ           - မအောင်မြင်
- နိုင်ငံရေးတည်ငြိမ်မှု                                      - မအောင်မြင်
- ပြည်တွင်းငြိမ်းချမ်းရေး                                   - ?

အစိုးရဟာ အတိုက်အခံခေါင်း ဆောင်နဲ့တွေ့ပြီး နိုင်ငံရေးအဖြေ ရှာမယ့် အစား တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးကို သာ တစ်ချိန်လုံးဦးစား ပေးနေတယ်လို့ လေ့လာစောင့် ကြည့်သူအချို့ရဲ့ သုံးသပ်ဝေဖန် သံတွေထွက်နေပါတယ်။ ဒါဟာ မမှားပါဘူး။ ဒါပေမဲ့လည်း ဒီငြိမ်းချမ်းရေး ဟာ လက်ရှိအစိုးရရဲ့ ခရီးစဉ်အတွက် နောက်ဆုံးရထား ပဲဖြစ်တယ်ဆိုတာကို အပေါ်က Report Card ကိုကြည့်ရင် အတိုင်းသားတွေ့ နိုင်မှာပါ။ ဒါဟာ ပုံရိပ်အဖတ်ဆယ်တိုက်ပွဲမှာ နောက်ဆုံးကျည်ဆန် ဖြစ်နေ တယ်။ နိုင်ငံတကာကို ချပြစရာ ခေါင်းစဉ်ကောင်းတစ်ခုဖြစ်နေ တယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းထဲ မှာ ၀င်ဆံ့စရာ ကမ္ဘာကြိုက်‘‘ငြိမ်း ချမ်းရေး’’ဖြစ်နေပါတယ်။ ကျန်တဲ့ ကဏ္ဍတွေ အောင်မှတ်မရခဲ့သမျှ ဒီတစ်ခုမှာ ဘယ်လိုရလဒ်ထွက်မ လဲ။ ဘာသာစုံ ဗုန်းဗုန်းကျမလား။ တစ်ဘာသာ အောင်မှတ်မီမလား။ဘယ်လိုနည်းနဲ့ အမှတ်ယူမလဲဆိုတာကို တရားဝင်အဖြေသိရဖို့ အချိန်သိပ်မလိုတော့ပါဘူး။


၂၀၁၁ မှာ နေပြည်တော်အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်း ခဲ့ပါတယ်။ မရှေးမနှောင်းပဲ အတိုက်အခံခေါင်း ဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့လည်း ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ အဲဒီ နောက် ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲနဲ့အတူ လွှတ်တော်နိုင်ငံရေး လမ်းကို ရွေးချယ်လျှောက်လှမ်း ၀င် ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲကြွေးကြော်သံဖြစ် တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး၊ ငြိမ်းချမ်းရေးနှင့် အ မျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာတွေ အတွက် လွှတ်တော်ကိုယ်စားလှယ် အဖြစ် သက်တမ်းသုံးနှစ်အတွင်း ဘာတစ်ခုမှ ထင်သလောက် လုပ် ခွင့်ပေးတာ မတွေ့ခဲ့ကြပါဘူး။ အကျင့်ပျက်ခြစားမှုတွေ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ် ပွေလီခက်နေတဲ့နိုင်ငံမှာ တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ပိုင်ခွင့်အာဏာပိုင်ပိုင်နိုင်နိုင်မရသေးသလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မှာလည်း တပ်မတော်ရဲ့ ငြင်းပယ်မှုခံခဲ့ရပါတယ်။  အဲဒီလိုပဲလက်ရှိလုပ်နေတဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) အရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရှိသေးပါဘူး။ ဒါဟာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြားက အပစ်အခတ်ရပ်စဲရေးသာဖြစ်တယ်။ ဒါပြီးတော့မှ လုပ်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကျမှသာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အားလုံးပါဝင်ကြရမှာဖြစ်တယ် ဆိုတဲ့ မူဝါဒလမ်းစဉ်မှာ လျှောက်နေကြတာကြောင့်ပါ။

