ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြို့တော်ဖနွမ်ပင်က ငြိမ်းချမ်းရေးရုံးမှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြိုဆိုရေးအခမ်းအနားနဲ့ ကြိုဆိုပါတယ်။ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရကတော့ ဒီတရားဝင် အလည်အပတ်ခရီးစဉ်ကို သမိုင်း ဝင်လို့ သုံးနှုန်းပါတယ်။
ကမ္ဘောဒီးယားဟာ အတိတ်က ပဋိပက္ခတွေကို လျော့ချမေ့ထားပြီး ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
၂ နိုင်ငံဆက်ဆံရေး အားဖြည့်ဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ၂ ရက်ကြာ အလည် အပတ် ခရီးစဉ်အတွင်း ခေါင်းဆောင်၂ ယောက်ဟာ နယ်စပ်အငြင်းပွားမှု၊ နယ်စပ်ဖြတ်ကျော်စီးပွားရေးနဲ့ စွမ်းအင်ရေးရာပူးပေါင်း ဆောင်ရွက်ရေး တရားမဝင်လူကုန်ကူးမှု ရပ်တန့်ရေးတွေအတွက် ပူးပေါင်းလုပ်ဆောင်ရေး ဆွေးနွေးဖို့ မျှော်လင့်ခံထားရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ရှေးဟောင်းသမိုင်းဝင် ဖရာ့ဗီဟာရ ဘုရားကျောင်း ဝန်းကျင်က မြေအတွက် ဆယ်စုနှစ်ချီ ပိုင်နက်အငြင်းပွားခဲ့တာပါ။
၂၀၁၃ ခုနှစ်ကတော့ ဘုရားကျောင်းဝန်းကျင်က မြေအတွက် အချုပ်အခြာ ပိုင်ဆိုင်မှုကို ကမ္ဘောဒီးယားပိုင် အဖြစ် နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
DVB
No comments:
Post a Comment