Tuesday, October 28, 2014

စည်ပင်ရွေးကောက်ပွဲ ၀င်ပြိုင်သူများတွင် လွှတ်တော်အမတ်အချို့ပင် ပါဝင်လာ



ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ မြို့ နယ်၊ ခရိုင်ကော်မတီအဆင့် ရွေး ကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက် တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ လာရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူများထဲတွင် ရပ်ကွက်အတွင်း လူမှုရေးအဖွဲ့အစည်းများ၌ ဦးဆောင်ပါဝင်သူများ၊ တတ်သိပညာရှင်အချို့၊ အငြိမ်းစား ၀န်ထမ်းများနှင့် လွှတ် တော် ကိုယ်စားလှယ်အချို့ ပါဝင် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရွေးချယ်တင်မြှောက်ပွဲ ကော် မရှင်အဖွဲ့ဝင် ဦးအောင်ခိုင်က ခန့်မှန်း ပြော သည်။
တပ်မတော်မှ ဗိုလ်မှူးအ ဆင့်ရှိ အရပ်ဘက်ပြောင်းစစ်တပ် အသိုင်းအ၀ိုင်းမှ အများစုဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို နှစ် ပေါင်း(၆၀)အကြာတွင် အစိုးရသစ်က ပြန်လည် ကျင်းပရန်ပြင် ဆင်ခြင်းဖြစ်သည်။ သို့သော် လူ ထုစိတ်ဝင်စားစေရန် လှုံ့ဆော်မှု အားနည်းနေသေးပြီး အများစုက ရွေးကောက်ပွဲလုပ်မည်ကိုပင် မသိရှိကြပေ။

‘‘လုပ်မယ်ဆိုတာကို အများ စုက မသိကြသေးဘူး။ တစ်နေ့ တစ်နေ့ ကိုယ့်ရဲ စားဝတ်နေရေးအတွက် ရှာဖွေနေရ တာလေ’’ ဟု ရန်ကင်းမြို့နယ်မှ ၀င်ရောက်အ ရွေးချယ်ခံရန် စာရင်းပေးထားသည့် အငြိမ်းစားကျောင်းဆရာ ဦးရွှေခိုင်က ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ရန် ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်း နေ ထိုင်သူများအနေဖြင့် မြို့နယ်စည် ပင်သာယာရေးကော်မတီ၊ ခရိုင် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင် နေရာတို့ ကို မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်၏ အရေးပါ အရာရောက်သည့် နေ ရာကို ပြည်သူက ရွေးချယ်တင် မြှောက်မည့် ကော်မတီဝင် လေး ဦး အပါအ၀င် မြို့နယ်နှင့် ခရိုင် အဆင့် ကော်မတီဝင် ၁၁၉ ဦးတို့ ကို ပြည်သူက မဲပေးရွေးချယ်ရ မည်ဖြစ်သည်။ အချို့ရပ်ကွက် များအတွင်း၌မူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လှည့်လည်ကြေညာ ခြင်း၊ စာကပ်ခြင်းများ ပြုလုပ်နေ ပြီဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကုန်သည် ဦးမင်းဦးက ဆိုသည်။

မြို့နယ်နှင့် ခရိုင်နေရာများ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လက် ရှိ၌ လျှောက်ထားသူ များပြားနေ ပြီး သတ်မှတ်ရက်မတိုင် မီတွင် စာရင်းပင် ပြည့်သွားကြောင်း ဦး အောင်ခိုင်က ပြောသည်။

မဲပေးရန် မဲစာရင်းကို စတင်ရေးဆွဲပြုစုနေပြီး မဲပေးရမည့်သူ အနေဖြင့် မိမိနာမည် စာရင်း ပါ၊ မပါကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ပေးထားမည်ဖြစ်ကာ မဲပေးမည့်နေ့တွင် အမည်စာရင်း၌ ပါဝင် သူသာ မဲပေးခွင့်ရှိမည်ဖြစ်သည် ဟု ဦးအောင်ခိုင်က ပြောသည်။

ရွေးကောက်ပွဲဝင်ရန် လာ ရောက်စာရင်းသွင်းထားသူများ ကို ယခုလ နောက်ဆုံးပတ်တွင် လူတွေ့မေးမြန်းပြီးဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြု၊ မပြုကို ခေါ်ယူ ပြောကြားမည်ဟု စည်ပင်က အ ကြောင်းကြားထားကြောင်း အ ရှေ့ပိုင်းခရိုင်အတွက် ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသူ တစ်ဦးက ဆိုသည်။

သို့သော် ယခုရွေးကောက် ပွဲတွင် အကြောင်းအချို့ပြသပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မပေး ဘဲ ၎င်းတို့နှင့် နီးစပ်သူ များကိုရွေး ချယ်ယှဉ်ပြိုင်ခွင့်ပေးသွားမည်ကို စိုးရိမ်မိကြောင်း အထက်ပါကိုယ် စားလှယ်က ဆိုသည်။

ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေး ချယ်ခြင်းကို ယခုလ နောက်ဆုံး ပတ်တွင် သိရမည်ဖြစ်သော ကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါက မဲဆွယ်စည်းရုံးခွင့်ကို ကိုယ်စား လှယ်လောင်းများအနေဖြင့် အ ချိန်နှစ်ပတ်ကျော်သာ ရရှိတော့ မည်ဖြစ်သည်။