ဒီနှစ်တွေအတွင်း အတိုက် အခံ၊ အုပ်ချုပ်သူ သမ္မတနဲ့ တပ် မတော်ဆိုတဲ့ ထိပ်သီးသုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးပွဲမဖြစ်ပေါ်ခဲ့သလို လွှတ်တော်ဥက္ကဋ္ဌအပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံပွဲလည်းဖြစ် မလာခဲ့ပါဘူး။ ဒါပေမဲ့ အလုပ်မဖြစ်တဲ့ ၄၈ ပွင့်တို့ ခြောက်ပွင့်တို့ တွေတော့ တွေ့ခဲ့ကြရပါတယ်။ ၂၀၁၅ မှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က နိုင်ငံတကာသ တင်းဌာနတွေနဲ့ သံအမတ်ကြီး တွေကို ပြောကြားရာမှာ နိုင်ငံရေး ကနေ တပ်မတော်နောက်ဆုတ်ဖို့ ဆိုတာ ပြည်တွင်းလက်နက်ကိုင် အရေး တည်ငြိမ်မှုနဲ့သက်ဆိုင် တယ်။ အခုအချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အချိန် မတန်သေးဘူး ဆိုတာမျိုးတွေ ပြောကြားလာခဲ့ပါတယ်။

အခုဆိုရင် နိုဝင်ဘာရွေး ကောက်ပွဲလုပ်ဖို့ နီးကပ်လာတာ နဲ့အမျှ ပြည်တွင်းမှာသန်းခေါင်ယံ အပြောင်း အလဲအပါအ၀င် အလှုပ်အခတ်ဖြစ်ရပ်တွေက ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်။ ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်မှုကိုအတိုက် အခံတွေဘက်ကလည်း လှုပ်ရှား နေပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကတစ် ဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွေ ကျင်းပတဲ့အခါမှာဖက်ဒရယ် အခြေခံတဲ့ပြည်ထောင်စု စနစ်အ ရေးဆွေးနွေးကြဖို့၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်တာ ဒါမှမ ဟုတ် အသစ်ရေးဆွဲတာမျိုးလုပ် ကြဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က မျှော်လင့်ထား ကြပါတယ်။ အဲဒီလိုပဲလွှတ်တော် တွင်းလှုပ်ရှားမှုက မြန်မာပြည်အ တွက် အလုပ်မဖြစ်သေးဘူးလို့ လက်နက်ကိုင်တချို့က သုံးသပ် လာကြ တာလည်း  တွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေးအကူးအ ပြောင်းမှာ ဒီမိုကရက်တစ်တွေက အစပြုခြေလှမ်းရန်ကြိုးပမ်းတဲ့ တွေ့ဆုံဆွေးနွေး ရေး မဟာဗျူ ဟာ(DIDS) က အလုပ်သိပ်မဖြစ် တော့ဘဲ တိုင်းရင်းသားတွေက အစပြုခြေလှမ်းကြိုးပမ်းတဲ့ တွေ့ ဆုံဆွေးနွေးရေး မဟာဗျူဟာ (EIDS) ကို သာ    အားကိုးရတော့ မယ့်  ပုံပေါက်နေပြီလို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေက သုံးသပ်လာ ကြတယ်။

‘‘ဒီမိုကရေစီရရင် တော်ပြီ လို့ တချို့က ပြောနေတယ်။ တိုင်း ရင်းသားအခွင့်အရေးမရသရွေ့ ဒီမိုကရေစီ မရနိုင်ဘူး’’လို့ NCA ကို လက်မှတ်ရေးထိုးမယ်လို့ ပြီးခဲ့ တဲ့တစ်ပတ်က ကြေညာခဲ့တဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်က ပြောပါတယ်။ ‘‘တိုင်းပြည်ရှေ့ကိုသွားနိုင်ဆို ဒီဟာတစ်ခုပဲ ထွက်ပေါက်ရှိ တယ်။ ကျန်တာမရှိတော့ဘူး’’ လို့ သူကဆက်ပြောတယ်။

