Wednesday, August 26, 2015

သပိတ်မှောက်ကျောင်းသားများအရေးတရားစွဲဆိုမှုပယ်ဖျက်ရန် တောင်းဆိုမှု စက်တင်ဘာ ၁ ရက်တွင် မြို့နယ်တရားရုံး၌ ဆုံးဖြတ်မည်


သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအား တရားစွဲဆိုထားခြင်းကို ပယ်ဖျက်ပေးရန် လျှောက် လွှာတင်တောင်းဆိုမှုကို စက်တင်ဘာ ၁ ရက်တွင် တိုင်းဒေသကြီးတရားရုံးသို့ တင်သင့်၊ မတင်သင့် သာယာဝတီ မြို့ နယ်တရားရုံး၌ ဆုံးဖြတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများအား တရား စွဲဆိုမှုသည် ဥပဒေနှင့်မညီသော ကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပ ဒေပုဒ်မ ၅၆၁ (က)အရ ပယ်ဖျက် ပေးရန် သြဂုတ် ၁၈ ရက်တွင် တရားလွှတ်တော် ရှေ့နေ ဦးလှမျိုး မြင့်က သာယာဝတီမြို့နယ်တရား ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ သည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများအား သာယာဝတီမြို့နယ် တရားရုံး၌ သြ ဂုတ် ၂၅ ရက် တွင် (၁၉)ကြိမ် မြောက် ရုံးထုတ်စစ်ဆေးသည့် ရုံး ချိန်း၌ အဆိုပါလျှောက်လွှာနှင့် ပတ်သက်၍ နှစ်ဖက် ရှေ့နေများ အပြန်အလှန်လျှောက်လဲချက် ပေးခဲ့ပြီး သာယာဝတီမြို့နယ် တရားသူကြီးက တိုင်းဒေသကြီး တရားရုံးသို့ ဆက်လက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ် ကြောင်း တရားလွှတ်တော်ရှေ့ နေဦးလှ မျိုးမြင့်က ပြောသည်။

‘‘အရင်တစ်ပတ်ကတင်တဲ့ လျှောက်လွှာအတိုင်းပဲ အကျယ် ချဲ့ပြီး ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ထည့်ပြီး တော့ လျှောက်လဲ ချက်ပေးတယ်။ အဲဒီလျှောက်လွှာ ကို အပေါ်ကိုဆက်တင်မယ်။ မ တင်ဘူးဆိုတာကို စက်တင်ဘာ ၁ ရက်ရုံးချိန်းကျရင် အမိန့်ချမယ်’’ ဟု ၎င်းက ပြောသည်။

သြဂုတ် ၂၅ ရက်တွင် သာယာဝတီမြို့နယ် တရားရုံး၌ ပြု လုပ်သည့် ရုံးချိန်းတွင် တရားလို လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်အား တရားခံရှေ့နေ တစ်ဦးဖြစ်သည့် တရားလွှတ် တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ဆက်လက်မေးမြန်းခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့သည်။

အဆိုပါရုံးချိန်းအပြီးတွင် ကျောင်းသားသပိတ်ကို ဖြိုခွင်းစဉ် ကျောင်းသား များနှင့် ၀န်းရံပြည် သူများအား ရိုက်နှက်ဖမ်းဆီးခဲ့ သောကြောင့် ပြည်ထဲရေး ၀န်ကြီး ဌာန ဒုရဲမှူးကြီး နန္ဒ၀င်း၊ ရဲတပ်ရင်း (၁၀) နှင့် (၁၁) တို့ကို အရေးယူ ပေးရန် သာယာဝတီမြို့နယ် တရားရုံးသို့ လျှောက်လွှာတင်ခဲ့ သည်။

‘‘ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ အရေးယူရမှာကို ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို ရိုက် တယ်။ အဲဒီလို ရိုက်လို့ရ တဲ့ ဒဏ်ရာတွေက ဖျောက်ပစ်လို့ မရဘူး။ မှတ်တမ်းအထောက်အ ထားတွေလည်း ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုရဲမှူး ကြီးနန္ဒ၀င်း၊ ရဲတပ်ရင်း (၁၀)နှင့် (၁၁)ကို အရေးယူပေးဖို့ တရား လွှတ်တော် ရှေ့နေ ဒေါ်ခင်ခင် ကျော်က ဒီနေ့ ရုံးချိန်းမှာ လျှောက် လွှာတင်ပါတယ်’’ဟု တရားလွှတ် တော် ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

အဆိုပါ လျှောက်လွှာနှင့်ပတ်သက်၍ လာမည့်စက်တင်ဘာ ၁ရက် ရုံးချိန်းတွင် နှစ်ဖက် ရှေ့နေများ အပြန် အလှန်လျှောက် လဲချက်ပေးမည်ဖြစ်သည်။

သြဂုတ် ၂၅ ရက်တွင် သာယာဝတီမြို့နယ်တရားရုံး၌ ပြုလုပ်သည့်ရုံးချိန်းတွင် သပိတ်မှောက်ကျောင်းသား ခေါင်း ဆောင် မဖြိုးဖြိုးအောင်၏ (၂၇) နှစ်ပြည့် မွေးနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသား များအပါအ၀င် ၀န်းရံပြည်သူများ နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီး ခံရ သည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်တို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါ ၀င်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ် စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်း ဆောင်နေသော ၀န်ထမ်းကို နာ ကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List