Wednesday, October 29, 2014

ကော်သူးလေ တပ်မတော် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးမှု သုံးရက်ကြာကျင်းပမည်


ကရင်လက်နက်ကိုင်လေးဖွဲ့ စုပေါင်း ဆွေးနွေးမည့် ကော်သူးလေတပ်မတော် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ပွဲကို သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဗိုလ်မှူးကြီး စောသရဲနီက The Voice သို့ ပြောကြားသည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဌာနချုပ် ဆုံဆည်းမြိုင် ကျေးရွာတွင် ကရင်လက်နက်ကိုင် တပ်ဖွဲ့လေးဖွဲ့ ပေါင်းစည်ပြီး ကော်သူးလေ တပ်မတော် Kawthoolei Armed Forces-KAF ဖွဲ့စည်းခြင်း အခမ်းအနား ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မူလက အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်တွင် အပြီးသတ် ပြုလုပ်မည်ဟု ဆုံးဖြတ် ထားသော်လည်း ကရင်အမျိုးသားရေးနှင့် သက်ဆိုင်သော တပ်မတော် ဖွဲ့စည်းခြင်း ဖြစ်သောကြောင့် ဆွေးနွေးပွဲ ဆက်လက်ကြာမြင့်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောသရဲနီက ပြောကြားသည်။

“လေးဖွဲ့လောက် ဆွေးနွေးမှာလည်း ဖြစ်နေတယ်။ နောက်ပြီး ညှိရနှိုင်းရမယ့် အရေးကြီး ကိစ္စဖြစ်နေတော့ နှစ်ရက် သို့မဟုတ် သုံးရက်ကြာမယ်လို့ ခန့်မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းထားသော KNU/KNLA-PC၊ KNDO၊ DKBA၊ KNLA အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် အဆိုပါ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တစ်နိုင်ငံလုံးအပစ် အခတ်ရပ် စဲရေး ဆိုင်ရာညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) နှင့်ကရင်ပြည်နယ် အစိုးရထံသို့ ဖိတ်ကြားထားကြောင်း DKBA ထံမှ သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့ ပြန်လည် ပေါင်းစည်းပြီး ကော်သူးလေ တပ်မတော်အဖြစ် ဆက်လက်တိုက် ပွဲဝင်မည်ဟူသော အဆိုပါ လက်နက်ကိုင်အဖွဲ့များ၏ စစ်ဦးစီးချုပ်များ၊ ဗိုလ်မှူးချုပ်များက လက်မှတ်ထိုးကာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယင်းသို့ ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းသည် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် သက်ဆိုင်ခြင်း မရှိကြောင်း KNU က အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

၁၉၉၄ ခုနှစ်အတွင်း ကရင်အမျိုးသား အစည်းအရုံး KNU အခြေစိုက် မာနယ်ပလောဒေသကို တပ်မတော် အစိုးရက ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ီ DKBA၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA အဖြစ် အသီးသီး ခွဲထွက် ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List