အခုဆိုရင် NCA ကိုလက် မှတ် ရေးထိုးကြဖို့အတွက် အစိုးရ ဘက်က ဈေးဆစ်ညှိနှိုင်းမှုတွေရှိ နေပြီး ဒီနေရာမှာတိုင်းရင်းသား တွေအတွက် စဉ်းစားရကျပ်စေတဲ့ အရာတွေလည်းပါဝင်နေပါတယ်။ ဥပမာ-ပြီးခဲ့တဲ့မတ်လကတည်းက အကြမ်းဖက်ဖမ်းဆီး၊ သာယာဝ တီထောင်မှာ  အကျဉ်းချထားတဲ့ အမျိုးသား ပညာရေးဥပဒေအပေါ်ဆန့်ကျင်ဆန္ဒပြကျောင်းသားတွေကို လွှတ်ပေးရေး၊မလွှတ်ပေးရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ရေးထိုးမှု၊မရေးထိုးမှုနဲ့ ချိတ်ဆက် လိုက်တဲ့အပေးအယူမျိုးဖြစ်လာ တယ်လို့ အတွင်းသတင်းရင်းမြစ် တွေဆီကကြားလာရပါတယ်။

‘‘ကျွန်တော်တို့ NCA လက် မှတ်ရေးထိုးတဲ့နေ့ ကျောင်းသား တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ် လို့ပြောတယ်’’လို့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအမြဲပါဝင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်သူကပြောပါတယ်။ ‘‘အဲဒီတော့တစ်ဖက်ကကြည့်ရင် မင်းတို့မထိုးလို့ ငါတို့မလွတ်ဘူးဖြစ် ဦးမယ်’’လို့ သူကဆက်ပြောပါတယ်။

နောက်တစ်ခုကတော့ NCA ကို လက်မှတ်ထိုးတာနဲ့တစ်ပြိုင် နက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို မတရားအသင်းအ ဖြစ်ကနေ ပယ်ဖျက်ပေးမယ်ဆိုတဲ့ ဈေးဆစ်ချက်တွေပါ။ မတရားအသင်းကနေ ပယ်ဖျက် လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ နိုင်ငံတွင်းလွတ်လွတ် လပ်လပ်သွားလာခွင့်၊ နိုင်ငံ တကာ အဖွဲ့အစည်းတွေနဲ့ တရား ၀င်ဆက်သွယ်ခွင့် စတာတွေအပါ အ၀င် ရလဒ်ကောင်းတွေ အများ အပြားရလာမယ်လို့ မက်လုံးပေး ထားပါတယ်။

ဒီအချက်ကို အစိုးရရဲ့ငြိမ်း ချမ်းရေးစေ့စပ်ညှိနှိုင်းရေးအကြီး အကဲဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဇာရှိတဲ့အမေ ရိကန်မဂ္ဂဇင်း Foreign Policy မှာလည်း မကြာသေးမီက ရေး သားခဲ့ပါသေးတယ်။ သူရေးသား သမျှဟာ အစိုးရရဲ့ တရားဝင်ပေါ် လစီဖြစ်တယ်လို့ ၀န်ကြီးကဆိုခဲ့ပါ တယ်။

