Wednesday, August 26, 2015

အမေရိကန် ပိတ်ဆို့မှုကို အန်တုရင်း လက်တံပိုရှည်လာတဲ့ ခရိုနီကြီးများ


စတီဗင်လော်(ဦးထွန်းမြင့်နိုင်)ဟာ နာမည်ပေါင်း ၂၄ မျိုးလောက်ပိုင်ဆိုင်ပြီး တစ်ကိုယ်တော် ရပ်တည်တတ် သူတစ်ယောက် ဖြစ်ပါတယ်။ အမေရိကန်ရဲ့ သံတမန်ရပ်ဝန်းက ပေါက်ကြားလာမှုတွေအရ သူဟာ Asia World စီးပွားရေး လုပ်ငန်းစုကြီးကို ဦးဆောင်ပြီး မြန်မာစစ်အစိုးရ လက်ထက်က ထိပ်တန်း အကျဆုံး ခရိုနီတစ်ယောက်အဖြစ် သတ်မှတ်ခံရသူပါ။ 

မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးမှာ နွေးထွေးမှုတွေရှိလာတဲ့တိုင် Asia World ကုမ္ပဏီဟာ အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ခံနေရဆဲဖြစ်ပါတယ်။ မစ္စတာလော်ရဲ့ ဖခင်ဖြစ်သူဟာလည်း မူးယစ်ရာဇာ တစ်ယောက်အဖြစ် လူသိများပြီး အမေရိကန် အာဏာပိုင်တွေကတော့ ဟီးရိုးအင်းရဲ့ ဂေါ့ဒ် ဖားသားအဖြစ် ခေါ်ဝေါ်ကြပါတယ်။

ဒါကြောင့်လည်း ပြုပြင်ပြောင်းလဲရေး လမ်းစဉ်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံခဲ့တဲ့ နှစ်အနည်းငယ် ကာလအတွင်း မက်မောစရာ အကောင်းဆုံး လုပ်ပိုင်ခွင့် စာချုပ်တစ်ရပ်ကို Asia World ကုမ္ပဏီအတွက် သတ်မှတ်ပေးလိုက်ခြင်းက အံ့ဩစရာတချို့ ရှိလာပါတယ်။ အဲဒါကတော့ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကြီးကို မွမ်းမံအဆင့်မြှင့်ဖို့ ဒေါ်လာ သန်း ၃၀၀ နီးပါး တန်ဖိုးရှိ တဲ့ စီမံကိန်းကို လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းပါပဲ။

မြန်မာအစိုးရက ငှားရမ်းထားတဲ့ အကြံပေး အဖွဲ့အစည်း တစ်ခုဟာ ဂျပန်က Toyota Tsusho ကော်ပိုရေး ရှင်းအပါအဝင် နိုင်ငံတကာ လုပ်ငန်းကြီးတွေ ထက် အမှတ်ပိုပေးပြီး မစ္စတာ လော်ကို ငှားရမ်းဖို့ တိုက်တွန်း ခဲ့တာဖြစ် တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလုပ်ပိုင်ခွင့်အတွက် ပါဝင်ယှဉ်ပြိုင်ရင်း အရေး နိမ့်သွားသူတွေထဲမှာ Boeing ကော်ပိုရေးရှင်း၊ မြန်မာနဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာတဲ့ အမေရိ ကန်ရဲ့မူဝါဒပိုင်းမှာ အဓိက ဗိသုကာတစ်ဦး ဖြစ်ခဲ့သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကတ်ကမ့် ဘဲလ် တို့လည်း ပါဝင်ပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ Asia World ကို ရွေးချယ်လိုက်ခြင်း ဟာ ကြောင်းကျိုး ဆီလျော်မှု ရှိတယ်လို့ ဆိုပါ တယ်။

လက်ရှိ လေဆိပ်ကို စီမံထိန်းချုပ်နေတဲ့ ကုမ္ပဏီဟာ နိုင်ငံ ရပ်ခြားက လုပ်ငန်းကြီးတွေနဲ့ မတူဘဲ ပရောဂျက် အတွက် စာချုပ် လက်မှတ်မထိုးခင် ကတည်းက ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ အစပြုဖို့ လိုလိုလားလား ရှိနေ ခဲ့တာကြောင့်လို့ အကြောင်းပြပါ တယ်။ မစ္စတာလော်ရဲ့ ကိုယ်စားလှယ် တစ်ယောက်ကတော့ ဒီကိစ္စတွေ အတွက် ဖြေရှင်းမှတ် ချက်ပေးဖို့ သင့်တော်တဲ့ အချိန် မဟုတ်သေးဘူးလို့ ပြောပါတယ်။ အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းမှုမှာတော့ Asia World ရဲ့ ကိုယ်စားလှယ် တစ်ယောက် က ကုမ္ပဏီဟာ တပ်မတော်၊ ဒါမှမဟုတ် လက်ရှိ အစိုးရဆီက မျက်နှာသာပေး ဆက်ဆံခံရတာ တစ်စုံ တစ်ရာ မရခဲ့ကြောင်း ဖြေကြား ထားပါတယ်။

Asia World ဟာ မြန်မာ နိုင်ငံရဲ့ ဥပဒေ သတ်မှတ်ချက်တွေအတိုင်း နည်းလမ်းမှန်မှန် ဆောင် ရွက်ခဲ့တာ ဖြစ်ကြောင်းလည်း အီးမေးလ်မှာ ရေးသားထားပါတယ်။

ပြီးတော့ Asia World ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ ဒီကနေ့ ခေတ်မှာ စီးပွားရေး ပွင့်လင်းမှု ပိုရှိလာတာကို ကြိုဆိုကြောင်းနဲ့ အခုလို ပြိုင်ဘက် ကောင်းတွေ ရှိလာတဲ့ အနေအထားမှာ ကောင်း ကောင်းကြီး ယှဉ်ပြိုင် နိုင်မယ်လို့ ယုံကြည်ကြကြောင်းလည်း ကုမ္ပ ဏီရဲ့ ကိုယ်စားလှယ်က ပြန် ကြားထားပါတယ်။

ဝါရှင်တန်က အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံအပေါ် ပိတ်ပင်မှုတွေ ၂၀၁၂ ကစပြီး တစ်စထက်တစ်စ လျှော့ချပေး လာတဲ့နောက် ဝေါလ်စထရိ ဂျာနယ်အနေနဲ့ သတိပြုမိတာတစ်ချက် ရှိပါတယ်။ အဲဒါကတော့ အမေရိကန်ရဲ့ နာမည်ပျက်စာရင်း မှာ ထည့်သွင်းခံထားရတဲ့ စီးပွား ရေး လုပ်ငန်းကြီးတွေဟာ ဆက် ရှိ ရှင်သန်အားကောင်းနေဆဲ ဆို တာပါပဲ။ တချို့ဆိုရင် နိုင်ငံစီးပွားရေး ကဏ္ဍမှာ သူတို့ ချုပ်ကိုင်ထားတဲ့ အစိတ်အပိုင်းတွေကို ပိုပြီး ကြီးမားတိုးတက်အောင် လုပ် ဆောင်လာနိုင်ခဲ့ပါတယ်။

