Tuesday, October 28, 2014

တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်ကို သေဒဏ်ပေးဖို့ တောင်းဆို



လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား ဖယ်ရီ သင်္ဘောရဲ့ ကပ္ပတိန်ကို သေဒဏ် ချမှတ်ဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုနေကြပါတယ်။ူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ကပ္ပတိန် Lee Joon-Seok ဟာ သူတာဝန်ယူ ကြီးကြပ်ရတဲ့ တာဝန်ချိန်အတွင်း သင်္ဘောနစ်မြုပ်စဉ်မှာ ခရီးသည်တွေကို ထားခဲ့ပြီး သူက ထွက်သွားခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
သေဆုံးခဲ့သူ အများစုဟာ လေ့လာရေး ခရီးထွက် လာကြတဲ့ ဆယ်ကျော်သက် အရွယ် ကျောင်းသားကလေးတွေ ဖြစ်ကြပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ ကပ္ပတိန် Lee Joon-seok တစ်ယောက်တည်း သာမက ကျန်တဲ့ သင်္ဘော အဖွဲ့သား ၅ ယောက်ကိုပါ သေဒဏ် ပေးစေချင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရ ရှေ့နေတွေက ကပ္ပတိန် တစ်ယောက်တည်းကိုသာ သေဒဏ်ပေးပြီး ကျန်တဲ့ သင်္ဘော အဖွဲ့သား ၃ ယောက်ကို ထောင်ဒဏ် တစ်သက်သာ ပေးဖို့ ပြောပါတယ်။

တောင်ကိုရီးယားမှာ နှစ်ပေါင်း ၂၀ အတွင်း ကွပ်မျက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုးလ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List