Tuesday, October 28, 2014

EU ဘက်သို့ ယိမ်းသော နိုင်ငံရေးပါတီများ ယူကရိန်း ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရ


ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျပ်အတည်းများအပြီး ပထမဆုံးအကြိမ်အဖြစ် ပါလီမန်ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့ရာ အနောက်အုပ်စုကလိုလားသော နိုင်ငံရေး ပါတီ အုပ်စုများက အနိုင်ရရှိသွားသဖြင့် ဥပဒေပြုပါလီမန်တွင် အဆိုပါ အင်အားစုများက လွှမ်းမိုးနိုင်တော့ မည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မဲများကို ရေတွက်မှုဖြစ်စဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာချိန်တွင် သမ္မတ ပီတရိုပိုရိုရှန်ကို၏ အင်အား စုက မဲအများဆုံး ရနေပြီး ဝန်ကြီးချုပ် အာစီနီ ယက်ဆန်ယက်ခ်၏ ပါတီက ဒုတိယနေရာမှ လိုက်နေသည်။

ပြုပြင်ပြောင်းလဲရေးကို လိုလားသော၊ ဥရောပဘက်ကို လိုလားသော လူများစု ဖြစ်စေရန် မဲပေးခဲ့သော ထောက်ခံသူ မဲဆန္ဒရှင်များကို ကျေးဇူးတင်ပါကြောင်း မစ္စတာပိုရိုရှန်ကိုက ပြောကြားခဲ့သည်။

ပြည်တွင်းစစ် ပဋိပက္ခနှင့် ဆက်စပ်ရာ ဒေသကြီးနှစ်ခုမှ လူဦးရေ သုံးသန်းခန့်မှာ မဲပေးခဲ့ရခြင်း မရှိပေ။

ဒိုနက်စ်ခ်နှင့် လူဟန်စ်ခ်ဒေသများတွင် အခြေစိုက်လျက်ရှိသော ရုရှားကို လိုလားသည့် ခွဲထွက်ရေးသမား တို့က အဆိုပါဒေသ၏ ရွေးကောက်ပွဲကို ၎င်းတို့ကိုယ်တိုင် ပြီးခဲ့သည့်လတွင် လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ရုရှားပိုင်နက်ဘက်သို့ ဘက်ပြောင်းသွားခဲ့သော ကရိုင်းမီးယားဒေသမှ လူဦးရေ ၁ ဒသမ ၈ သန်းသည် လည်း အဆိုပါ ရွေးကောက်ပွဲသို့ ပါဝင်ခဲ့ခြင်း မရှိပေ။

မဲပေးနိုင်သူ လူဦးရေ၏ ၅၁ ရာခိုင်နှုန်း လာရောက်မဲပေးကြသည်ဟု ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားသည်။

သို့သော် ယင်းကိန်းဂဏန်းသည် အရှေ့ဖျားနှင့် အနောက်ဖျားကို မူတည်လျက် ကွာခြားနိုင်ပြီး အနောက် ဘက်ပိုင်း ဒေသများတွင် မဲလာပေးသူဦးရေ ၇၀ ရာခိုင်နှုန်း ပျမ်းမျှရှိကြကာ ဒိုနက်စ်ခ်ကဲ့သို့သော ပြည်တွင်း စစ်ဖြစ်ရာ ဒေသနှင့် နီးစပ်သည့် ပြည်နယ်များတွင် မဲလာပေးသူမှာ ၃၀ ရာခိုင်နူန်းခန့်သာ ရှိသည်။

ရုရှားကို လိုလားသော ဗစ်တာယာနူကိုဗစ်ခ်ျ အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ယခုခေါ်ယူခဲ့သော ပါလီ မန်ရွေးကောက်ပွဲသည် ယူကရိန်းကို လမ်းကြောင်းအသစ်ပေါ်သို့ ပြန်ပို့နိုင်အောင် လုပ်ဆောင်ပေးခြင်းဟု သမ္မတ ပိုရိုရှန်ကိုက ပြောကြားထားခဲ့သည်။

ယူကရိန်း နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း အနည်းဆုံး လူ ၃၇၀၀ သေဆုံးခဲ့ရကာ ၎င်းတို့အနက် ၃၀၀ ခန့် မှာ စက်တင်ဘာ ၅ ရက်နေ့တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း သေဆုံး ကြသူများ အရေအတွက် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List