ဒါဟာ မူလမျှော်လင့်ထား တဲ့ အစီအစဉ်အတိုင်းတော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရ ဟာ ၂၀၁၁  အရပ်သားအစိုးရ တက်လာချိန်မှာ မြန်မာနိုင်ငံအ တွင်း အမေရိကန်ရင်းနှီးမြှုပ်နှံမှု တွေကို တစ်ကျော့ပြန် ခွင့်ပြု ခဲ့ပေမယ့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တော့ အထူးသတ်မှတ်ချက် စာရင်းမှာ အကျုံးဝင်တဲ့ နိုင်ငံသား တချို့ကို ပိတ်ပင်မှုတွေ ဆက်လက် တည်ရှိနေစေခဲ့ ပါတယ်။

အဲဒီ ပိတ်ဆို့မှုတွေအရ အ မေရိကန် နိုင်ငံသားတွေဟာ မစ္စ တာလော်နဲ့ သူ့ရဲ့ ကျယ်ပြောလှတဲ့ လုပ်ငန်းခွဲ ကွန်ရက်တွေနဲ့ ပူး ပေါင်း အလုပ်လုပ်ခွင့် မရှိပါဘူး။ တစ်နည်းအားဖြင့် လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ ကြောင်း စွပ်စွဲခံရတဲ့ အရင်အစိုးရ ဆီက တရားဝင် မဟုတ်ဘဲ အ မြတ်အစွန်း ရယူနိုင်ခဲ့သူတွေ၊ မ ဟာမိတ်တွေကို စီးပွားရေး ကဏ္ဍမှာ အခက်အခဲတွေ ကြုံတွေ့ အောင် ရည်ရွယ်လုပ်ဆောင်ထား တာပါ။ အမေရိကန် ခေါင်းဆောင် ပိုင်း တော်တော်များများကတော့ ဒီပိတ်ပင်မှုတွေဟာ မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်း စဉ်တွေကို လိုက်နာ ဆောင်ရွက်မှု မရှိတော့ဘူးဆိုရင် ပိုပြီး ထိထိ ရောက်ရောက် ကိုင်တွယ် အရေး ယူနိုင်ခွင့် ရှိလာစေမယ်လို့ ယုံ ကြည်နေပါတယ်။ ဒါ့အပြင် ပွင့် လင်းမြင်သာတဲ့ စီးပွားရေး ပတ် ဝန်းကျင်မျိုး ဖြစ်ပေါ်လာစေပြီး မြန်မာနိုင်ငံကို အနောက်အုပ်စု ကုမ္ပဏီ လုပ်ငန်းစုကြီးတွေနဲ့ ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိလာအောင် လှုံ့ဆော်နိုင်ဖို့လည်း ဖြစ်ပါတယ်။

အဲဒီအစား အစိုးရကဘဏ် လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတို့လို စီးပွားရေးကဏ္ဍတွေမှာ ကန့်သတ်ချုပ်ထိန်း မှုတွေ ဆက် လက်ထားရှိခဲ့တာကြောင့် အမေရိကန် လုပ်ငန်းတွေ အနေနဲ့ မြန်မာ့ ဈေးကွက်မှာ ပါဝင်ယှဉ် ပြိုင်ဖို့ ထင်ထားတာထက် ပိုခက်ခဲလာခဲ့တယ်။ အမေရိကန်အစိုးရပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေတဲ့ လုပ်ငန်း တွေအတွက်တော့ ရှင်သန်ရပ်တည်ဖို့ ပိုပြီး အဆင်ပြေ လွယ်ကူလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံစီးပွားရေးက တစ်ဟုန်ထိုး တိုးတက်မှုတွေ ရှိလာခြင်းဟာ ပိတ်ဆို့ခံ ရတဲ့ စာရင်းမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေအတွက် ကောင်းကျိုးတွေ ဖြစ်လာစေ ပြန်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ၂၀၁၁ မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၄ မှာ တော့ ၈ ဒသမ ၃ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်။ 

တပ်မတော်နဲ့ ဆက်နွှယ်နေ ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုစာ ရင်းမှာ ပါဝင်နေတဲ့ မြန်မာ့စီးပွား ရေး ဦးပိုင် လီမိတက်နဲ့ မြန်မာ့စီး ပွားရေး ကော်ပိုရေးရှင်းတို့ဟာ နိုင်ငံထဲက မြေနေရာတွေ၊ စက်ရုံ တွေ၊ သွင်းကုန်လိုင် စင်တွေ အ များစုကို ချုပ်ကိုင်ထားဆဲ ဖြစ်ပါ တယ်။ ဒါ့အပြင် စီးပွားရေးနယ် ပယ်မှာ သူတို့ရဲ့ ချုပ်ကိုင်မှုက လည်း ပိုပြီး ကျယ်ပြန့်လာပါ တယ်။

မနှစ်ကဆိုရင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အဖျော်ယမကာ လုပ်ငန်း ကြီးကို အပြည့်အဝ ထိန်းချုပ်ခွင့် ရလာခဲ့တယ်။ အဲဒီအတွက် စင်ကာပူက Fraser & Neave လီမိတက်ပိုင် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဒေါ်လာသန်း ပေါင်း ၅၆၀ လောက် ပေးချေပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ လက်တွဲဖော်စီးပွားရေး လုပ်ငန်းတွေကပဲ မြန်မာနိုင်ငံက ကျောက်စိမ်းတွင်းတွေကို ပိုင်ဆိုင် ထား၊ ဒါမှမဟုတ် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ကျောက်စိမ်းရောင်းချမှု တန်ဖိုးဟာ မနှစ်ကထက် ၃၀ ရာ ခိုင်နှုန်းကျော် မြင့်တက်ပြီး ဒေါ် လာ ၃ ဒသမ ၄ ဘီလီယံဖိုးထိ ရှိ လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုတွေကို တော့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။

