ဒီနေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကို ထောက်ခံကြိုဆိုလိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီ အက်ဖ်) က တိုက်တွန်း လိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးတဲ့ တိုင်းရင်းသားညီလာခံတရပ် အမြန်ဆုံးကျင်းပနိုင်ဖို့လိုလားကြောင်း ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဥပဒေဘောင်အတွင်းက မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ ဥပဒေ ဘောင်တွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့ အတွက် ဒီအဖွဲ့ အစည်းတွေ တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အထောက် အကူ ပြုမယ်လို့ ယုံကြည်ကြောင်း တိုင်းရင်းသား ပါတီ ၉ ခုနဲ့ ဖွဲ့စည်းထားတဲ့ အန်ဘီအက်ဖ်ပါတီ အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက ဦးဘရှိန်က ပြောပါတယ်။
“တွေ့ဆုံဖို့ နိုင်ငံတော် အစိုးရက ကူညီ စီစဉ်ပေးမယ်ဆိုလို့ရှိရင် ကောင်းတဲ့ အလုပ်တခုလို့ သဘောရတဲ့ အတွက်ကြောင့် ဒီကြေညာချက်ကို ထုတ်လိုက်ရ တာပါ။”
ဒါ့အပြင် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင် တွေ ဒီကနေ့ တွေ့ဆုံမှုဟာ တစုံတရာ တန်ဖိုးရှိ တယ်လို့ မှတ်ယူထားကြောင်း သူက ပြောပါတယ်။
၂၀၁၄ ခုနှစ်မကုန်မီ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ် လတ်မှတ်ရေးထိုးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး မူဘောင်တွေ ချမှတ်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်တွေအတိုင်း ကျင်းပဆောင်ရွက်သွားဖို့ တိုက်တွန်းထား ပါတယ်။
DVB
No comments:
Post a Comment