Friday, October 31, 2014

ဆီးကျိတ် ကင်ဆာဘေး လျော့ပါးရေး အိုင်တွေ့ တိုင်း ခြေဆေးတတ်ဖို့လို ဟုဆို



အမျိုးသမီးအရေအတွက် များများနှင့် တွေ့ဆုံ ချစ်တင်းနှောဖူးသည့် အမျိုးသားများသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု ဘေးအန္တရာယ်ကို ၃၀ ရာခိုင်နှုန်း နီးပါး လျော့ပါး နိုင်သည်ဟု သုတေသနတစ်ခုအရ သိရသည်။ ဆန့် ကျင်ဖက် အားဖြင့်မူ မေထုန်မှု မကျုး၊ အိမ်ထောင် မပြုဘဲ နေသူ များတွင် ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် နှစ်ဆ ရှိနေပြီး နှစ်စဉ်လည်း ဗြိတိန်တွင် လူ ၁၁၀၀၀ ဦးနီးပါး ဆီးကျိတ် ကင်ဆာကြောင့် သေဆုံး နေရသည်ဟု ဆိုသည်။
ပုံမှန် ကာမ ဆက်ဆံခြင်းသည် ဆီးကျိတ်ဆီမှ သုတ်သွေး မျိုးစေ့ အမြောက် အမြားကို ထုတ်လွှတ် လိုက်၍ကင်ဆာ ဖြစ်စေသောဓာတ်များကို လျော့သွားစေခြင်း ဖြစ်ကြောင်း သုတေသန အသစ် တွေ့ ရှိချက်ကို ကင်ဆာ ဓာတ်ခွဲ သုတေသန ဂျာနယ်တွင် ဖော်ပြ ထားသည်။

ယခု သုတေသနသည် လိင်ဆက်ဆံမှု အရေအတွက် သို့ မဟုတ် တစ်ကိုယ်ရည် အာသာဖြေမှု တို့ ထက် အမျိုးသားများ အတွက် ကာမ ဆက်ဆံဖော် အမျိုးသ မီး ဦးရေ များများ ထားရှိရန် အကြံပြု လမ်းညွှန်ပေးသည့် ပထမဆုံး သုတေသန တွေ့ ရှိချက်လည်း ဖြစ်သည်။ သို့သော် ယင်းတွေ့ရှိချက်မှာ အမျိုးသားများ အနေဖြင့် ဘ၀တစ်လျှောက် မိန်းမအရေ အတွက် များများနှင့် အိပ်ရန် သေချာပေါက် လိုအပ်သည် တော့လည်း မဟုတ်ကြောင်း သုတေသနကို ဦးဆောင်ခဲ့သူ ပါမောက္ခ မာရီအီလီစ် ပါရန့်က ပြောသည်။

သီအိုရီ တစ်ရပ် အရမူ ဝှေးစေ့ အတွင်း အကျိတ်အခဲ ဖြစ်စေမှုကို သုတ်လွှတ် ခြင်းက လျော့ချ နိုင်သည်ကတော့ သိသိသာသာပင် ဖြစ်၍ ဆီးကျိတ် ဖြစ်ခြင်းကို ထိရောက်စွာ ကာကွယ် နိုင်သည်။

ယခု သုတေသနတွင် အမျိုးသမီး များများနှင့် အိပ်နိုင်ခြင်းကို အဓိကထား ဖော်ပြရ သည်မှာ သုတေသန ပြုလုပ်ခဲ့သည့် ယောက်ျားသား ၃၀၀၀ ကျော်အနက် အမျိုးသမီး အယောက်၂၀ ကျော်မျှနှင့် အိပ်စက် ချစ်တင်းနှော ခဲ့သူ များတွင် ဆီးကျိတ် ကင်ဆာ အမျိုးမျိုးကို ၂၀ ရာခိုင်နှုန်း နီးပါး လျော့ပါးစေ သလို ဆီးကျိတ် ကင်ဆာဆဲလ် ဖြစ်တည် လာခြင်းကို ၁၉ ရာခိုင်နှုန်း လျော့ချ နိုင်သည်။

“အနုမာန မှန်းဆချက် အရ ပြောရမယ်ဆို မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ဆက်ဆံရတဲ့ ယောက်ျား တွေက မတူတဲ့ မိန်းမတွေကို ထိတွေ့  ဆက်ဆံရတော့ သုတ်လွှတ်တဲ့ အခါမှာ အရှိန်ပြင်းတယ်။ ဒါကြောင့် ကပ္ပယ်အိတ် အတွင်းမှာ အကျိတ်တည်နိုင်ခြေ နည်းစေ နိုင်တာပဲ ဖြစ်ပါမယ်”ဟု ပါမောက္ခ မာရီက ပြောခဲ့သည်။

Ref: Mirror
Mizzima - News in Burmese

No comments:

Post a Comment

My Blog List