Tuesday, August 25, 2015

NDAA တာဝန်ရှိသူများက မိုင်းလားတွင် ရွေးကောက်ပွဲကျင်းပခွင့်မပြုနိုင်ဟု ဆို


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွင်း ပါဝင်သည့် မိုင်းလားမဲ ဆန္ဒနယ်တွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ရန်အတွက် ကော်မရှင်မှ ကိုယ်စား လှယ်လောင်းစာရင်း တင်သွင်းခွင့်ပြုခဲ့ သော်လည်း မိုင်းလားြီဗဗ( ရှမ်း ပြည်နယ် အရှေ့ပိုင်မဟာမိတ် ဒီမိုက ရက်တစ်တပ်ပေါင်းစု) တာဝန်ရှိသူများ က ရွေးကောက်ပွဲ ကျင်းပ ခွင့်မပြုနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် အတွင်း ပါဝင်သည့် မိုင်းလားမြို့နယ် တွင် ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒနယ်တစ်ခုအဖြစ် ကော်မရှင်က သတ်မှတ်ထားသော်လည်း၊ မိုင်းလားအမည်ရ အထူးဒေသ ၄ သည် ရွေးကောက်ပွဲကျင်းပရန် အခြေအနေနှင့် မပြည့်စုံကြောင်း၊ အခြေချ ဖွင့်လှစ်ထားသည့် ပါတီလည်းမရှိ ကြောင်း၊ စည်းလုံးညီ ညွတ်သော ငြိမ်းချမ်းရေးပါတီသည်လည်း နိုင်ငံရေးပါတီ မဟုတ်ဘဲ တပ်ထုအား ထိန်းကျောင်းသည့် ပါတီသာ ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမပြည့်စုံဟု မိုင်းလား NDAA ဌာနချုပ် အရာရှိကြီးတစ်ဦး၏ ပြောဆိုချက်များအရ သိရသည်။

မိုင်းလားမဲဆန်္ဒနယ်တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် SNLD ပါတီမှ ကိုယ်စားလှယ် လောင်းစာရင်း သွားရောက်တင်သွင်းစဉ် မိုင်းလား NDAA မှ တာဝန်ရှိသူများက လက်ခံကျင်းပပေးမည် မဟုတ်ဟု အကြောင်းပြန်ခဲ့ကြောင်း SNLD ပါတီထံမှ သိရသည်။

မိုင်းလားတွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါက ပြည်သူ့လွှတ်တော် ၁ နေရာ ပြည်နယ်လွှတ်တော် ၂ နေ ရာတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော်လည်း ရွေးကောက်ပွဲ လက်ခံကျင်းပ ခွင့်မပြုခဲ့သည့် မိုင်းလား NDAA အဖွဲ့အပေါ်တွင် နားမလည်နိုင်ကြောင်း SNLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုသည်။

မိုင်းလားဒေသသည် ၂၀၁၀ ခုနှစ်ကလည်း ရွေးကောက်ပွဲ လက်ခံကျင်းပ ခဲ့ခြင်းမရှိသည့် ဒေသဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း NDAA-ESS အမည်ရ မိုင်းလားတပ်ဖွဲ့က အုပ်ချုပ် ထိန်းချုပ်ထားသည့် ဒေသလည်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံထားသည့် မိုင်းလားဒေသတွင် အစိုးရက မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မိုင်းလားမြို့နယ် တစ်မြို့နယ်သာရှိပြီး NDAA အဖွဲ့က သတ်မှတ်ချက်အရမူ မိုင်းလား၊ ဆီလူး၊ မိုင်းမမြို့ သုံးမြို့ကို မြို့နယ်အဖြစ် သတ်မှတ်ထားသည်ဟု ရှမ်းပြည်အခြေစိုက် မီဒီယာများကဆိုသည်။

မိုင်းလားဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး ကိုးကန့် MNDAA အဖွဲ့ကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ခတ်ရပ်စဲ မှုပြုလုပ်ထားသည်။

ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List