Tuesday, October 28, 2014

ပင်လယ်ရေပိုင်နက်ကိစ္စ ပူးပေါင်းဖြေရှင်းရန် ဗီယက်နမ်နှင့်တရုတ် သဘောတူ


ဗီယက်နမ်နဲ့ တရုတ်ခေါင်းဆောင်တွေ မနေ့က ဟနွိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ပင်လယ်ရေပိုင်နက်ပြဿ နာကို ပူးပေါင်းဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။ပြီးခဲ့တဲ့မေလက ဗီယက်နမ်က ပိုင်ဆိုင်တယ်ဆိုတဲ့ ပင်လယ်ပြင်မှာ တရုတ်ရေနံ တူးစင်တခု လာဆောက်ရာကနေ နှစ်နိုင်ငံသင်္ဘောတွေ ရန်စောင်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဟနွိုင်မြို့မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီကြီးရဲ့ အထွေထွေအတွင်းရေးမှူး၊ ဗီယက်နမ်သမ္မတ၊ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့ကို အသီးသီး တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း နှစ်နိုင်ငံရေပိုင်နက်ပြဿနာကို အကောင်းဆုံးညှိနှိုင်းအဖြေရှာဖို့ နှစ်နိုင်ငံသဘော တူတယ်လို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့တပတ်ကတော့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး တရုတ်ပြည်ကို သွားရောက်ပြီး နှစ်နိုင်ငံတပ်မတော်
တွေ တိုက်ရိုက်ချိတ်ဆက်ဆက်ဆံဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အခုလိုလမ်းဖွင့်ဖို့ ဗီယက်နမ်နိုင်ငံက ပြီးခဲ့တဲ့မေလက ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒီအတောအတွင်း ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့လည်း စစ်ရေးနားလည်မှုတွေ ရယူခဲ့ပြီးနောက် အခုလ ၂ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ နှစ် ၃၀ ကြာ လက်နက်ပိတ်ပင်မှုကို ဖြေလျော့ပေးခဲ့ပါတယ်။

တရုတ်နဲ့ဗီယက်နမ် တပ်မတော်တွေ နားလည်မှုလွဲရင် ဒေသတွင်းပြဿနာ ကြီးကြီးမားမား တက်လာနိုင်စရာရှိ တယ်ဆိုတာကို နှစ်နိုင်ငံလုံးက နားလည်လက်ခံထားကြပါတယ်။

DVB

No comments:

Post a Comment

My Blog List