အမေရိကန် အစိုးရရဲ့ ဦးတည်ပိတ်ဆို့မှုကို ခံနေရတဲ့ တခြား လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ ဟာလည်း ဆက်ပြီး ရှင်သန်ရပ် တည်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ ပိတ်ဆို့ခံရတဲ့ စာရင်းမှာ ပါဝင်နေတဲ့ စီးပွား ရေး လုပ်ငန်းရှင် ဦးဇော်ဇော် ထိန်းချုပ်ထားတဲ့ Max Myanmar စီးပွားရေး လုပ်ငန်းစုကြီးဟာလည်း ကိုယ်ပိုင် ဘဏ်လုပ်ငန်း တစ်ခုကို လျင်လျင်မြန်မြန် ထူထောင် လာနိုင်ခဲ့သလို ဟိုတယ်အသစ်တွေ ဆောက်လုပ်ဖို့အတွက် ပြင်သစ်အခြေစိုက် Accor Group နဲ့လည်း သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပါတယ်။ Accor Group ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ထည့်စဉ်းစားတာ မဟုတ်ပါဘူး။ အရင်အင်တာဗျူး တစ်ခုမှာတုန်းကတော့ ဦးဇော်ဇော်က အမေရိကန် ပိတ်ဆို့မှုတွေ ရှိနေ ပေမယ့် သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက်လာအောင် ဆောင် ရွက်ရာမှာ ဘာအမှားအယွင်းမှ မလုပ်ခဲ့ဖူးဘူးလို့ ပြောထားခဲ့ပါ တယ်။

နောက်ထပ် နာမည်ပျက်စာရင်း သွင်းခံထားရသူ တစ်ယောက် ဖြစ်တဲ့ ဦးခင်ရွှေကတော့ စက်မှုဇုန်တစ်ခုကို တိုးချဲ့နေပါတယ်။ ဦးခင်ရွှေကလည်း သူ့အပေါ် အမေရိကန်ရဲ့ ပစ်မှတ်ထား ပိတ်ပင်မှုတွေဟာ မမျှတကြောင်းနဲ့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ပိတ်ဆို့မှု စာရင်းက သူ့နာမည်ကို ဖယ်ရှားနိုင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း ပြောပါတယ်။ သစ် ခုတ်မှုတွေ၊ လက်နက်ရောင်းချမှု တွေကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေသူ ဦးတေဇကလည်း မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားတွေ ဝင် ရောက်မှု များပြားလာတာကြောင့် သူပိုင်ဆိုင်တဲ့ ဟိုတယ်တွေအတွက် အကျိုးဖြစ်ထွန်းမှုတွေ ရရှိ နေပါတယ်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွား ၇၉၂,၀၀၀ လောက်သာ လာရောက်ခဲ့ပေမယ့် ၂၀၁၄ မှာတော့ သုံးသန်းကျော်ထိ မြင့်တက်လာ ပါတယ်။ ရန်ကုန်မှာတော့ ဦး တေဇကို Bugatti Veyron ဇိမ်ခံ ပြိုင်ကားတစ်စီးနဲ့ သွားလာနေတာကို တွေ့မြင်ရတတ်သလို သူ့ အိမ်ထဲမှာလည်း ရှားပါးလှတဲ့ တောရိုင်းတိရစ္ဆာန်တွေကို စုစည်း မွေးမြူထားပါတယ်။ အမေရိကန် ရဲ့ ပိတ်ဆို့မှုတွေဟာ သူ့အပြင် သူ့ကုမ္ပဏီရဲ့ ဝန်ထမ်းထောင်ဂဏန်း လောက်ကိုပါ ထိခိုက်စေတယ်လို့ ဦးတေဇက ဆိုပါတယ်။

‘‘ခရိုနီတွေက ဒီအစိုးရ လက်ထက်မှာ အခြေအနေတောင် ပိုကောင်းလာသေးတယ်။ ဘာဖြစ် လို့လဲဆိုတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာပြီလေ’’ လို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထောက်ခံလှုပ်ရှားသူ တစ် ယောက်က ဆိုပါတယ်။

ဖြုန်းတီးလိုက်တဲ့ အခွင့်အ ရေးတွေ၊ ပိတ်ဆို့မှု စာရင်းမှာ ပါ ဝင်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ဆက်လက် ပြီး အောင်ပွဲခံနေခြင်းဟာ စိတ်ပျက်စရာပဲလို့ မက်ကွာရီ တက္ကသိုလ်က ပရော်ဖက်ဆာ တစ်ဦး ဖြစ်သူ ရှောင်တာနဲလ်က ဆိုပါ တယ်။ မြန်မာအစိုးရဟာ စီးပွားရေး နယ်ပယ်မှာ ပိုပြီးယှဉ်ပြိုင်မှု အားကောင်း လာစေမယ့် အခွင့် အလမ်းတွေကို အလဟဿ ဖြုန်း တီးနေတာပဲလို့လည်း သူက စွပ်စွဲ ပါသေးတယ်။ အမေရိကန်နိုင်ငံ ခြားရေး ဝန်ကြီးဌာနရဲ့ ဒီမိုကရေ စီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဒုတိယဝန်ကြီး တွမ် မာလီနောစကီးကတော့ အမေရိ ကန် အစိုးရအနေနဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်းထားသူတွေဟာ အရေးပါ အရာရောက် တဲ့ ကဏ္ဍတွေမှာ ဆက်ပြီး ရှိနေ ဆဲဆိုတာကို သတိပြုမိကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဖိအားပေးမှု တွေကို ဆက်လက်ထိန်းသိမ်း ထားခြင်းဖြင့် သူတို့တွေဟာ စီးပွား ရေးကဏ္ဍ ပွင့်လင်းမှုအတွက် တာဝန်ယူလာလိမ့်မယ်လို့ မျှော် လင့်ထားကြောင်းလည်း ဆိုပါ တယ်။

ဒါ့အပြင် အမေရိကန်အနေ နဲ့ တချို့သော ပုဂ္ဂိုလ်တွေကို နာ မည်ပျက် စာရင်းကနေ ဖယ်ရှား ပေးဖို့ ဆန္ဒရှိနေကြောင်းလည်း သူက ဆက်ပြီး ပြောပါသေးတယ်။ ဒါပေမဲ့လည်း အတိတ်က အကျင့် ဆိုးတွေကနေ ဖယ်ခွာလာပြီ ဆို တာကို သေသေချာချာ သက်သေ ပြဖို့ဆိုတာက အခက်အခဲတွေ အများကြီး ရှိနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်၍ အဓိကတာန်ယူထားသော  ၀န်ကြီးဖြစ်တဲ့ ဦးစိုးသိန်းက မြန်မာနိုင်ငံအနေနဲ့ အမေရိကန် က ပိတ်ပင်တားမြစ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖယ်ရှား ပစ်ဖို့ မဖြစ်နိုင်ကြောင်း၊ အရင်တုန်းက အမေရိကန်မျက်ကွယ် ပြုထားချိန်တွေမှာ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက် ရေးမှာ အများကြီး အရေးပါခဲ့ ကြောင်း ပြောပါတယ်။ 

