Thursday, October 30, 2014

ဘင်္ဂလားဒေရှ့် ဘာသာရေးခေါင်းဆောင် စစ်ရာဇ၀တ်မှုစွဲချက်ဖြင့် သေဒဏ်ချခံရ



ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်တဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ရာဇ၀တ်မှု စွဲချက် တွေနဲ့ သေဒဏ်ချခံရပါတယ်။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေရှ့်နိုင်ငံ ခွဲထွက်ချိန် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုတွေအတွက် သေဒဏ်ချခံ ရတာပါ။
အသက် ၇၁ နှစ်အရွယ်ရှိ သေဒဏ်အချခံရတဲ့ မွန်သီယာရ် ရာဟ်မန် နီဇာမီဟာ ဂျမေးလ် အီး အစ္စလာမ်မီ ဘာသာရေး အဖွဲ့ကြီးရဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

သူဟာ ၀န်ကြီးချုပ် ခါလီဒါ ဇီယာလက်ထက်မှာ ကတ်ဘိနက်ဝန်ကြီးအဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန် ယူခဲ့ပါသေးတယ်။

ဂျမေးလ် အီး အစ္စလာမ်မီ ပါတီကြီးကတော့ တရားရုံးဆုံးဖြတ်ချက် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတ၀န်း ၃ ရက် ကြာ သပိတ်မှောက်ဆန္ဒပြဖို့ လှုံဆော်ထားပါတယ်။

ပါတီဥက္ကဋ္ဌဟောင်းလည်း ထောင်ဒဏ်တသက်တကျန်း ကျခံနေရစဉ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး တခြား ပါတီခေါင်းဆောင်တွေလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

၁၉၇၁ ခုနှစ် ၉ လကြာ ပြည်တွင်းစစ်အတွင်း ပါကစ္စတန်စစ်တပ်ရဲ့ အကြမ်းဖက် မှုတွေနဲ့ လူ ၃ သန်းကျော် သေဆုံးခဲ့ပြီး အမျိုးသမီး ၂ သိန်းလည်း အဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List