Thursday, October 30, 2014

ဖိလစ်ပိုင် သမ္မတ အကွီနို ဒုတိယသက်တမ်း အရွေးခံမည်မဟုတ်


ဖိလစ်ပိုင် သမ္မတ အကွီနိုသည် သမ္မတ ဒုတိယသက်တမ်း ဆက်လက် အရွေးခံတော့မည်မဟုတ်ဟု အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဒုတိယသက်တမ်း ဆက်လက်အရွေးခံရန် စီစဉ်ပါက ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ရေးဆွဲရန် လိုအပ်မည်ဖြစ်သောကြောင့် ပြည်သူများအကြား အငြင်း ပွားနေသော ကိစ္စရပ်လည်းဖြစ်သည်။

အကွီနိုသည် သြဂုတ်လအတွင်းတွင် ထိုသို့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့သဖြင့် ၎င်းသည် ဆန့်ကျင်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံသည် သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏ အာဏာရှင်စနစ် အရိပ်မည်းများကို ရင်ဆိုင်နေရသော နိုင်ငံဖြစ်သည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိလာသော အကွီနိုသည် နိုင်ငံ၏ ဖွဲ့စည်းပုံ အရ ၆ နှစ်ကြာသက်တမ်း တစ်ခုတည်းကိုသာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

“တစ်ချို့လူတွေက ကျွန်တော် ဒုတိယသက်တမ်း ၀င်အရွေးခံဖို့ လိုအပ်တယ်လို့ ပြောနေကြတာ တွေရှိ တယ်။ ကျွန်တော်က ဒီလိုမထင်ပါဘူး”ဟု အကွီနိုသည် စီးပွားရေးသမားများကို မိန့်ခွန်းပြော ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အကွီနိုသည် မဲဆန္ဒရှင်များကို သူ၏နေရာအား ၂၀၁၆ ခုနှစ်တွင် ဆက်ခံမည့်လူကို သင့်တော်စွာ ရွေးချယ် နိုင်စေရန် တွန်းအားပေးခဲ့သည်။

စစ်တမ်းများတွင်လည်း ထိုရွေးချယ်မှိုကို ဆန့်ကျင်သူများ အများအပြားရှိနေသည် ကို တွေ့ရှိခဲ့ရသည်။ အကွီနိုက ပြောကြားရာတွင် သူသည် သူ၏ မဟာမိတ်တစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီး မန်နူရယ်ရော ဆက်ကို သူ၏ နေရာဆက်ခံ သူအဖြစ် သဘောတူကြောင်းပြောကြားခဲ့သည်။ 

သို့သော် စစ်တမ်းကောက်ယူမှုများတွင် မန်နူရယ်ရောဆက်သည် ဒုတိယသမ္မတ ဂျေဂျိုမာဘင်နေထက် ရေပန်းစားမှု လျော့နည်းနေခဲ့သည်။ ဂျေဂျိုမာ ဘင်နေ သည် အတိုက်အခံပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတနှင့် ဒုတိယသမ္မတကို သီးခြားစီရွေးချယ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List