‘‘ဒီလူတွေကို ကျွန်တော်တို့ ကန်မထုတ်လိုက်နိုင်ဘူး။ သူတို့ ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဖျက်သိမ်းလို့လည်း မရဘူး။ သူတို့ ဟာ ကျွန်တော်တို့ နိုင်ငံသားတွေပဲ ဖြစ်ပါတယ်’’ လို့ သူက ဆိုပါ တယ်။

မစ္စတာလော်နဲ့ သူ့ရဲ့ Asia World စီးပွားရေး အင်ပါယာကြီးကတော့ အငြင်းပွားစရာ အများဆုံး အခြေအနေတွေထဲက တစ်ခုလို့ အမေရိကန်အာဏာပိုင်တွေ က ဆိုပါတယ်။ သူ့ရဲ့ဖခင် လော် စစ်ဟန်ဟာ မြန်မာ-တရုတ်နယ်နိမိတ်ဒေသက ကိုးကန့်တိုင်းရင်းသားတစ်ယောက် ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ထိပ်တန်းအဆင့် အရည်အသွေးနဲ့ ဟီးရိုးအင်းတွေကို မစ္စတာလော် ရဲ့ ဖခင်က မှောင်ခိုကူးသန်းရောင်း ဝယ်ခဲ့တယ်လို့ အမေရိကန် အစိုးရ အာဏာပိုင်တွေ၊ သမိုင်းပညာရှင်တွေနဲ့ မြန်မာ့အရေး လေ့လာသူတွေက တညီတညွတ်တည်း စွပ်စွဲထားပါတယ်။ 

လော်စစ်ဟန်ဟာ အဲဒီအချိန် က အုပ်ချုပ်နေတဲ့ မြန်မာ့တပ်မ တော် ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်မှု ရှိခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တပ်မ တော်တို့ကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ရာ မှာ လော်စစ်ဟန်က ကြားဝင်ညှိ နှိုင်းပေးခဲ့ကြောင်း၊ အဲဒီအတွက် မြန်မာ့တပ်မတော်က ဗိုလ်ချုပ်ကြီးတွေကလည်း လော်စစ်ဟန် ကို ဆုလာဘ်အနေနဲ့ စီးပွားရေး နယ်ပယ်ရဲ့ အဓိကသော့ချက် ကဏ္ဍတွေမှာ လုပ်ကိုင်ခွင့် လိုင်စင်တွေ ပေးအပ်ခဲ့ကြောင်း သူတို့က ဆိုပါတယ်။

၁၉၉၂ မှာ Asia World ကို စတင် တည်ထောင်ခဲ့ပြီးနောက် လော်စစ်ဟန်ဟာ သားဖြစ်သူ မစ္စ တာလော်ကို မန်နေဂျင်း ဒါရိုက် တာ ရာထူးမှာ ခန့်ထားခဲ့ပါတယ်။ စင်ကာပူ နိုင်ငံသူ ဇနီးသည်နဲ့ အနည်းဆုံး သမီးတစ်ယောက် ထွန်းကားထားတဲ့ မစ္စတာလော် ဟာ အခုအချိန်မှာတော့ အသက် (၅၇) နှစ် ရှိနေပါပြီ။ သူနဲ့ နီးစပ်သူ တွေက မစ္စတာလော်ဟာ မိသားစု လုပ်ငန်းမှာ ပါဝင်မလာခင်တုန်းက ကိတ်မုန့်ဖုတ်တဲ့ လုပ်ငန်းတစ်ခု ထူထောင်ထားပြီး ပဲကုန်သည် တစ်ယောက်လည်း ဖြစ်ခဲ့ ကြောင်း ပြောကြပါတယ်။ 

Asia World ရဲ့ ကိုယ်စားလှယ်တွေကတော့ မစ္စတာလော် ဟာ ဖခင်ဆီက ဘာအမွေမှ ရယူ ခဲ့တာ မရှိသလို Asia World ရဲ့ လုပ်ငန်းတွေ စတင်လည်ပတ် ချိန်မှာလည်း ဘယ်လိုငွေကြေး ထောက်ပံ့မှုမှ မရခဲ့ကြောင်း အ ခိုင်အမာ ဆိုကြပါတယ်။

မစ္စတာလော်ဟာ သိုသိုဝှက်ဝှက် နေထိုင်တတ်သလို သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေအတွက် ဟိတ်ကြီးဟန်ကြီး ကြွားလုံးထုတ်တာမျိုး မရှိဘူးလို့လည်း သူတို့က ပြောပါတယ်။ ဓာတ်ပုံတွေထဲမှာ တော့ မစ္စတာလော်ဟာ မြန်မာ နိုင်ငံသား အများစုထက် ပိုပြီးတော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ရှိနေတာကို တွေ့ရပါတယ်။ ရန်ကုန်မှာရှိတဲ့ သူ့ရဲ့ နေအိမ် ဟာ ယာဉ်အသွားအလာ ထူထပ်တဲ့ လမ်းမတစ်ခုပေါ်မှာ ရှိပေမယ့် မြင့်မားတဲ့ ဂိတ်တံခါးကြီးတွေ နဲ့ ကာကွယ်ထားပါတယ်။ ဘေး ပတ်ဝန်းကျင်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ ကွန်ဒို အဆောက်အအုံကြီးတွေ ဝန်းရံ တည်ရှိနေတယ်။

Asia World ဟာ တကယ့် ခေါင်အဆင့် စီမံကိန်းစာချုပ်တွေ ကို အရယူနိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ကုန်သည်ကြီးများဟိုတယ် အထပ်မြင့် အဆောက်အအုံကြီး အပါအဝင် ပေါ့။ ဒီဟိုတယ်ကြီးဟာ အခုအ ချိန်ထိ ရန်ကုန်မှာ အထင်ကရ နေရာတစ်ခုလို တည်ရှိနေဆဲပါ။ ဟိုတယ်ရဲ့ လက်ရှိ ရှယ်ယာစာ ရင်းမှာတော့ Asia World ရဲ့ ဝေစု ပိုင်ဆိုင်မှု မပါဝင်တော့ပါဘူး။ Asia World ဟာ စစ်အစိုးရ လက်ထက်က မြို့တော်သစ်အ ဖြစ် သတ်မှတ်လိုက်ပြီး ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့တဲ့ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းမှာလည်း ပါဝင်ခဲ့ပြန်ပါ တယ်။

Asia World ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားတဲ့ သတင်းစကားအရတော့ မစ္စတာ လော်က ကုမ္ပဏီဟာ နိုင်ငံရဲ့ အနာဂတ်အတွက် အစဉ်တစိုက် ကူညီပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ တခြား မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ မစ္စတာလော်ဟာ ရယူထား တဲ့ စီမံကိန်းတွေကို ပြီးစီးအောင် အကောင်အထည် ဖော်နိုင်တဲ့ ကောင်းသတင်းမျိုး ရှိနေတယ် လို့ ချီးကျူးကြပါတယ်။