ဇူလိုင်လက မြန်မာနိုင်ငံတစ် ၀န်းက အလွှာပေါင်းစုံ ပြည်သူ ၁၀၀ ကျော်ကို 7 Day Daily က ကျပန်း မေးမြန်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ အများစုက မြန်မာ့ နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ် ကနေ သွေဖည် နေပြီလို့ ဖြေခဲ့ကြ ပြီး  အကြောင်းရင်းက  လက်ရှိ အစိုးရကြောင့်၊  ပြည်တွင်းစစ် ကြောင့်လို့ ဖြေခဲ့ကြပါ တယ်။လွှတ်တော်ရဲ့ မပီပြင်တဲ့လုပ်ဆောင်ချက်တွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း ကြောင့်၊ စီးပွားရေးမကောင်းတာကြောင့်လို့  ဖြေဆိုသူတွေလည်း ရှိခဲ့ပါတယ်။  ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံ ရေးမတည်ငြိမ်မှုတွေ၊  ပဋိပက္ခ တွေဖြစ်မှာစိုးရိမ်တယ်လို့လည်း ပြည်သူအများစုက  ဖြေခဲ့ကြ တယ်။  လက်ရှိအချိန် ပြည်သူတွေ အဓိကကြုံတွေ့နေ ရတဲ့ ပြဿနာ က စီးပွားရေးပြဿနာလို့ ပြည်သူ ၁၀၀ ရဲ့  ငါးပုံလေးပုံက ဖြေခဲ့ကြ ပါတယ်။ စားဝတ်နေရေးနဲ့ ကုန် ဈေးနှုန်းကြီးမြင့်မှုကို အများစုက ထောက်ပြခဲ့ကြပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ဆင်း ရဲနွမ်းပါးမှုပပျောက်ရေးဆောင်  ပုဒ်ကိုလည်း ကျယ်ကျယ်လောင် လောင် ဟစ်ကြွေးခဲ့ပါတယ်။ စီး ပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု ဟာ  စီးပွားရေးတိုးတက်ခွင့်ကို ပေးခဲ့ပါတယ်။  နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င် လာခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြွေး ဖောင်းပွမှုကလည်း  အရှိန်မြင့် လာနေပါတယ်။ လူသားရင်းမြစ် ဖွံ့ဖြိုးဖို့က တိုင်းပြည်ရဲ့ အဓိက စိန်ခေါ်ချက်တစ်ရပ်ဖြစ်နေပြန် တယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ် (ADB) က သုံးသပ်ထားပါ တယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်း ပါးမှုမျဉ်းနားမှာ ရှိနေတဲ့အိမ် ထောင်စုပေါင်းမြောက်မြားစွာရှိ နေပြီးအိမ်ထောင်စု တွေရဲ့ လူမှု ဖူလုံရေးဟာလည်း စီးပွားရေးအ လှုပ်အခတ်ဒဏ်ကြောင့် ထိလွယ် ရှလွယ်အနေအထားမှာ ရှိတယ် လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါ တယ်။ ကျေးလက်ဒေသက နွမ်း ပါးသူတွေဟာ စိုက်ပျိုးရေးပေါ် မှီ ခိုမှုရှိတာကြောင့် သူတို့ရဲ့ စားသုံး မှုကို လတ်တလောငွေကြေး ဖောင်းပွမှုဖိအား ရိုက်ခတ်မှုကနေ အကာအကွယ်တချို့ရှိနေနိုင်ပါ တယ်။ ဒါပေမဲ့ မြို့ပြက နွမ်းပါးသူ တွေအတွက်ကတော့ လတ်တ လောကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေ ကြေးဖောင်းပွမှုက ပြင်းပြင်းထန် ထန် သက်ရောက်စေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံမရှိ တရှိကသာ လျှပ်စစ်ဓာတ်အား သုံးနိုင်ပြီး နိုင်ငံမြေဧရိယာစတု ရန်းကီလိုမီတာ ၁၀၀၀ အနက် ၂၁၉ ဒသမ ၈ ကီလိုမီတာလောက် သာ လမ်းပေါက်ပါသေးတယ်။ လက်ရှိအစိုးရသက်တမ်းအတွင်း ပြည်သူလူထုဘ၀တိုးတက်မှုတစ် စုံတစ်ရာ မရှိသေးတာက ထင် သာမြင်သာရှိလှပါတယ်။

