ဆွစ်ဇာလန်အစိုးရရဲ့ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ ဆွစ်မီဒစ် (swissmedic) က အီဘိုလာကာကွယ်ဆေး စမ်းသပ်ထိုးနှံဖို့ ဂျီနီဗာမြို့နဲ့ လောင်ဆန်နေမြို့က တက္ကသိုလ်ဆေးရုံ ၂ ခုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က အတည်ပြု ပေးလိုက်ပါတယ်။ ဒီကာကွယ်ဆေးကို CAD3 အီဘိုလာလို့ ခေါ်ပြီး အမေရိကန် ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါဆိုင်ရာအဖွဲ့နဲ့ ဆေးထုတ်လုပ်ရေးကုမ္ပဏီ ဂလာဇိုစမစ်ကလင်း တို့က ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။
ကိုယ်ခံအား တုံ့ပြန်စွမ်းနဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုကို စမ်းသပ်တာပါ။ ပထမဆုံး ရလဒ်ကို ၂၀၁၄ ဒီဇင်ဘာလမှာ ရဖို့ မျှော်လင့်ထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်း ဝန်ထမ်းတွေနဲ့ ဆေးကျောင်းသားတွေပါတဲ့ လုပ်အား ပေးတွေက ကူးစက်ခံဒေသတွေဆီ ဦးဆောင်သွားဖို့ မျှော်လင့်နေပါတယ်။
ကာကွယ်ဆေးနဲ့ ခရီးသွားဆေးပညာဌာနရဲ့ ခေါင်းဆောင် ပါမောက္ခ ဘလိုင်စေ ဂန်တွန်က “ရောဂါကူးစက်နေတဲ့ဒေ သတွေက လူနာတွေကို ကုသမယ့်သူတွေ အတွက် ကာကွယ်ဆေး ထိုးထားရင် ထိရောက်တဲ့ ကာကွယ်မှု ဖြစ်လာမယ်။ ဒါပေမယ့် ကာကွယ်ရေးရဲ့ ထိရောက်မှုကို ကျနော်တို့ မသိသေးလို့ ကနဦးစမ်းသပ်ဖို့ လူတွေနဲ့ စမ်းသပ်ဖို့ လိုတယ်။ ဒီကာကွယ်ဆေးကို အီဘိုလာ ကူးစက်ခံဒေသတွေမှာ အဓိကသုံးမှာ ဖြစ်ပြီး အီဘိုလာကူးစက်မှု မရှိတဲ့နိုင်ငံတွေက လူတွေအတွက် ထိုးဖို့ မလိုဘူး။”လို့ ပြောပါတယ်။
စမ်းသပ်ထိုးနှံမှုကနေ ဒီဆေးကို ဘယ်လောက်ပမာဏ ထိုးနှံရင် ထိရောက်မလဲ ဆိုတာ ရွေးချယ်နိုင်ဖို့ လုပ်အားပေး အယောက်ထောင်ချီပြီး ပါဝင်နိုင်ဖို့ စီစဉ်ထားပါတယ်။
တကယ်လို့ ဒီဆေးက ဘေးကင်းထိရောက်တယ်ဆိုရင် ကာကွယ်ဆေးကို လာမယ့်နှစ် ပထမ ၃ လအတွင်း ထုတ်လုပ်မှု အတွက် အဆင့်မြှင့်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။
DVB
No comments:
Post a Comment