‘‘ဘယ်သူကို မဲပေးရမယ်ဆို တာ မသိသေးဘူး။ လမ်းထဲမှာ စာတွေ လာကပ်ထားတာတော့ ဖတ်ရတယ်’’ ဟု ရန်ကင်းမြို့နယ် နေ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဆို သည်။

လျှပ်စစ်မီးပြတ်တောက် ခြင်း၊ လမ်းများပြင်ခြင်း၊ ကာ ကွယ်ဆေးထိုးခြင်းများကို ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ကျယ် ကျယ်ပြန့်ပြန့် ကြေညာတတ် သော်လည်း ယခုရွေးကောက်ပွဲ ကိုမူ အားလုံးသိရှိနားလည်စေရန် ရပ်ကွက်အတွင်း လှည့်လည် ဆော်သြခြင်းမျိုး မရှိသေးကြောင်း အထက်ပါ ၀န်ထမ်းက ပြော သည်။

အချိန်ကာလအားဖြင့် အ နည်းငယ်သာလိုတော့သဖြင့် စည် ပင်ရွေးကောက်ပွဲကို အစိုးရပိုင်းမှ ၎င်းတို့၏ လူများအား ထည့်သွင်း ၀င်ရောက်ယှဉ်ပြိုင်စေပြီး ၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအ၀ိုင်းများက အာဏာရ ပြည်ခိုင်ဖြိုး ပါတီနှင့် ကင်းလွတ် ခြင်းနည်းသဖြင့် ယခုရွေးကောက် ပွဲကို တရားမျှတပြီး လွတ်လပ်သည့် စည်ပင်ရွေးကောက်ပွဲ ဖြစ် စေလိုကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။

ထို့ကြောင့် အဆိုပါ ရွေး ကောက်ပွဲကို မှန်ကန်မျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် တက် ကြွလှုပ်ရှားသူများဘက်မှ စောင့် ကြည့်ရေးအဖွဲ့များဖွဲ့၍ စောင့် ကြည့်စေလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်က တိုက်တွန်း သည်။

‘‘မဲပေးရင် မဲပေးခွင့်ရှိတဲ့သူ အားလုံး မဲလာပေးစေချင်ပါတယ်’’ ဟု ရွေးချယ်တင်မြှောက် ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင် ခိုင်က ပြောသည်။

စည်ပင်သာယာရေး နယ်နိ မိတ်အတွင်း နေထိုင်သူများအနေ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ဖြင့် နေထိုင် သည့် အိမ် ထောင်စုတစ်စု၏ အိမ်ထောင်ဦး စီး (သို့မဟုတ်) အိမ်ထောင်ဦးစီး အား ကိုယ်စားပြုသည့် တစ်ဦးကမဲပေးခွင့် ရရှိမည်ဖြစ်သည်။ ထိုသူ များအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော နိုင်ငံသား၊ ဧည့် နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် 


ရသူတို့ ဖြစ်ရမည်ဖြစ်သည်။

မဲပေးခွင့် ရရှိသူများအနေ ဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်သုံးဦး၊ ခရိုင် စည်ပင်သာယာရေးကော်မတီဝင် သုံးဦးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အတွက် တစ်ဦး စုစုပေါင်း ခုနစ်ဦးကို မဲပေးရွေးချယ်ရ မည်ဖြစ်သည်။

အဆိုပါ စည်ပင်ရွေး ကောက်ပွဲသို့ နိုင်ငံရေးနယ်ပယ်မှ တက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးဝင်းချို၊ လွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဦးဖုန်းမြင့် အောင်ကဲ့သို့သူများပင် ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး ဖြစ်သည်။

‘‘ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုလို့ စည်ပင်ရွေးကောက်ပွဲ ၀င်ဖို့ ပါတီကထွက်ထားပြီးပြီ’’ ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြော သည်။

စည်ပင်၏ လွဲမှားနေသော စီမံခန့်ခွဲမှုများကြောင့် လမ်းပေါ် ထွက် ဆန္ဒပြနေရခြင်း၊ လွှတ် တော်တွင်းမှ ပြောဆိုနေ ရခြင်းမှာ မထိရောက်တော့သဖြင့် ယခုကဲ့ သို့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ် ပြိုင်ပြီး အနိုင်ရရှိပါက ဌာနတွင်း ၌ တိုက်တွန်းပြောဆိုမည်ဖြစ် ကြောင်း ဦးဖုန်းမြင့်အောင်က ဆို သည်။

ပြည်သူလူထုနှင့် အနီးစပ် ဆုံး တိုက်ရိုက်ဆက်ဆံဖြေရှင်းရ မည့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲမှုအသစ်များ ပေါ် ထွက်လာရေးအတွက် ယခု ရွေး ကောက်ပွဲက ဆုံးဖြတ်ပေးနိုင် ကြောင်း ဦးဖုန်းမြင့်အောင်က ဆို သည်။

ယခု ရွေးကောက်ပွဲတွင် စည်ပင်၏ အရေးပါသည့် ကော်မ တီဝင် လေးနေရာကို ပြည်သူက ရရှိမည်ဆိုခြင်းကြောင့် ယင်းအ ခွင့်အရေးကို လက်လွတ်မဆုံးရှုံး သင့်ဘဲ ပြည်သူအတွက် အမှန်တ ကယ် အလုပ်လုပ်ပေးမည့် သူကို ရွေးချယ်မဲပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က တိုက်တွန်းပြော ကြားသွားသည်


7Day Daily

No comments:

Post a Comment

My Blog List