ငြိမ်းချမ်းရေးကိုရေရှည်ထိန်း သိမ်းဖို့အတွက်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ယဉ်ကျေးမှုအ သီးသီးကို ထိန်းသိမ်းဖို့၊ တိုင်းရင်း သားဒေသတွေက သယံဇာတရင်း မြစ်စီမံခန့်ခွဲမှု သဟဇာတဖြစ်ဖို့ ကလည်း အရေးပါလှပါတယ်။ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက် မှုဆိုတာ ရေမရှည်မတည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေး ဇူးတွေကနေ ထွက်ပေါ်မြင့်တက် လာတဲ့ အိုင်ဒီယာတစ်ခုဖြစ်ပါ တယ်။ ကမ္ဘာမြေရဲ့ အကန့်အ သတ်ရှိတဲ့ ရင်းမြစ်တွေကို အကုန် သုံးပစ်လုနီးနီးအချိန် ရောက်လာ တဲ့အထိ လူသားတွေဟာ ဆင်ခြင် တုံတရားမရှိ၊ ရှေ့မကြည့်နောက် မကြည့်၊ သယံဇာတရင်းမြစ်တွေ ကို သုံးစွဲပစ်တဲ့အခါ လူသားမျိုး နွယ်တွေအတွက် ပြဿနာအများ အပြားဖြစ်ပေါ်စေပါတယ်။ မြန် မာနိုင်ငံမှာလည်း အလားတူပြဿ နာကို အစိုးရအဆက်ဆက်က ဖန် တီးနေခဲ့ပြီးစီမံကိန်းအကြီးစား အ များစုဟာ တိုင်းရင်းသားဒေသ တွေမှာဖြစ်နေတယ်။ မြန်မာနိုင်ငံ မြေပုံမှာ ထောက်ကြည့်ရင်အ တိုင်းသားမြင်ရမှာပါ။

နိုင်ငံမှာ အစွန်းရောက် ဘာ သာရေး၊ လူမျိုးရေး ပဋိပက္ခက လည်း ငုပ်နေတဲ့ ဖွဲမီးလိုဖြစ်နေ ပါတယ်။ အာဏာရှိသူတချို့က ဒါကို လက်နက်တစ်ခုလို နောက် ကွယ်ကနေ လိုသလိုအသုံးချနေ တယ်လို့ ဆန်းစစ်လေ့လာသူ အ မျးအပြားက ယုံကြည်ထားကြပါ တယ်။ ဒီလိုစိတ်မချရတဲ့ မတည် ငြိမ်မှုကို ရပ်ပစ်ဖို့ မဆောင်ရွက် တာ၊ ဒါမှမဟုတ် ရှောင်ရှားဖို့နည်းလမ်းတွေ မဖန်တီးတာဟာ နိုင်ငံ ရေးမတည်ငြိမ်မှုဆီ ဦးတည်သွား စေနိုင်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံ တွေရဲ့ ဖြစ်စဉ်တွေမှာ အတိုင်း သားတွေ့ရပါတယ်။ အကျိုး ဆက်အနေနဲ့ ဒီလိုကြိုတင်မမြင် နိုင်တဲ့ အခြေအနေတွေဟာ တစ် နိုင်ငံလုံးက ရွေးကောက်တင် မြှောက်တင်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်း၊ လွှဲယူ လိုက်တာမျိုးအထိ ဦးတည်သွား စေနိုင်ပါတယ်။ ဒါ့အပြင် အသိုက် အ၀န်းတွေကြား အမုန်းတရား၊ လူမှုသဟဇာတမဖြစ်မှုနဲ့ စနစ် တွေမအောင်မြင်မှု ဖြစ်နေချိန်မှာ ပဲ။ အစိုးရစနစ်တွေနဲ့ ယန္တရားတွေ လုံးဝမအောင်မြင် ဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ အာရှ-ပစိဖိတ် နိုင်ငံတွေကို လေ့လာမှုအရတော့ဒီလိုအခြေအနေကိုကျော်လွှားပြီး နိုင်ငံရေးတည်ငြိမ်မှုလုံခြုံမှုရဖို့ဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေနဲ့ စည်းလုံးပူးပေါင်းဖို့က အရေးကြီးပါတယ်။ ဒါကလည်းလွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကတစ်ဆင့်မှသာ ရနိုင်မှာပါ။