ပြီးတော့ ၂၀၁၃ မှာ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူလော်စစ်ဟန်ရဲ့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေကို မစ္စတာလော်က ဆက်ခံခဲ့တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကိုလည်း ငြင်းဆန်ကြပါတယ်။

‘‘ကိုယ့်ဖခင် ဘယ်သူဘယ်ဝါ ဖြစ်ရမယ် ဆိုတာကတော့ ရွေးချယ်ခွင့် မရှိဘူးလေ’’ လို့ တစ်ယောက်က ဆိုပါတယ်။ 

၂၀၀၈ မှာတော့ အမေရိ ကန်အစိုးရဟာ မစ္စတာလော်၊ သူ့ ဇနီးနဲ့ ဖခင်ဖြစ်သူ လော်စစ်ဟန် တို့အပြင် Asia World ကုမ္ပဏီနဲ့ ဒါဇင်ပေါင်းများစွာသော လုပ်ငန်းခွဲတွေကို ပိတ်ဆို့မှု စာရင်းသွင်းခဲ့ ပါတယ်။ အဓိကအားဖြင့်တော့ အဲဒီတုန်းက မြန်မာစစ်အစိုးရကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ 

အခုလို ပိတ်ဆို့မှုတွေဟာ ကမ္ဘာ့အလယ်မှာ အပယ်ခံလို ဖြစ် နေတဲ့ မြန်မာစစ်အစိုးရနဲ့ သူတို့ရဲ့ အတွင်းစည်းပုဂ္ဂိုလ်တွေကို ဘဏ္ဍာရေး အင်အား ပြတ်တောက် လျော့ပါးသွားစေဖို့ ရည်ရွယ်ကြောင်း အဲဒီအချိန်တုန်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ မစ္စတာလော်နဲ့ ဖခင်တို့ဟာ အစိုးရရဲ့ တရားမဝင် လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နောက်ကြောင်းရာဇဝင် ရှိခဲ့တယ်လို့လည်း စွပ်စွဲထားပါ တယ်။

အဓိကအားဖြင့် လော်စစ် ဟန်ရဲ့ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေကို ရည်ညွှန်းထား တာပါ။ ပြီးတော့ မစ္စတာလော်ဟာလည်း မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရတဲ့ ဖခင်ဖြစ်သူ ရဲ့ မူးယစ်မှောင်ခိုစီးပွားရေး အင်ပါယာမှာ ပါဝင်ဆက်နွှယ်နေ တယ်လို့ ယူဆခံခဲ့ရပါတယ်။

- လွှတ်ချလိုက်တဲ့ တူတစ်လက် 

အမေရိကန်ရဲ့ ပေါက်ကြားလာတဲ့ သံတမန်ရေးရာ မှတ် တမ်းမှတ်ရာ တစ်ခုမှာတော့ ‘‘ခရို နီ စတီဗင်လော်အပေါ် လွှတ်ချလိုက်တဲ့တူ’’ လို့ ခေါင်းစဉ်တပ် ထားပါတယ်။ 

အဲဒီမှာတော့ အမေရိကန် အစိုးရဟာ ကမ္ဘာအနှံ့က သူ့ရဲ့ လုပ်ငန်းခွဲတွေ ထူထောင်ရာမှာ အသုံးပြုထားတဲ့ နာမည်ပွား အမျိုး မျိုးကို စာရင်းပြုစုထားပါတယ်။ သူ့ရဲ့ ကုမ္ပဏီဟာ မှတ်တမ်းတိတိ ကျကျ မရှိသလို အခွန်နဲ့ဝင်ငွေ စာရင်းတွေကိုလည်း ဖော်ပြလေ့ မရှိပါဘူး။ မြန်မာစစ်ဗိုလ်ချုပ် တွေရဲ့ ထည့်ဝင်မှုတွေကြောင့် ကုမ္ပဏီကို ထူထောင်ချိန် မြှုပ်နှံမှု တန်ဖိုးဟာ ဒေါ်လာ သန်း ၅၀၀ အထက် ရှိခဲ့ပါတယ်။

မစ္စတာလော်ကို ပိတ်ဆို့အ ရေးယူလိုက်ခြင်းဟာ မြန်မာစစ် အစိုးရရဲ့ ဘဏ္ဍာရေးအင်အားကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် ဖြတ်တောက်လိုက်ကြောင်း အားကောင်းတဲ့ သင်္ကေတတစ်ရပ် ဖြစ်ခဲ့တယ်လို့ အမေရိကန် အစိုးရ က ဆိုပါတယ်။

၂၀၁၁ မှာတော့ အစိုးရသစ် တက်လာပြီး မြန်မာနိုင်ငံရဲ့ စီနီယာအကျဆုံးဗိုလ်ချုပ်ကြီး တော် တော်များများ အနားယူသွားခဲ့ပါ တယ်။ အဲဒီအခါမှာ မစ္စတာလော် ရဲ့ ရှင်သန်ရပ်တည်မှုဟာ ပိုပြီး ခက်ခဲလာမယ့် အခြေအနေတချို့ ပေါ်လာတယ်။ အစိုးရသစ်ရဲ့ ခေါင်းဆောင်ပိုင်းက ပိုပြီးသန့်စင် တဲ့၊ ပွင့်လင်းမြင်သာရှိတဲ့ စီမံအုပ် ချုပ်မှုစနစ်မျိုး ထူထောင်နိုင်မယ် လို့ ကတိပြုခဲ့သလို အနောက်နိုင်ငံ တွေက ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ် ခေါ်ပြီး နိုင်ငံရဲ့ စီးပွားရေးမှာ ပြိုင် ဆိုင်မှု ပိုအားကောင်းလာစေမယ် လို့ ဆိုခဲ့ပါတယ်။ 

၂၀၁၁ ထဲမှာ သမ္မတ ဦး သိန်းစိန်ဟာ ပြည်သူအများစုရဲ့ ကန့်ကွက်မှုတွေအရ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ Asia World နဲ့ တရုတ်လက်တွဲဖော်ကုမ္ပဏီတွေ ပူးပေါင်း တည်ဆောက်နေတဲ့ မြစ် ဆုံ ရေကာတာ စီမံကိန်းကို ဖျက် သိမ်းလိုက်ပါတယ်။ အစိုးရဟာ Asia World ကို တခြား ရေအား လျှပ်စစ်စီမံကိန်းတွေမှာ လုပ် ကိုင်ဖို့ ပြန်လည်ခွင့်ပြုပေးခဲ့တယ်။ ဒေသခံတွေ ကန့်ကွက်နေတဲ့ ကြားထဲက အကောင်အထည် ဖော်နေတဲ့ သံလွင်မြစ်ပေါ်က စီမံ ကိန်းဟာလည်း တစ်ခုအပါအ ဝင်ပါပဲ။

