Monday, October 27, 2014

ကန်နဲ့ ဗြိတိန် တပ်စခန်းကို အာဖရန်လက်ထဲ လွဲအပ်



အာဖဂန်နစ္စတန်နိုင်ငံမှာထားရှိတဲ့ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံ စစ်စခန်းတွေကို အာဖဂန်ရဲ့လက်ထဲ တရားဝင် ပေးအပ် လိုက်ပါပြီ။ Helmand ပြည်နယ်မှာရှိတဲ့ Leatherneck နဲ့ Bastion ဆိုတဲ့ စစ်စခန်းတွေကို ထားရှိတာ နှစ်ပေါင်း ၁၃ နှစ် ရှိပြီးနောက် အခုအခါမှာ ဗြိတိန်နဲ့ အမေရိကန် စစ်သားတွေ စခန်းချတာကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
အာဖဂန်နိုင်ငံအတွင်းက တာလီဘန်တွေကို ခြေမှုန်းစဉ်ကဆိုရင် အဲဒီ စစ်စခန်းမှာ နိုင်ငံခြားသား စစ်သား အယောက် ပေါင်း ၄၀၀၀၀ အထိ ရှိခဲ့ပါတယ်။

အခုအခါမှာ အာဖဂန် စစ်တပ်က သူ့နိုင်ငံရဲ့ လုံခြုံရေးကို အပြည့်အဝ ပြန်လည် ယူနေတဲ့အတွက် အခုလို စစ်စခန်း အပ်နှံတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန် အလံကို တစ်ဝက်တာ လွှင့်ထူခဲ့တာပါ။

အာဖဂန် အတွင်းက စစ်သွေးကြွတွေကို အာဖဂန် စစ်သားတွေ ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက် နှိမ်နင်းမှုတွေ လုပ်လာတဲ့ အတွက် အခုဆိုရင် အာဖဂန် စစ်သား ကျဆုံးမှုတွေ ပိုများလာတယ်လို့လည်း Stephanie March က သတင်းပေးပို့ ထားပါတယ်။

မဟာမိတ် တပ်တွေက အာဖဂန်နိုင်ငံထဲက တာလီဘန်ကို နှိမ်နင်းဖို့ ဝင်ရောက်ခဲ့ပေမယ့်လည်း တာလီဘန်တွေကို အပြီး သတ် မခြေမှုန်းနိုင်ခဲ့ပေမယ့် အာဖဂန်နစ္စတန်မှာ ဒီမိုကရေစီ အစိုးရ တက်လာနိုင်ပြီး အာဖဂန် ပြည်သူတွေရဲ့ လုံခြုံရေးကို အာဖဂန် စစ်တပ်က ပိုမို စောင့်ရှောက်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ဗြိတိန် စစ်တပ်အရာရှိ Michael Fallon က ပြောသွားခဲ့ ပါတယ်။

ABC

No comments:

Post a Comment

My Blog List