ဈေးကွက်ရှေ့ဆောင်စီးပွား ရေးပြုပြင်ပြောင်းလဲမှုအောင်မြင် ခြင်းဟာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ တခြားကဏ္ဍတွေက လုံခြုံမှုတွေ အတွက် ရှေ့တော်ပြေးလည်းဖြစ် နိုင်တယ်လို့ ပညာရှင်တွေက ဆို ပါတယ်။ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံ ရေးနဲ့ တခြားပဋိပက္ခတွေဟာ စီး ပွားရေးတိုးတက်မှုနဲ့ အတူယဉ်တွဲ ရှိနေတာကြောင့် အလွန်အကျွံ ခြုံ ငုံကောက်ချက်ဆွဲချလို့လည်း မရ ပါဘူး။ ကမ္ဘာ့သက်တမ်းအရှည် ဆုံး ပြည်တွင်းစစ်ကို အဆုံးသတ် နိုင်ခြင်းဟာ မြန်မာ့နိုင်ငံရေး၊ စီး ပွားရေး လမ်းကြောင်းမှန်ပေါ် ရှိ နေစေဖို့အတွက် အကြောင်းရင်း တွေထဲက တစ်ရပ်ဖြစ်တယ်လို့ ပြည်သူ့စစ်တမ်းအရ တွေ့နေရပါ တယ်။ ဥပမာ ဂျပန်နိုင်ငံ တိုကျို ကနေ တူရကီနိုင်ငံ အစ္စတန်ဘူလ် အထိ ပေါက်တဲ့လမ်းမကြီးဟာ မြန်မာနိုင်ငံကို ဖြတ်သန်းထားပါ တယ်။ အာရှအဝေးပြေးလမ်းမ ကြီးရဲ့ မြန်မာနိုင်ငံလမ်းပိုင်းကို ဖွင့်လှစ်ဖို့ ရက်ပိုင်းသာလိုတော့ တဲ့အချိန်မှာပဲ ကရင်ပြည်နယ် မြ၀တီက အာရှလမ်းမကြီးလမ်း ပိုင်းပေါ်မှာ လက်နက်ကိုင်တိုက် ပွဲတွေ ရက်ဆက်ဖြစ်ပေါ်ခဲ့ပါ တယ်။ ဒါဟာ လက်နက်ကိုင် ပဋိ ပက္ခ၊ စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံ ခြားရေးတွေ ဆက်စပ်နေတဲ့ ဥပမာတစ်ရပ်ပဲဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ဟာ ‘‘မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ပြုလုပ်နေတဲ့အချိန် နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ပိုအ ရေးကြီးပြီး အကဲဆတ်တဲ့အနေ အထားဖြစ်နေတယ်’’လို့ NCA ဆွေးနွေးပွဲတွေမှာ ပါဝင်တက် ရောက်နေသူ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက ပြီးခဲ့တဲ့ ရက်အတွင်းက နယူးယောက် တိုင်းမ်မှာ ရေးသားခဲ့ပါတယ်။

‘‘တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ရေး ထိုးခြင်းဆိုင်ရာ ဖြစ်စဉ်ဟာ ပျက် စီးသွားရင် နိုင်ငံအတွင်း ပဋိပက္ခ တွေ တစ်ဟုန်ထိုးမြင့်မားသွားစေ နိုင်ပါတယ်။ ဒီပဋိပက္ခတွေဟာ အခုလို မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲခြင်းဖြစ်စဉ်နဲ့အတူ ဟန် ချက်ညီညီ ရှိနေမှု၊ စီးပွားရေးဖွံ့ ဖြိုးမှုတို့ ကြိုးစားဆောင်ရွက်နေ ချိန်မှာ လုံးဝအဖြစ်မခံနိုင်ပါဘူး။ အခုအချိန်မှာ နောက်ကြောင်း ပြန်လှည့်ရင် လက်ရှိပိုင်ဆိုင်ထား အခြေအနေကို ပြန်လည် ရောက်ရှိဖို့ နှစ်ပေါင်းများစွာ ထပ် မံ အချိန်ယူရဦးမှာပါ’’လို့လည်း ဒေါက်တာသန့်မြင့်ဦးက သတိ ပေးထားပါတယ်။