အစိုးရဟာ နိုင်ငံရဲ့အကြီး ဆုံးလို့ ဆိုရမယ့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံတစ်ခုကို ရန်ကုန်တောင် ပိုင်းမှာ တည်ဆောက်ဖို့ Asia World နဲ့ သဘောတူညီမှု ရရှိခဲ့ပါ တယ်။ Asia World ဟာ ၂၀၁၂ မှာ အာမခံစာချုပ်တွေ ထုတ် ရောင်းဖို့ အစိုးရက ခွင့်ပြုပေးခဲ့တဲ့ ကုမ္ပဏီ ၁၂ ခုထဲမှာလည်း အပါအဝင် ဖြစ်ပါတယ်။ ဆယ်စုနှစ် ငါးခုလောက်အတွင်း မြန်မာနိုင်ငံ မှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ဒါမျိုး လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တာ ပထမဆုံး ဖြစ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေကတော့ သီးသန့်စီး ပွားရေးဇုန် တစ်ခုမှာပဲ အာမခံ စာချုပ်တွေ ရောင်းချခွင့် ရှိပါ တယ်။

ပြည်တွင်းက ထိပ်သီး စီးပွား ရေး လုပ်ငန်းရှင်တွေကတော့ Asia World ဟာ လုပ်ငန်းကြီးတွေ အတွက် သဘောတူညီမှုတွေ ဆက်ပြီး ရရှိနေမှာ ဖြစ်တဲ့အ ကြောင်း၊ ဒါကလည်း အလုပ်ပြီး မြောက်အောင် ဆောင်ရွက်နိုင် တဲ့ သူတို့ရဲ့ ဂုဏ်သတင်းကြောင့် ဖြစ်ကြောင်း မှတ်ချက်ပေးကြပါတယ်။

‘‘စတီဗင်လော်ဟာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍမှာ တကယ့်ကို ကောင်း မွန်တဲ့ လုပ်ဆောင်မှုမျိုး ဆောင် ရွက်နိုင်ခဲ့သူပါ’’ လို့ ဝန်ကြီး ဦးစိုးသိန်းက ဆိုပါတယ်။ သူက မစ္စတာ လော်ဟာ ၂၀၁၂ မှာ အငြိမ်းစား ယူသွားတဲ့ ဒုတိယ သမ္မတဟောင်း သီဟသူရဦးတင် အောင်မြင့်ဦးလို ထိပ်တန်းအစိုးရ အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့ အရမ်း နီးနီးစပ်စပ်ရှိကြောင်းလည်း ပြော ပါတယ်။

Asia World ဟာ အရင်အစိုးရဟောင်း လက်ထက်က ရယူနိုင်ခဲ့တဲ့ လုပ်ပိုင်ခွင့် သဘောတူညီမှုတွေကနေ အကျိုးကျေးဇူးတွေ ဆက်ပြီးခံစားခွင့် ရနေဆဲလည်း ဖြစ်ပါတယ်။ ရန်ကုန်က အကြီးဆုံးဆိပ်ကမ်းဟာ Asia World က တည်ဆောက်ပြီး နှစ်တွေ တော်တော်များများ ကြာအောင် ကိုယ်တိုင်စီမံလုပ်ကိုင် နေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပွင့်လင်းလာချိန်မှာ ကုန်သွယ်ရေး ကဏ္ဍကလည်း မြင့်တက်လာပြီး လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဝင်ငွေဟာ အဲဒီမတိုင်မီ သုံးနှစ်ကနဲ့ယှဉ် ရင် ၃၀ ရာခိုင်နှုန်း တိုးပွားလာ ကြောင်း အစိုးရရဲ့ စာရင်းအင်း အချက်အလက်တွေအရ သိရပါ တယ်။

အရင်အစိုးရ လက်ထက်က Asia World ဖောက်လုပ်ခဲ့တဲ့ လမ်းတွေမှာ လမ်းအသုံးပြုခ ကောက်ခံတဲ့ ဂိတ်တွေကလည်း ဒီနေ့ထိ လုပ်ငန်းလည်ပတ်နေဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်က နိုင်ငံခြားက မော်တော်ကားတွေ အမြောက်အမြား တင်သွင်းဖို့ ခွင့် ပြုလိုက်တဲ့နောက် ပြည်တွင်းမှာ ကားအသွားအလာ ထူထပ်လာ ပြီး ဂိတ်တွေရဲ့ ဝင်ငွေလည်း တိုး လာပါတယ်။ အရင်ကတော့ မြန် မာနိုင်ငံမှာ မော်တော်ကားတင် သွင်းမှုကို ကျပ်ကျပ်တည်းတည်း ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အခုတော့ အိမ်ခြံမြေ လုပ် ငန်းကဏ္ဍမှာလည်း အခွင့်အလမ်း တွေ ထွက်ပေါ်လာပြန်ပါပြီ။ ၂၀၁၃ မှာ Asia World ဟာ လှည်း တန်းစင်တာကို တည်ဆောက် ခဲ့ပါတယ်။ ရန်ကုန်ရဲ့ အချက်အချာကျတဲ့ လမ်းဆုံလမ်းခွမှာ တည် ရှိပြီး ထင်ထင်ရှားရှား ဖြစ်နေတဲ့ ရှစ်ထပ် အဆောက်အအုံကြီးပါ။ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ ပါဝင်ပြီး လောလောဆယ်မှာတော့ ဥရောပ သမဂ္ဂ မစ်ရှင်အဖွဲ့လည်း ငှားရမ်း အခြေစိုက်ထားပါတယ်။

ဒေသခံတွေက အဲဒီလှည်း တန်းစင်တာ မြေနေရာကို လွန်ခဲ့ တဲ့ ဆယ်စုနှစ် တစ်ခုလောက် ကာလကတည်းက စစ်အစိုးရ အာ ဏာပိုင်တွေက သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ အဲဒီ မြေနေရာမှာ နေထိုင်သူတွေကို ဖယ်ထုတ်ပြီး မြေကွက်လပ်ကြီးကို နှစ်တွေ တော်တော်ကြာတဲ့ထိ အလဟဿ ပစ်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ မြေနေရာမှာ အဆောက်အအုံ တည်ဆောက်ခွင့်ကို Asia World  က ဘယ်အချိန်မှာ ဘယ်လိုဘယ်ပုံ   ရသွားတယ်ဆိုတာကတော့ ရှင်း ရှင်းလင်းလင်း မသိရပါဘူး။ အ ရေးဆို ကန့်ကွက်တဲ့ကိစ္စ တော် တော်များများ ရှိခဲ့ပေမယ့် Asia World ရဲ့ ကိုယ်စားလှယ်တွေကတော့ ဒါတွေကို သိပ်သတိ မထားမိဘူးလို့ ငြင်းဆိုထားပါ တယ်။

