Friday, October 31, 2014

ထိုင်းတရားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာမည်



ထိုင်းနှင့် မြန်မာ နိုင်ငံ နယ်စပ်မှ မူးယစ်ဆေးဝါး ပြဿနာများကို အဖြေရှာဆွေး နွေးရန် ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန်ကွန် ချာရာ မြန်မာ နိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်တွင် လာရောက်မည်ဟု ထိုင်းဘန်ကောက်ပို့စ် သတင်းစာက ရေးသား ထားသည်။
၎င်းသည် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီး ထိုင်းနယ်စပ် သို့ ဖြတ်ကျော်ဝင်ရောက်နေသော မူးယစ်ဆေးဝါးများကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ပိုင်ဘွန်က ပြောသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ တွင် ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး ဆတသ်ပီတာရတ်၊ မူးယစ်ဆေး ဝါး ထိန်းချုပ်ရေးရုံးမှ ပန်ပွန် ချာအို ဝလစ်နှင့် မယ်ဖလွန်ဖောင်ဒေး ရှင်းမှ မစ္စတာဒစ်နာဒါဒီစကူတို့ ပါဝင်မည်ဖြစ်သည်။

ယခုခရီးစဉ်သည် မကြာ သေးမီက မြန်မာသို့ လာရောက်ခဲ့ သော ထိုင်းဝန်ကြီးချုပ်ပရာယွတ် ၏ ခရီးစဉ် နောက်ဆက်တွဲ ဆောင်ရွက်မှုဖြစ်ပြီး အဆိုပါ မူး ယစ်ဆေးဝါးပြဿနာကို ပရာ ယွတ်က မြန်မာနှင့် ဆွေးနွေးလို ကြောင်း ပြောကြားခဲ့ သည်ဟု ဆိုသည်။

နယ်စပ်မူးယစ်ဆေးဝါး ပြ ဿနာကို နယ်စပ်တွင် နေထိုင်နေ ကြသော တိုင်းရင်းသားအုပ်စုများ ပါဝင်ပတ်သက်မှုကလည်း အ ဓိကပြဿနာ ဖြစ်လာပြီဟု ၎င်းက ဆိုသည်။

ခရီးစဉ်အတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရာဒေသတွင် အခြား အစားထိုးသီးနှံများ စိုက်ပျိုးမည့် အစီအစဉ်များကို မိတ်ဆက်သွားမည်ဟု တရားရေးဝန်ကြီးက ပြောသည်။

7 day

No comments:

Post a Comment

My Blog List