Tuesday, October 28, 2014

တရုတ်အစိုးရက စစ်ရေးအသုံးစရိတ်များကို အနီးကပ်စောင့်ကြည့်သွားမည်


ဘဏ္ဍာငွေသုံးစွဲမှုကို တင်းကြပ်စွာစောင့်ကြည့် ထိန်းချုပ်ခြင်းဖြင့် စစ်အသုံး စရိတ်များ အကျိုးရှိရှိသုံးစွဲမှုကို မြှင့်တင်ရန် တရုတ်အစိုးရ ရည်ရွယ်ထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အောက်တိုဘာ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြည့်အ၀လုပ်ဆောင်သွားမည့် ရလဒ်အခြေခံ စီမံခန့်ခွဲမှုစနစ်သစ်အရ ပုဂ္ဂလိက အဖွဲ့များနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများတွင် ထိရောက်မှုမရှိသော အသုံးစရိတ်များကို စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စနစ်ကို ဗဟိုစစ်ကော်မရှင်က ထောက်ခံထားပြီး အောက်တိုဘာ၂၆ရက်တွင် ပြည်သူသို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ပြည့်သူ လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အထွေထွေ ပို့ဆောင်ရေးဌာနကလည်း ယင်းစနစ်ကို ထောက်ခံထားသည်။ စစ်ရေးစွမ်းရည် တိုးမြှင့်ရန်လုပ်ဆောင်ရာတွင် စစ်အသုံးစရိတ်များကို အကျိုးရှိရှိ သုံးစွဲစေရေးအတွက် အဆိုပါစနစ်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

"ခေတ်သစ် စစ်ဆင်ရေးတွေဟာ ငွေကြေးနှင့် စက်လက်နက်ပစ္စည်းများ အမြောက်အမြားသုံးစွဲမှုအပေါ် အခြေခံပါတယ်။

အသုံးစရိတ်စီမံခန့်ခွဲမှုဟာလည်း စစ်တပ်အတွက် အရေးပါတဲ့အချက် တစ်ချက်ဖြစ်ပါတယ်။ရလဒ်အခြေခံ စီမံခန့်ခွဲမှုစနစ် ကျင့်သုံးခြင်းကြောင့် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို တိကျစွာတွက်ချက်နိုင်မှာဖြစ်တယ်။ဘဏ္ဍာငွေသုံးစွဲမှုတွေကိုလည်း စောင့်ကြည့်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင် ရည်မှန်းချက်ကို အကောင် ထည်မဖော်နိုင်သူများကိုလည်း တင်းတင်းကြပ်ကြပ်ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်"ဟု အစီရင်ခံစာတွင်ပြော ကြားထားသည်။.

အဆိုပါ စနစ်ကို စစ်ဆေးရုံများ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများအပါအ၀င် ဒေသငါးခုရှိ PLA ဌာနချုပ်များနှင့် ဒေသတွင်း စစ်ဘက်ဆိုင်ရာ ကွပ်ကွဲမှုရုံးများတွင် ယခုနှစ်အတွင်း ပဏာမအချက်လက်များအပေါ်အခြေခံ၍ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် PLA အတွက် ယွမ်ငွေ ၈၀၈ ဒသမ ၂၃ ဘီလီယံသုံးစွဲသွားမည်ဖြစ်ပြီး ယခုနှစ်မကုန်ခင် တွင် ၁၂ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖြစ် ကာ နှစ်ဆတိုးမြှင့် သွားမည်ဖြစ်ကြောင်း တရုတ် အစိုးရက မတ်လတွင်ကြေညာခဲ့ သည်။တရုတ်အစိုးရ၏ စစ်ဘက်ဆိုင်ရာ အသုးံစရိတ်များတိုး မြှင့်ခြင်း သည် ရေပိုင်နက် အငြင်းပွားနေသော ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံကဲ့သိုသော အာရှ-ပစိဖိတ်နိုင်ငံများ အကြားတွင် စိုးရိမ်မှုများကို မြှင့်တတ်စေခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List