ကုမ္ပဏီဟာ ၃၂ ထပ် အမြင့် ရှိတဲ့ Asia World မျှော်စင် အ ဆောက်အအုံကို တည်ဆောက် ဖို့လည်း အစီအစဉ်ရေးဆွဲနေပါ တယ်။ လက်တွေ့ တည်ဆောက် ပြီးစီးရင် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အဆောက်အအုံကြီး ဖြစ်လာမှာပါ။

လေဆိပ်တိုးချဲ့မှု

နောက်တော့ ရန်ကုန်နိုင်ငံ တကာ လေဆိပ်ကိစ္စပေါ်လာပါ တယ်။ ဒီလေဆိပ်ကိုလည်း Asia World ရဲ့ လက်ဝေခံ ကုမ္ပဏီ တစ်ခုကပဲ ၂၀၀၇ ကတည်းက စတင်စီမံ ကြီးကြပ်လုပ်ကိုင်နေ ခဲ့တာပါ။ ၂၀၁၁ ကစလို့ လေဆိပ်မှာ ဆိုက်ရောက်သူ ခရီးသည် အရေအတွက်ဟာ ၂၀ ရာခိုင်နှုန်း ဝန်းကျင် တိုးပွားလာပြီး ဒီနှစ်မှာ တော့ စုစုပေါင်း ခရီးသည် ၄ ဒသ မ ၉ သန်းလောက် ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ 

လေဆိပ်တိုးချဲ့ဖို့ အဆိုပြုမှု တစ်ရပ်ဟာ ၂၀၁၃  မှာ စတင်ခဲ့ ပါတယ်။ မြန်မာ အစိုးရဟာ တင်ဒါ ခေါ်ယူပြီး နိုင်ငံတကာ စံနှုန်း တွေနဲ့ လျော်ညီစေဖို့စီစဉ်ခဲ့ပါ တယ်။ ဂျပန်အခြေစိုက် လွတ်လပ်တဲ့ အင်ဂျင်နီယာပညာရပ်ဆိုင် ရာ အကြံပေးကုမ္ပဏီ Nippon Koei ကို ငှားရမ်းပြီး လေဆိပ်တိုး ချဲ့ဖို့ အဆိုပြုမှုတွေကို အဆင့် သတ်မှတ် ရွေးချယ်စေခဲ့တယ်။

Asia World ရဲ့ လက်ဝေခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ Pioneer Aerodrome Services ကုမ္ပဏီလီမိတက်ဟာ Nippon Koei ရဲ့ ရွေးချယ်မှုအရ စတုတ္ထနေရာသာ ရခဲ့တယ်လို့ ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဆိုပါ တယ်။ ဦးစိုးသိန်းကတော့ Pioneer Aerodrome Services ဟာ စာရင်းရဲ့ ဒုတိယ နေရာမှာ ရှိခဲ့တာကို မှတ်မိကြောင်း ပြော ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် နောက် ဆုံးအပြီးသတ် ဆုံးဖြတ်ချက်က တော့ စီမံကိန်းတစ်ခုလုံးရဲ့ အ ရေးပါမှုကြောင့် သဘောထားကွဲ လွဲမှုတွေ ရှိခဲ့တယ်လို့ သူကမှတ် ချက်ပေးပါတယ်။ အဆုံးမှာတော့ မြန်မာအစိုးရ အဖွဲ့ဟာ ထိပ်ဆုံး နေရာက Toyota Tsusho ကို ကျော်လွန်ပြီး Pioneer Aerodrome Services ကိုပဲ ရွေးချယ်လိုက်ပါတယ်။ ဂျပန်ကုမ္ပဏီအ နေနဲ့ လုပ်ငန်းအစပြုဖို့ အချိန်အ ရမ်း ယူရဦးမှာ ဖြစ်တာကြောင့် လို့ မြန်မာအစိုးရက အကြောင်း ပြပါတယ်။

Asia World ပိုင်ဆိုင်တဲ့ လှည်းတန်းစင်တာမှာ ရုံးခန်းဖွင့် ထားဆဲ ဖြစ်တဲ့ Toyota Tsusho ကတော့ ဒီကိစ္စအပေါ် မှတ်ချက် ပေးဖို့ ငြင်းဆန်ထားပါတယ်။ မစ္စတာ ကမ့်ဘဲလ် အပါအဝင် ဒီ ကိစ္စမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အမေရိ ကန် လုပ်ငန်းစုတွေကလည်း ဘာ တုံ့ပြန်မှုမှ မရှိပါဘူး။ Nippon Koei ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တစ်ယောက်ကတော့ အမှတ်ပေးမှုအရ ပထမနေရာမှာ ရှိနေတဲ့ ကုမ္ပဏီကို ဖယ်ထုတ်လိုက်တဲ့ အစိုးရ ဆုံးဖြတ်ချက်ကို အံ့ဩမိ ကြောင်း မယုတ်မလွန်လောက်ပဲ မှတ်ချက်ပေးပါတယ်။

Asia World ရဲ့ လုပ်သား တွေကတော့ စီမံကိန်းကို အပြီးသတ်နိုင်ဖို့ အခုအချိန်မှာ တက် တက်ကြွကြွ အစပြု လုပ်ဆောင် နေပါပြီ။ ဒီစီမံကိန်းမှာ လေဆိပ် ဂိတ်ပေါက်အသစ်တစ်ခု တည်ဆောက်ဖို့လည်း အပါအဝင်ဖြစ် ပါတယ်။ ဒီဂိတ်ပေါက်အသစ်ရဲ့ အောက်ခြေနဲ့ အမိုးတည်ဆောက်မှုတွေက ပြီးသလောက် ဖြစ်နေ ပါပြီ။ ညပိုင်းမှာလည်း ကရိန်းကြီး တွေ အချိန်ပြည့်မောင်းနှင် အလုပ် လုပ်နေတာကို တွေ့နိုင်ပါတယ်။

