Friday, October 31, 2014

မာလာလာ ကလေးသူငယ်ဆိုင်ရာ နိုဘယ်ဆု ရရှိ


ကလေးသူငယ် အခွင့်ရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မာလာလာ ယူဆက်ဖ်ဇာရီသည်  ဆွီဒင်နိုင်ငံတွင် ၂၀၁၄ ခုနှစ် ကမ္ဘာ့ ကလေးသူငယ် အခွင့်ရေးဆိုင်ရာ Children's Nobel ဆုကို အောက်တိုဘာ၂၉ ရက်က ချီးမြှင့်ခံခဲ့ရသည်။

"မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် သတ္တိရှိရှိ တိုက်ပွဲဝင် ခဲ့တဲ့အတွက် အသက် ၁၇ နှစ်အရွယ်ရှိ မာလာလာကို ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့တာပါ" ဟု ဆုပေးအပ်သည့်အဖွဲ့က ပြောကြားသည်။

မာလာလာသည် ယခုလအစောပိုင်းက ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရကာ ကမ္ဘာပေါ်တွင် အသက်ငယ်ဆုံး နိုဘယ်ဆုရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ကလေးငယ်များဆိုင်ရာ နိုဘယ်ဆုအဖြစ် လူအများသိသော ယင်းဆုကို ရရှိခဲ့အတွင် ဂုဏ်ယူမိပါကြောင်းမာလာလာ က ပြောကြားခဲ့သည်။

ကမ္ဘာ့ ကလေးသူငယ် အခွင့်ရေးဆိုင်ရာ နိုဘယ်ဆုကို ကမ္ဘာပေါ်တွင် ကလေး သူငယ် အခွင့်ရေးအတွက် ထောက်ပံ့လုပ်ဆောင်ပေးသူများကို ချီးမြှင်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List