Tuesday, October 28, 2014

မြန်မာနှစ်ဦးရဲ့ ဓာတ်မှန်မှာ သင်္ကာမကင်းစရာ မတွေ့


ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်း ​လူသတ်မှုနဲ့ ​ပတ်သက်ပြီး ​ထိန်းသိမ်းခံနေရတဲ့ ​မြန်မာ ​နှစ်ဦးကို ​X-ray ​ဓာတ်မှန်​ရိုက်ကြည့်ရာမှာ ​သင်္ကာမကင်းစရာ​အချက်အလက်တွေမတွေ့ခဲ့ရဘူးလို့ ​ထိုင်းနိုင်ငံလူ့အခွင့် အရေး
ကော်မတီက ​ပြောပါတယ်။

သင်္ကာမကင်းစရာ ​အချက်အလက်တွေ ​မတွေ့ရဘူးဆိုတဲ့ ​အဖြေကလည်း ​သူတို့ ​မျှော်လင့်ထားတဲ့ ​အဖြေဖြစ်တယ်လို့လည်း ​ဒေါက်တာ ​Nirund ​Pitakwatchara ​က ​မနေ့က ​ပြောပါတယ်။

မြန်မာ ​နှစ်ဦးကို ​ထိုင်းရဲတွေက ​အောက်တိုဘာလဆန်း ​၁ ​ရက်နေ့မှာ ​ဖမ်းဆီးပြီး ​အောက်တိုဘာ ​၁၃ ​နဲ့ ​အောက်တိုဘာ ​၂၀ ​ရက်နေ့မှ ​ဓာတ်မှန် ​ရိုက်တာ ​ဖြစ်တဲ့အတွက် ​သင်္ကာမကင်းစရာ ​သက်သေတွေ ​တွေ့ရှိဖို့ ​ခက်ခဲမယ်လို့ ​သူက ​ပြောပါတယ်။

မြန်မာနှစ်ဦး ​လူသတ်မှုနဲ့ ​စွပ်စွဲခံနေရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေ ​လာရောက်ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ထိုင်းလူ့အခွင့်အရေးအဖွဲ့က ​ဖိတ်ခေါ်ထားပေမယ့် ​ထိုင်းရဲတွေက ​လာရောက်ခြင်း ​မရှိခဲ့ပါဘူး။

လူ့အခွင့်အရေး ​ကော်မရှင်နာနဲ့ ​တွေ့ဆုံဖို့ ​ရှေ့နေရဲ့ ​ခွင့်ပြုချက် ​မရလို့ ​မတွေ့နိုင်တာ ​ဖြစ်တယ်လို့ ​ထိုင်းရဲဘက်က ​ပြောကြောင်း ​The ​Nation ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနှစ်ဦးကို ​ထိန်းသိမ်းစဉ်အတွင်း ​ထိုင်းရဲတွေဘက်က ​နှိပ်စက်မှုတွေ၊ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​ရှိတယ်ဆိုပြီး ​ထိုင်းလူ့အခွင့်အရေးက ​ပြောဆိုထားပါတယ်။

ထိုင်းရဲတွေနဲ့ ​နိုဝင်ဘာလ ​၃ ​ရက်မှာ ​တွေ့ဆုံနိုင်ဖို့ ​ထပ်မံ ​ကြိုးစားထားတယ် လို့လည်း ​ပြောကြောင်း ​ဖော်ပြ ထားပါတယ်။

မြန်မာနှစ်ဦးဟာ ​ကော့တောင်ကျွန်း ​အလည်လာတဲ့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​သတ်ပစ်တယ်ဆိုပြီး ​ထိုင်းရဲ က ​စွပ်စွဲထားပေမယ့် ​မြန်မာတွေကတော့ ​သူတို့ ​ပြစ်မှု ​မကျူးလွန်ခဲ့ရကြောင်း ​ထိုင်းရဲတွေက ​အတင်းအဓမ္မ ​ဝန်ခံခိုင်းလို့ ​သူတို့ ​မကျူးလွန်ခဲ့တဲ့ ​ပြစ်မှုတွေကို ​ဝန်ခံခဲ့ရတာလို့ ​ပြောဆိုနေပါတယ်။

ABC

No comments:

Post a Comment

My Blog List