Friday, October 31, 2014

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးဖြစ်မြောက်ရေး သံချပ်ဖြင့် နှိုးဆော်


နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး နှိုးဆော်ရန် ဖွဲ့စည်းထားသည့် သံချပ် အဖွဲ့က အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ မုံရွာမြို့အတွင်း နှစ်ရက်တာ လှည့်လည်ဖျော်ဖြေမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ရည်ရွယ်ပြီး သံချပ်ဖျော်ဖြေပွဲ နဲ့အတူ မြို့တွင်း အလှူခံသွားမှာ ဖြစ်ပါတယ်။ မုံရွာမြို့ပေါ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကွန်ရက် (တကသ)နဲ့ မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်’’ ဟု အဆိုပါ သံ ချပ်ဖျော်ဖြေပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ကိုဝေမိုးနိုင်ကပြောသည်။

လွှတ်တော်က အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးမှ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ)အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူ များ စု ပေါင်း၍ အရေးပေါ်အစည်းအ ဝေးကို နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ရန်ကုန်မြို့၊ ခ၀ဲခြံ မျက်မမြင် ကျောင်း၌ ကျင်းပမည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်သော သံချပ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သံချပ်များ၊ နိုင်ငံရေး အခြေ အနေ နှင့်ပတ်သက်သော သံချပ်များ စသည့် သရော်ထားသည့် သံချပ်များဖြင့် ဖျော်ဖြေသွားမည် ဖြစ် ကြောင်း သတင်း ရရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List