Wednesday, October 29, 2014

တရုတ်အနောက်မြောက်ပိုင်တွင် စာမေးပွဲ ခိုးချသည့် ကျောင်းသား ၂၀၀၀ ကျော်ကို ရဲများဖမ်းဆီး


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျီအန်းပြည်နယ်တွင် အောက်တိုဘာ ၁၈ နှင့် ၁၉ ရက်များတွင် ပြုလုပ် သည့် ဆေးဝါးကျွမ်းကျင် လိုင်စင်အတွက် စာစစ်ဌာန ခုနစ်ခုတွင် ကျောင်းသား ၂၅၀၀၀ ကျော် စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ကြရာ ခေတ်မီနည်းပညာများ အသုံးပြုခိုးချခဲ့သူ ၂၄၄၀ ဦးအား ရဲများက ဖမ်းဆီး လိုက်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများသည် စာမေးပွဲတွင် လျို့ ဝှက်အသံဖမ်းကိရိယာဖြင့် ကြိုးမဲ့အသံဖမ်းကိရိယာများ နားတွင်တပ်ဆင်ဖြေဆိုခြင်း သို့ မဟုတ် စာရေးစားပွဲခုံပေါ်တွင် နည်းပညာမြင့် လျှပ်စစ်အမှားပြင်ကိရိယာ များခိုးတပ် ထားကာ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

စာမေးပွဲခိုးချသည့်အစီအစဉ်တွင် ယင်းကိရိယာကို ထုတ်လုပ်သူတို က စာမေးပွဲဖြေသူများထံသို့ ရေဒီယို လှိုင်းမှတစ်ဆင့် အဖြေမှန်များ ပြောပြပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရန် ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ၃၃၀ ပေးထားရသည်။ စာမေးပွဲ စစ်ဆေးချိန်တွင် ပုံမှန်မဟုတ်သော ရေဒီယိုလှိုင်းများ ထုတ်လွှင့်မှုကို စုံစမ်းတွေ့ ရှိသဖြင့် စစ်ဆေးရာမှ ယင်းသို့ မသမာမှုပေါ်ပေါက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် စာမေးပွဲအခြေပြုပညာရေးစနစ်ကို အားထားမှုကြောင့် စာခိုးချသည့်စနစ်သို့ ဦးတည် သွားစေကြောင်း ပေကျင်းအခြေစိုက် ပညာရေးအတိုင်ပင်ခံ ကျိအန်းကပြောသည်။

"ဒီလိုမျိုးအဖြစ်အပျက်တွေ များစွာရှိတယ်။ မသမာလုပ်ပြီး လက်မှတ်ရဖို့ ကိုပဲဦးတည်တော့ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိဖို့ ဆိုတာကို ထည့်မစဉ်းစားကြတော့ ဘူး။ဒါကြောင့် စာမေးပွဲမှာ မသမာနည်းလမ်းတွေသုံး တာက ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်ပွားနေတော့တာပဲ။" ဟု ၎င်းက ပြောသည်။

နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် စာစစ်ဌာနက စာခိုးချကြမည့် ကိရိယာများကို သတ္တုထောက် လှမ်းရေးကိရိယာများသုံးကာ ရှာဖွေနေရသည်မှာ လေဆိပ်များရှိ လုံခြုံရေးဖြတ်သန်းဂိတ်က စစ်ဆေးမှု ထက်ပင် တင်းကြပ်စွာပြု လုပ်နေရကြောင်းလည်း ၎င်းကပြောသည်။

ဖမ်းဆီးခံလိုက်ရသူ ကျောင်းသားများအနေဖြင့်  ဆေးဝါးလက်မှတ်ရရှိရေးစာမေးပွဲ ဖြေဆိုခွင့်နှစ်နှစ်ပိတ်ပင် သွားမည်ဖြစ်ကြောင်း ပြည်နယ်စာစစ်ဌာနအကြီးအကဲ တုဖန်စူအိုင်းကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List