ဘရာဇီး ရွေးကောက်ပွဲမှာ လက်ရှိ အမျိုးသမီး သမ္မတ ဒီလ်မာရူးဆက်ပဲ ဒုတိယသက်တမ်းအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ဘရာဇီးသမ္မတရွေးကောက် ပွဲ ရလဒ်တွေအရ အရွေးခံရတာပါ။
သမ္မတ ရူးဆက်ဟာ အဓိက ပြိုင်ဘက် ဗဟိုလက်ယာ နိုင်ငံရေးသမား အာဆူး နက်ဗစ် ထက် မဲအသာနဲ့ အနိုင်ရခဲ့တာပါ။
တရားဝင် ရလဒ်တွေမှာ မစ္စစ် ရူးဆက်က ၅၁ ရာခိုင်နှုန်းကျော် မဲရပြီး ပြိုင်ဘက် နက်ဗစ်က ၄၈ ရာခိုင်နှုန်း ကျော် ရခဲ့တယ်လို့ ရွေးကောက်ပွဲ ခုံရုံးက ကြေညာပေး ခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၆ နှစ်အရွယ် မစ္စစ် ရူးဆက်ဖ် ကိုယ်စားပြုတဲ့ အလုပ်သမားပါတီဟာ ဘရာဇီးမှာ အစိုးရ နေရာကို ရယူထားနိုင်တာ ၁၂ နှစ် ရှိပြီ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment