Tuesday, October 28, 2014

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး စွပ်စွဲခံရတာကို ထိုင်းတရားရုံးချုပ်ကို ကန့်ကွက်စာတင်ပြီ


ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုကို ကျူးလွန်တယ်လို့ အသက်အန္တရာယ် ခြိမ်းခြောက်ပြီး မြန်မာနှစ်ဦးကို ဝန်ခံခိုင်းတာနဲ့ပတ်သက်လို့ ကန့်ကွက်စာကို ဒီကနေ့မှာ ထိုင်းနိုင်ငံ တရားရုံး ချုပ်သို့ တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

ကန့်ကွက်စာကို မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့၊ ထိုင်းရှေ့နေများကောင်စီ၊ ဖမ်းဆီခံ မြန်မာနှစ်ဦးရဲ့ မိဘအုပ်ထိန်းသူတွေ ထိုင်းနိုင်ငံ တရားရုံးချုပ်သို့ သွားရောက် ပေးပို့ခဲ့တာလို့ အဲဒီအလုပ်သမားအရေးကို လိုက်ပါဆောင်ရွက်နေတဲ့ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ထိုင်းနိုင်ငံမှုခင်းဆရာဝန်တွေဆီသို့လည်း ပေးပို့ခဲ့တယ်လို့ သူက ဆိုပါတယ်။

လူသတ်မှု ကျူးလွန်တယ်လို့ မဝန်ခံရင် “ခြေလက်တွေကို ဖြတ်ပြီး ဂုံနီအိတ်ထဲ ထည့်ပြီးတော့ မြစ်ထဲမျှော မယ်”၊ “ကားတာယာကွင်းတွေနဲ့ ပတ်လို့ ရေနံဆီလောင်းပြီးတော့ မီးရှို့သတ်ဖြတ်ပစ်မယ်” ခြိမ်းခြောက် ခဲ့တဲ့အပြင် ထိုင်းရဲနဲ့ ဘာသာပြန်သူကပါ ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ မြန်မာနှစ်ဦးက မိဘအုပ်ထိန်း သူတွေနဲ့ အောက်တိုဘာလ ၂၄ရက်နေ့က ကော့စမွေ အကျဉ်းထောင်မှာ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံရင် ရိုက်နှက်မခံရတဲ့အပြင် ပြစ်ဒဏ်လည်း လျော့နည်းအောင် ကူညီပေးမယ်ဆို လို့ ဝန်ခံခဲ့ရတာလို့ မြန်မာနှစ်ဦးက ပြောဆိုခဲ့ပါတယ်။

အဲလို စစ်ဆေးမှုတွေနဲ့ မြန်မာနှစ်ဦး စွပ်စွဲဖမ်းဆီးထားတဲ့အတွက် ကန့်ကွက်စာကို အောက်တိုဘာလ ၂၄ ရက်နေ့က မိဘအုပ်ထိန်းသူတွေနဲ့ ဖမ်းဆီးခံ မြန်မာနှစ်ဦး ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ကော့စမွေ တရားရုံးကို သွားရောက် ပေးပို့ခဲ့ကြပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List