Monday, October 27, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်နှုန်းသတ်မှတ်ရန် ပြည်သူများထံမှ အကြံပြုချက်တောင်းခံ


ရန် ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများလျော့ကျ စေရန် ယာဉ်အမျိုးအစားအလိုက် မိုင်နှုန်းများသတ်မှတ်ရန် ပြည်သူများ ထံမှ အကြံပြုချက်တောင်းခံနေပြီ ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန် လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ အောက်တိုဘာ ၂၆ရက်တွင်ထုတ်ပြန် လိုက်သည်။
''အခုကပြည်သူလူထုရဲ့သဘော ကို အရင်မေးကြည့်တာပဲရှိသေး တယ်။ သတ်မှတ်ဖို့တော့ အစီအစဉ် ရှိတယ်''ဟု ရန်ကုန်-မန္တလေးအမြန် လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့(နေပြည်တော်)မှ တာဝန်ကျအရာရှိတစ် ဦးက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးတွင်ဖြစ်ပွားခဲ့သော ယာဉ်မတော် တဆမှုများမှာ အရှိန်လွန်မောင်းနှင် မှုကြောင့်ဖြစ်ပွားရသော မတော်တ ဆမှုမှာ အများဆုံးဖြစ်ကြောင်းတွေ့ ရှိရသဖြင့် ယခုကဲ့သို့အမြန်နှုန်း ကန့်သတ်ရန်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

''အမြန်လမ်းအသုံးပြုသူ ခရီး သွားပြည်သူတွေ ယာဉ်မတော်တဆ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် မော်တော်ယာဉ်အုပ်စုအလိုက်မောင်း နှင်ရမယ့် အရှိန်နှုန်းကန့်သတ်ရန်လျာ ထားမှုကို ရန်ကုန်-မန္တလေးအမြန် လမ်းဖေ့စ်ဘွတ်ခ်စာမျက်နှာမှာဝင် ရောက်အကြံပြုပေးနိုင်ပါတယ်''ဟု ရန်ကုန်-မန္တလေးအမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့(နေပြည်တော်)မှ တာဝန်ကျအရာရှိတစ်ဦးက ပြော သည်။

အဆိုပါ အမြန်လမ်းမကြီးတွင် အသုံးပြုလျက်ရှိသော မော်တော် ယာဉ်များမှ မော်တော်ယာဉ်အုပ်စုအ လိုက် မောင်းနှင်သင့်သည့်အမြန်နှုန်း အားသတ်မှတ်ရာတွင် Light Truck / Dyna /Canta ယာဉ်အုပ်စု (60)km / (1) hr, Express ခရီးသည် တင်ယာဉ်ကြီးများအုပ်စု (80)km / (1) hr, ကိုယ်ပိုင်လူစီးယာဉ်ငယ်များ နှင့် အခြားယာဉ်များ (100)km / (1) hr ဟု သတ်မှတ်လိုက်ကြောင်း ယင်းထုတ်ပြန်ချက်မှ သိရသည်။

''အမြန်လမ်းမကြီးမှာ ၆ဝ ကီလို မီတာအောက်မောင်းတာ မသင့်တော် ပါဘူး။ ၈ဝ နဲ့ ၁ဝဝ ကတော့ အလွန် ကောင်းပါတယ်။ အနောက်နိုင်ငံအ မြန်လမ်းတွေမှာ ၆ဝအောက်မောင်း ရင်ဖမ်းခံရမှာပါ။ အခြားကားတွေ အတွက်အန္တရာယ်များပါတယ်''ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်- မန္တလေးအမြန်လမ်းဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဝင်ရောက်အကြံပြုပေး သူဦးစောသန်းလွင်က အကြံပြုရေး သားထားသည်။

MAT (Myitmakha)
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List