Monday, October 27, 2014

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေးအတွက် အလှူငွေများကောက်ခံ


နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် အစည်းအဝေး ဖြစ်မြောက်ရေးအဖွဲ့နှင့် ပန်းရဲ့လမ်းအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်မြို့အနှံ့လှည့်လည်ဖျော်ဖြေရေးပြုလုပ် လျက် အလှူငွေများ စတင်ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်များတွင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာကျောင်းထုအရေးပေါ်အစည်းအဝေး ဖြစ်မြောက်ရေးအဖွဲ့ကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများနှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တို့က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှ ၂၉ရက်အထိ ပန်းရဲ့လမ်းအဖွဲ့နှင့် ပူးပေါင်းကာ လှည့်လည်အလှူခံ သွားမည်ဟုလည်းသိရသည်။

"ပြည်သူတွေဆီက လုံးဝထင်မထားလောက်အောင်ကို တုန့်ပြန်မှုတွေရှိပါတယ်။လက်ကမ်းစာစောင်တွေဝေ တဲ့အခါကျရင်လည်း လာယူကြတယ်။ အလှူငွေကလည်း ကျွန်တော်တို့ ထင်မထားလောက်အောင်ကို ထည့်ဝင်ကြပါတယ်။" ဟု အစည်းအဝေးဖြစ်မြောက်ရေး ဘဏ္ဍာရေးတာဝန်ခံ ပိုင်ရဲသူကပြောကြားခဲ့ပြီး 
တစ်နေ့ အလှူငွေရရှိသော ပမာဏကို နေ့စဉ် ညပိုင်းအစည်းအဝေးအပြီးတွင် ထုတ်ပြန်ပေးသွားဖို့ရှိ သည်ဟုလည်း သိရသည်။

ကျောင်းသားများသည် မကြာခဏပြောင်းလဲသော ပညာရေးစနစ်ထဲတွင် ဖြတ်သန်းနေခဲ့ရပြီး ယခုအချိန် အခါသည် ပညာရေးစနစ်ကို အမြစ်ကလှန် ပြောင်းလဲရမည့်အချိန်ဖြစ်သည့်အတွက် အမျိုးသားပညာရေး ဥပဒေသည် ကျောင်းသားပြည်သူများ အမှန်တကယ်လိုလားသော ပညာရေးစနစ်ကို ပေးနိုင် မပေးနိုင်၊ ဒီမိုကရေစီစနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့်အစည်းအဝေးတက်ရောက်မည့် ကျောင်းသားများအနေဖြင့် နိုဝင်ဘာ ၇ ရက် 
နောက်ဆုံးထား၍ စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုဦးစီးချုပ်ကိုင်သည့်စနစ်ကို ဆက်လက် အသက်သွင်းထားခြင်း၊ ကျောင်းသား အသင်းအဖွဲ့များဖွဲ့စည်း ခွင့်ကိုပြဌာန်းထားမှုမရှိခြင်း၊ အစိုးရအနေဖြင့် ပညာရေအသုံး စရိတ်မည်မျှသုံးစွဲမည်ကိုပြဌာန်းထားခြင်းမရှိငြ်း စသည့်အချက်များကြောင့် ကျောင်းသားများ ကန့်ကွက် ခဲ့ကြသော်လ ည်း လွှတ်တော်တွင် စက်တင်ဘာ ၃၀ ရက်နေ့၌အတည်ပြုလိုက်ခဲ့သည့်အတွက် မြန်မာနိုင် ငံတစ်နိုင်လုံးရှိ ကျောင်းသားများဖိတ်ခေါ်ကာ အရေးပေါ်အစည်းအဝေး ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သော်ဇင်စိုး
The Myanma Age

No comments:

Post a Comment

My Blog List