Wednesday, October 29, 2014

ခိုတောင်လူသတ်မှုတွင် မြန်မာနှစ်ဦးကို ခြိမ်းခြောက်ဝန်ခံခိုင်းခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတရားရုံးချုပ်၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့် ထိုင်းမှုခင်းဆရာဝန်များထံ ကန့်ကွက်စာပေးပို့ထား



ခိုတောင် (Koh Toa) လူသတ် မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးကို ခြိမ်းခြောက် ဝန်ခံခိုင်းခြင်းနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ ထိုင်း နိုင်ငံတရားရုံးချုပ်သို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း မြန်မာသံရုံးအထူးစုံစမ်းရေးအဖွဲ့မှ သိရ သည်။အဆိုပါ ကန့်ကွက်စာကို အောက်တိုဘာ ၂၈ရက်တွင် တင် သွင်းခဲ့ခြင်းဖြစ်ပြီး စွပ်စွဲဖမ်းဆီးခံ ထားရသူ မြန်မာနိုင်ငံသား ဝင်း ဇော်ထွန်းနှင့် ဇော်လင်းတို့၏မိဘ များနှင့်အတူ မြန်မာသံရုံးမှအထူး စုံစမ်းရေးအဖွဲ့နှင့် ရှေ့နေများကောင် စီမှ ကိုယ်စားလှယ်များလိုက်ပါကာ တင်သွင်းကန့်ကွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာအထူး စုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်က ပြောသည်။
''ဒီစာကို ထိုင်းနိုင်ငံတရားရုံး ချုပ်အပြင် ထိုင်းလူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းမှုခင်းဆရာဝန် တွေဆီကိုပါ တစ်ပြိုင် တည်းပေးပို့ခဲ့ပါ တယ်''ဟု ဦးထူးချစ်က ဆိုသည်။

ဖမ်းဆီးခံမြန်မာနှစ်ဦးမှ ပြစ်မှု ကျူးလွန်သည်ဟု ဝန်ခံပါက ရိုက် နှက်မခံရနိုင်သည့်အပြင် ပြစ်ဒဏ်မှ လွတ်မြောက်အောင် ကူညီပေးမည် ဖြစ်ကြောင်း၊ ဝန်မခံပါက နည်းမျိုးစုံ ဖြင့် နှိပ်စက်ခံရမည့်အပြင် ရေနံဆီ လောင်းကာ မီးရှို့သတ်ပစ်မည်အ ထိပါ အသက်အန္တရာယ်ကို ခြိမ်း ခြောက်သည်အထိ ထိုင်းရဲများနှင့် စကားပြန်များမှ ပြောဆိုလာသည့်အတွက် ဝန်ခံ ရခြင်းဖြစ်ကြောင်းလည်း ဖမ်းဆီးခံနေရသည့် မြန်မာ နှစ်ဦးမှ အောက်တိုဘာ ၂၄ရက်တွင် ကော့စမွေအကျဉ်းထောင် တွင် မိဘ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနှစ်ဦး ဖမ်းဆီးစွပ်စွဲခံ ထားရသည့် ကန့်ကွက်စာကို အောက် တိုဘာ ၂၄ရက်တွင်ပင် ယင်းတို့၏မိဘများနှင့် ဖမ်းဆီးခံထားရသူနှစ် ဦးကိုယ်တိုင် လက်မှတ်ရေးထိုးကာ ကော့စမွေတရားရုံးကိုပေးပို့ခဲ့ပြီး ယခုတွင်ထပ်မံကာ ထိုင်းတရားရုံးချုပ် သို့ပေးပို့ခြင်းဖြစ်ကြောင်း သံရုံးအ ထူးအဖွဲ့မှ သိရသည်။

လူသတ်မှုကြောင့် မြန်မာနှစ် ဦးစွပ်စွဲဖမ်းဆီးခံရသည်မှာ တစ်လ နီးပါးခန့်ရှိပြီဖြစ်ပြီး စွဲချက်တင်နိုင် ခြင်းမရှိသေးသည့် အပြင် လက်ရှိတွင် ထိန်းသိမ်းရက်ကို နောက်ထပ် ၁၂ ရက် ထပ်မံတိုးပေးရန် ထိုင်းအစိုးရ ရှေ့နေများ၏ လျှောက်လွှဲ ချက်ကို ကော့စမွေ့ခရိုင်တရားရုံးမှ အောက် တိုဘာ ၂၇ရက်တွင် အတည်ပြု ပေးခဲ့သည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံဥပဒေများအရ စွပ် စွဲခံရသူကို ၈၄ရက်အထိ ထိန်းသိမ်း ခွင့်ရှိပြီး အဆိုပါရက်အတွင်း လုံ လောက်သည့် စွဲချက်မတင်နိုင်ပါက ပြန်လည်လွှတ်ပေးရမည်ဖြစ်ကြောင်း အဆိုပါအမှုနှင့်ပတ်သက်၍ လက်ရှိ တွင် ဗြိတိန်နိုင်ငံမှ မှုခင်းကျွမ်းကျင် သူများက ခိုတောင်ကျွန်းတွင် စုံစမ်း ခဲ့ကြသည်။

ထိုသို့စုံစမ်းမှုများကြောင့် ထိုင်း အစိုးရရှေ့နေများက အခင်းဖြစ်ပွား ရာတွင်တွေ့ရှိသည့် မိုဘိုင်းဖုန်းသည် သေဆုံးသူ ဗြိတိန်နိုင်ငံသား၏ ဖုန်း ဖြစ်ကြောင်း ဗြိတိန်မှုခင်းကျွမ်းကျင် သူများထံမှ တရားဝင်ရေးသားချက် ရရှိစေရန် ထိုင်းစုံစမ်း စစ်ဆေးသူ များကို ကြိုးစားဆောင်ရွက်ခိုင်းနေ ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ZCH
Yangon Media Group

No comments:

Post a Comment

My Blog List