Friday, October 31, 2014

မြန်မာသမ္မတ နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော



အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်ခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက် သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။
သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် ထိပ်တန်း နိုင်ငံရေးပါတီကြီး ၆ ခုက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့ စီစဉ်ထားပါတယ်။

မစ္စတာအိုဘားမှာဟာ သမ္မတတဦးအနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် ရှေ့လမှာ သွားရောက်ဖို့ စီစဉ် ထားပါ တယ်။ ခရီးစဉ်အတွင်း ဒေသတွင်း ထိပ်သီးစည်းဝေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေ သတင်းသမားတွေကို အကျဉ်းချမှု၊ စစ်တပ်က လူမျိုးစု တိုင်းရင်းသားတွေကို ပဋိပက္ခဖြစ်နေတဲ့ဒေသ တွေမှာ ဖမ်းဆီးနေမှု၊ နိုင်ငံမဲ့အဖြစ်သပ်မှတ်ထားတဲ့ ရိုဟင်ဂျာ တွေကို ဖိနှိပ်နေမှု စတာတွေကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မှုတွေ တိုးများလာနေတဲ့ အချိန်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ကျင်းပမယ့် အစည်းဝေးဟာ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

voa

No comments:

Post a Comment

My Blog List