Friday, October 31, 2014

IS တိုက်ခိုက်ရေးသမားများ နိုင်ငံရင်းသို့ ပြန်လာခြင်းက အရှေ့တောင်အာရှ ဒေသအတွက် ခြိမ်းခြောက်မှုဖြစ်လာမည်ဟု အင်ဒိုစစ်ဘက်အရာရှိတစ်ဦးဆို


IS စစ်သွေးကြွအဖွဲ့မှ အကြမ်း ဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို မည်သို့ တုံ့ပြန်မည်လဲဆိုခြင်းကို ဆွေးနွေးရန် အတွက် ဒေသတွင်း ကာကွယ်ရေး ခေါင်းဆောင်များနှင့်ဆွေးနွေးပွဲတစ် ရပ် ကျင်းပရန် ပြင်ဆင်နေကြောင်း အင်ဒိုနီးရှားလက်နက်ကိုင်တပ်ဖွဲ့များ (TNI) အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ တွင် ပြောခဲ့သည်ဟု The Straits Times သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသော အင် ဒိုနီးရှား ဗိုလ်ချုပ်ကြီးမိုးလ်ဒိုကိုက IS အဖွဲ့သည် ဒေသဆိုင်ရာ လုံခြုံ ရေးအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုဟုပြောကာ ထိုခြိမ်း ခြောက်မှု၏ တန်ပြန်သက်ရောက်မှု အပြည့်အဝကို IS အဖွဲ့အတွင်းရှိ အင် ဒိုနီးရှား၊ မလေးရှား၊ သြစတြေး လျနှင့် စင်ကာပူနိုင်ငံသားများ မိခင်နိုင်ငံရင်း သို့ ပြန်ရောက်လာချိန်တွင် ခံစားရမည် ဟု ယင်းက ဆိုသည်။

''သူတို့ပြန်လာရင် ဘာတွေဖြစ် လာမလဲဆိုတာကို ခန့်မှန်းလို့မရပါ ဘူး၊ ဒါကြောင့် ဒီကိစ္စအတွက် ကြို တင်ပြင်ဆင်မှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်ပါတယ်ဟု လည်း ၄င်းက သတင်းထောက်များကို ပြောခဲ့သည်။ သို့သော် ၄င်းအဆိုပြုသည့် ဆွေးနွေး ပွဲအတွက် အသေးစိတ်အချက်အ လက်များကို မစီစဉ်ရသေးကြောင်း နှင့်ယင်းတို့ကို လာမည့်နှစ် အစော ပိုင်း မလေးရှားတွင် ပြုလုပ်မည့်အာ ဆီယံကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးတွင်မှ ဆုံးဖြတ်သွားမည်ဟု လည်း ဗိုလ်ချုပ်ကြီး မိုးလ်ဒိုကိုက ထပ်မံပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် အမေ ရိကန်ဦးဆောင်သည့် IS ချေမှုန်း ရေး ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအ ဖွဲ့နှင့်ပတ်သက်၍ တက်တက်ကြွကြွ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုတစ် ခုတည်းဖြင့် IS များကို မတားဆီးနိုင် ဟုလည်း ပြောကြားခဲ့သည်။ 

သို့သော် လက်ရှိအချိန်၌ ဆီးရီးယားနှင့်အီရတ် ရှိ စစ်မြေပြင်များတွင် IS များနှင့်အ တူ တိုက်ပွဲဝင်နေသည့် အင်ဒိုနီးရှား နိုင်ငံသား ၆ဝ ခန့်ရှိပြီး ၄င်းတို့နှင့် ပတ်သက်၍ အင်ဒိုအာဏာပိုင်များ က စိုးရိမ်နေသည်။

ထို့အပြင် ယင်းအင်ဒိုနိုင်ငံသား များသည် မလေးရှားတိုက်ခိုက်ရေး သမားအချို့နှင့်ပူးပေါင်းကာ လက် နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းရန်ပြင် ဆင်နေကြပြီး IS အဖွဲ့သည် အရှေ့ တောင်အာရှဒေသအထိ ရောက်ရှိ လာနိုင်သည်ဟု လေ့လာသူများက သတိပေးထားသည်။ 

သို့သော် ဗိုလ် ချုပ်ကြီး မိုးလ်ဒိုကိုက IS အဖွဲ့ သည် ကင်ဆာရောဂါနှင့်တူကြောင်း မူဆလင်တစ်ဦးအနေဖြင့် IS အဖွဲ့ သည် အစ္စလာမ်ဘာသာနှင့် လုံးဝ မသက်ဆိုင်ဟု ယူဆကြောင်းလည်း ပြောကြားခဲ့သည်။ 

မိုးလ်ဒိုကိုက ၄င်း သည် လွန်ခဲ့သော သီတင်းပတ်တွင် အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုနှင့်တွေ့ဆုံကာ အင်ဒိုနီးရှား စစ်တပ်၏ ဆုတ်ယုတ် မှုများကို ထောက်ပြခဲ့ပြီး ယင်းကိုဖြည့် ဆည်းပေးရန် တောင်းဆိုခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

Ref:The Straits Times
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List