Monday, October 27, 2014

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူ များမှ ဥပဒေအရ ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း (၈၈)ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြား



နိုင် ငံသားတစ်ယောက်ရရှိသင့်သည့် ဥပဒေ၏ အကာအကွယ်ပေးမှု တစ် စုံတစ်ရာရရှိခဲ့ခြင်းမရှိဘဲ အသက် ဆုံးရှုံး သွားသော အလွတ်တန်းသ တင်းထောက် ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီးနှင့်ပတ်သက်၍ ဥပဒေ အရတာဝန်ရှိသူများမှ ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြော ကြားသည်။
အစိုးရ၏ ဒီမိုကရေစီကူးပြောင်း နေသည့်ကာလတွင် ယခုလိုဖြစ်ရပ် မျိုးကို လုံးဝလက်မခံကြောင်းကို ပြ သည့်အနေဖြင့် တာဝန်ရှိသူများမှ ထိထိရောက်ရောက် ကိုင်တွယ်ဖြေ ရှင်းသင့်သည်ဟု ကိုပါကြီးသေဆုံး မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၆ရက်က ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် ဒီမိုကရေစီအင်အားစုများ စုပေါင်းပြုလုပ်သော ဆန္ဒထုတ်ဖော် ပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ် သည်။

ဦးကိုကိုကြီးက ''ကျွန်တော် တို့နိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုတွေလုပ်နေပြီ။ တရားဥပဒေစိုး မိုးမှုတွေ ဆောင်ရွက်နေပြီလို့ကြိမ် ဖန်များစွာပြောနေတဲ့အတောအ တွင်းမှာ ကျွန်တော်တို့နိုင်ငံသား တွေဟာ လူမသိသူမသိ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အသက်အိုး အိမ်လုံခြုံမှု မရှိတာတွေဟာ ဒေသအ နှံ့မှာ ဖြစ်ပေါ်နေဆဲပဲဖြစ်ပါတယ်။ ကိုပါကြီးဟာ အလွတ်သတင်းထောက် တစ်ယောက်ဆိုတာထက် နိုင်ငံသား တစ်ယောက်အနေနဲ့ ဥပဒေရဲ့ အ ကာအကွယ်ပေးမှုကိုမရဘူး။ နိုင် ငံတော်ရဲ့အကာအကွယ်ပေးမှုကို မရဘဲ လူမသိသူမသိ သေဆုံးသွားခဲ့ ရတယ်။ ဒီလို လူမသိသူမသိသေ ဆုံးသွားတဲ့သူတွေ အများကြီးပါ။ ဒါ ပေမဲ့ဒီလိုဖြစ်ရပ်တွေကို မျိုသိပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကို လုပ်ဆောင်နေတဲ့အချိန်မှာ ခု လိုဖြစ်ရပ်ဖြစ်ပွားရတာက အင်မ တန်ကို အကျည်းတန်ပါတယ်။ ဒီ တော့ကျွန်တော်တို့ နိုင်ငံအသွင်ကူး ပြောင်းရေးကာလမှာ ခုလိုဖြစ်ရပ် မျိုးကို အစိုးရက လုံးဝလက်သင့် မခံဘူးဆိုတာပြဖို့အတွက် ဥပဒေအရ ထိထိရောက်ရောက်ကိုင်တွယ်ဖြေ ရှင်းဖို့ပြောချင်တယ်''ဟု ပြောကြား ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ ဒီ မိုကရေစီအင်အားစုအဖွဲ့အစည်း ပေါင်း ၄၆ဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပြီး ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရေးနှင့် လွတ် လပ်ပြီးကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော် မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်း၍ ပြစ်မှုကျူးလွန်သူများအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ပေး ရန်အတွက်လည်း အဖွဲ့အစည်း များမှ တောင်းဆိုခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများက ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ် ဆေးအဖြေရှာပေးရန် တောင်းဆို သွားခဲ့ကြသည်။

ကိုပါကြီးဇနီးဖြစ်သူ မသန္တာ ကလည်း ''ကျွန်မအနေနဲ့ ကိုပါကြီး ရဲ့ရုပ်အလောင်းကို ဘယ်လိုအခြေ အနေပဲရှိနေပါစေ။ ပြန်လည်ရယူလို တယ်။ အလောင်းပြန်ဖော်ပြီး စုံ စမ်းစစ်ဆေးရေးကော်မရှင်နဲ့ ကိုပါကြီး ဘယ်လိုသေဆုံးခဲ့ရတယ် ဆိုတာကို ဖော်ထုတ်ပြီး ဖြစ်ရပ်မှန်ကို ပြည်သူ လူထုသိရှိအောင် ချပြသွားမယ်။ ဒါ ဟာနိုင်ငံသားတစ်ဦးအနေနဲ့ ဥပ ဒေရဲ့ အကာအကွယ်ပေးမှုကို ရရှိ ဖို့ လိုအပ်နေတယ်ဆိုတာကို ပြသ တာပဲ။ နောက်မျိုးဆက်တွေမှာ ဒီ လိုဖြစ်ရပ်မျိုး ထပ်မဖြစ်ပွားစေဖို့အ တွက် အမှန်တရားကို ရအောင် ဖော် ထုတ်သွားမယ်''ဟု ပြောသည်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါ ကြီးသည် နယ်စည်းမခြားသတင်း ထောက်ကတ်ကိုင်ထားသော အလွတ်တန်း သတင်း ထောက်တစ်ဦးဖြစ်ပြီး မွန်ပြည်နယ်ကျိုက်မရောတိုက်ပွဲအ တွင်း အစိုးရတပ်မှ ကလို့ထူးဘော ကရင်အစည်းအရုံး (KKO)စော ဆန်းအောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့် တာဝန်ခံတစ်ဦးဖြစ်သည်ဟုဆိုကာ စက်တင်ဘာ ၃ဝရက်တွင် ဖမ်းဆီးခဲ့ ကာ ဖမ်းဆီးထားစဉ်အတွင်း ကင်း စောင့်စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့် စစ်သားမှ ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်း စာများတွင် တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

OKH
Yangon Media Group

No comments:

Post a Comment

My Blog List