Pioneer Aerodrome Services ဟာ သိပ်မကြာသေးခင်က လေဆိပ်မှာ ခရီးသွားတွေ ဖြတ်သန်းခွင့်ကို ၁၀ ဒေါ်လာ ကနေ ၁၅ ဒေါ်လာကို တိုးမြှင့် ကောက်ခံလိုက်ပါတယ်။ ဒီအ ပြောင်းအလဲကို နိုင်ငံတော်သမ္မတနဲ့ အစိုးရ အဖွဲ့က ခွင့်ပြုချက် ပေးခဲ့တာပါ။ လေဆိပ်အဆောက် အအုံသစ် မွမ်းမံတည်ဆောက် မှုတွေ ပြီးသွားရင်တော့ Pioneer Aerodrome Services ဟာ လေ ဆိပ်ဝန်ဆောင်ခကို ဒေါ်လာ ၂၀ ထိ မြှင့်တင်ကောက်ခံသွားဖို့ ရှိ နေကြောင်း စီမံကိန်း မန်နေဂျာ ဆူလိုင်မန် ဇိုင်နဲလ်အာဘီဒင်က ပြောပါတယ်။ လေဆိပ်ကို အဆင့် မြှင့်မယ့် ဒီဇိုင်းအရ တစ်နှစ်ကို ခရီးသည် ၁၀ သန်းလောက် ဝင် ထွက်သွားလာနိုင်အောင် စီမံခန့် ခွဲနိုင်မယ်လို့လည်း ဆိုပါတယ်။ တစ်နည်းအားဖြင့် ခရီးသွားတွေ ဆီက တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ လောက် ရရှိမယ့် သဘောပါ။ အဲဒီမှာ လေဆိပ်အတွင်း ဆိုင် ခန်းဖွင့်လှစ်ခွင့်လို တခြား ဝင်ငွေ ရင်းမြစ်တွေ မပါသေးပါဘူး။

Asia World အနေနဲ့ တ ချို့သော စီမံကိန်းတွေကို လက် လွှတ်လိုက်ရတာတော့ ရှိပါတယ်။ အကြောင်းကတော့ အ မေရိကန်ရဲ့ ပိတ်ဆို့မှု စာရင်းထဲ မှာ ပါဝင်နေလို့ပါ။ Asia World နဲ့ ပတ်သက်ပြီး လေ့လာဆန်း စစ်ပေးဖို့ အဆိုပြုခဲ့တဲ့နောက် ဂျပန်ကုမ္ပဏီ ဒါဇင်ဝက်လောက်ဟာ Asia World နဲ့ အလုပ်တွဲ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အကြံ ပေး ကုမ္ပဏီတစ်ခုက ဆိုပါတယ်။

မစ္စတာလော်အနေနဲ့ သူကိုယ်တိုင်ရော သူ့ကုမ္ပဏီကိုပါ အမေရိကန်ရဲ့ နာမည်ပျက် စာ ရင်းထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစား နေဆဲပါ။ ဖခင်ဖြစ်သူရဲ့ လုပ်ရပ် တွေအတွက် သူက မဆီမဆိုင် အရေးယူ အပြစ်ပေးခံနေရတယ် ဆိုတာမျိုးက မမျှတကြောင်း၊ သူဟာ ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့ သူသာဖြစ်ကြောင်း အာဏာပိုင် တွေကို ပြောပြတတ်တယ်လို့ မစ္စ တာလော်နဲ့  နီးစပ်တဲ့ အသိုင်းအ ဝိုင်းက ဆိုပါတယ်။

Asia World ဟာ ဗြိတိန်အ ခြေစိုက် လူထုပေါင်းကူးဆက်ဆံ ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Bell Pottinger ကိုလည်း ငှားရမ်းခဲ့ပါ သေးတယ်။ အဲဒီလုပ်ငန်းဟာ ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ ဇနီးသည် အက်စ် မာအယ်လ် အာဆတ်အတွက် လည်း ကိုယ်စားပြု အလုပ်လုပ် ပေးနေပါတယ်။

Bell Pottinger ရဲ့ အမှု ဆောင်တွေက သူတို့ဟာ Wiki-pedia စွယ်စုံကျမ်းဝက်ဘ်ဆိုက် က Asia World ရဲ့အကြောင်း ဖော်ပြချက်တွေကို ပြင်ဆင်ဖြည့် စွက်မှုတွေ ပြုလုပ်ခဲ့ပြီး မူးယစ် ဆေးဝါးမှောင်ခိုကိစ္စနဲ့ ပိတ်ဆို့မှု ခံရကြောင်း ကိစ္စတွေကို ဖယ်ရှား ပစ်ခဲ့ကြောင်း ပြောပါတယ်။

ဒါပေမဲ့ Asia World နဲ့ Bell Pottinger တို့ရဲ့ ဆက်ဆံရေး ဟာ မနှစ်က အဆုံးသတ်သွားခဲ့ပါ တယ်။ ဒါကလည်း Bell Pottinger မျှော်လင့်ထားသလိုမျိုး Asia World အနေနဲ့ ပွင့်လင်းမြင်သာတဲ့ အနေအထားမျိုး ကူးပြောင်းဖို့ ပြင်ဆင်မထားတာကြောင့် ဖြစ် တယ်လို့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ မစ္စတာလော်ဟာ သူ့အနေနဲ့ ကိုယ်ပိုင် ဘဏ္ဍာသိုက်မှာ ကြွယ်ဝမှု ဘယ်လောက်ရှိတယ် ဆိုတာကို ထုတ်ပြဖို့ ဘယ်တော့မှ စိတ်ကူးမရှိကြောင်း အသိပေးခဲ့ တယ်လို့လည်း အဲဒီပုဂ္ဂိုလ်က ပြောပြခဲ့ပါသေးတယ်။

Asia World ရဲ့ ပြောရေးဆို ခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ကုမ္ပဏီဟာ အကြံပေးလုပ်ငန်း တချို့ကို အချိန်အတိုင်းအတာတစ်ရပ် ကန့်သတ်ထားတဲ့ စာချုပ် တွေနဲ့ အသုံးချခဲ့တာကြောင့် Bell Pottinger နဲ့ သဘောတူ ညီမှု ပျက်ပြယ်သွားခြင်းဟာ ထူး ထူးခြားခြား ကိစ္စတစ်ခု မဟုတ် ကြောင်း မှတ်ချက်ပေးပါတယ်။ 

မစ္စတာလော်နဲ့ သူ့ရဲ့ ကုမ္ပဏီတို့ကတော့ အစိုးရနဲ့ နီးနီး စပ်စပ် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ပြီး တည်မြဲနေဆဲပါ။ မေလတုန်းက မစ္စတာလော်ဟာ မြန်မာ နိုင်ငံရဲ့ အခွန်ပမာဏ အများဆုံး ထမ်းဆောင်သူ ပုဂ္ဂိုလ်တစ်ဦးအ ဖြစ် အသိအမှတ်ပြုခံရပြီး သမ္မတ ရဲ့ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းကို ခံခဲ့ရပါသေးတယ်။

7Day News Journal

No comments:

Post a Comment

My Blog List