လတ်တလောမှာ လက်နက် ကိုင်အဖွဲ့ပေါင်း အရေအတွက် ဘယ်လောက်က NCA ကို လက် မှတ်ထိုးကြမလဲဆိုတာနဲ့ပတ် သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ နှစ်ဖက် မူဝါဒကွဲ လိပ်ခဲတည်း လည်းဖြစ်နေပါတယ်။ တိုင်းရင်း သားတွေဘက်က ၂၁ ဖွဲ့စလုံး ဒါမှမဟုတ် ၁၇ ဖွဲ့လက်မှတ်ရေး ထိုး လိုပြီး အစိုးရဘက်က ၁၅ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးမယ့်မူ အပေါ်ရပ်တည်နေပါတယ်။ ဒါ့အ ပြင်သြဂုတ် ၁၉ ရက်က မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ်နဲ့ တပ်ချုပ် ဗိုလ်မှူးကြီးမင်းအောင်လှိုင် တွေ့ ဆုံရာမှာ NCA လက်မှတ်ထိုးပြီး ရင် DDR၊ SSR လုပ်ငန်းစဉ်ကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ရ မယ်။ ဒီမိုကရေစီလမ်းကြောင်းကို လက်ခံတယ်ဆိုပြီး လက်နက်မ စွန့်လို့ မရနိုင်လို့ တပ်ချုပ်က ပြော ခဲ့ပါတယ်။ 

ဒီအချက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်က အာရုံစိုက် စရာဖြစ်နေစေ ပါတယ်။ သြဂုတ် နောက်ဆုံး ပတ်အတွင်း နေပြည်တော်မှာ သမ္မတ၊  တပ်ချုပ်တို့နဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဘက်က ထိပ်သီးခေါင်းဆောင် ရှစ်ဦး တွေ့ ဆုံမယ့်ပွဲအတွက်တောင် ဆုံးဖြတ် ချက်မချနိုင်သေးတဲ့အထိ ဖြစ် သွားစေခဲ့ပါတယ်။

‘‘အကုန်လုံးက စိန်ခေါ်ချက် တွေချည်းပဲ။ အကုန်လုံးက ဘာမှ အာမခံချက်မရှိဘူး။ ဒါပေမဲ့ ဒီက နေသွားရင် အဖြေရနိုင်တဲ့အတွက် ဒီလမ်းကနေ သွားရတာဖြစ်ပါ တယ်’’လို့ NCA လက်မှတ်ရေးထိုး မယ့်အကြောင်း ခပ်စောစောကြေ ညာခဲ့တဲ့ သြဇာကြီးတဲ့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဗဟိုကော်မတီ၊ ၀ါရင့်လက်နက် ကိုင်ခေါင်းဆောင်တစ်ဦးက ပြော ပါတယ်။

ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟာ တပ်မတော်အနေနဲ့ နိုင်ငံရေး မှာ နေရာယူထားတာကနေ သိ က္ခာရှိရှိ နောက်ဆုတ်သွားဖို့အ တွက် လမ်းစတစ်ခုဖြစ်တယ်လို့ ယုံကြည်နေသူ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ် ဦးကတော့ ယခုလိုပြောလာပါ တယ်။

‘‘ရွှေဘက ပွဲတိုင်းနိုင်တာပဲ လေ။ မြန်မာနိုင်ငံမှာ ရွှေဘက တစ်ယောက်တည်းရှိတယ်။ အခု က စစ်တပ်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်။’’

7Day News Journal

No comments:

Post a Comment

My Blog List