Wednesday, August 13, 2014

UMFCCI ပွင့်လင်းမြင်သာမှု လျော့ရဲလာပြီလား


“အခုလည်း ညီညွတ်စေချင်ပါတယ်။ ညီညွတ်ဖို့အတွက် ပွင့်လင်းမြင်သာဖို့ လိုပါတယ်။ မြင်သာထင်သာ ဖို့လိုပါတယ်” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ငွေရေးကြေးရေးကိစ္စတွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာမှု အားနည်းတယ်ဆိုပြီး မေးခွန်း ထုတ်နေ ကြတာ တွေနဲ့ ပတ်သက်လို့ အသင်းချုပ်ရဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးမှာ သူက အခုလိုပြောဆိုတာပါ။

“ဒီအသင်းကြီးက ပုဂ္ဂလိက ကဏ္ဍမှာ အရေးကြီးတဲ့ အသင်းဖြစ်ပါတယ်” လို့ ဦးဝင်းမြင့်က ပြောပါတယ်။

UMFCCI အသင်းချုပ် အဆောက်အဦကို ကမ္ဘောဇဘဏ်မှာ ပေါင်နှံထားတာ၊ အသင်းသားတွေကို ငွေထုတ်ချေးတာနဲ့ ငွေပြန်ဆပ်တာ၊ ရန်ကုန်အသင်းချုပ်နဲ့ နေပြည်တော်အသင်းချုပ်ရုံးတွေကို ဆောင်လုပ် တဲ့ နေရာမှာ ပွင့်လင်း မြင်သာမှု အားနည်းတယ်ဆိုပြီး ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ စီမံ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်လှိုင် က အသင်းချုပ်ကို စာနဲ့ မေးခွန်းမေးထားပါတယ်။

မေးမြန်းထားတဲ့ အထဲက တချို့ကိစ္စတွေကိုတော့ UMFCCI က အစည်းအဝေးမှာ ပြန်လည်ရှင်းလင်း ခဲ့ကြ ပါတယ်။

UMFCCI တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်ကမူ အသင်းဝင်တွေဟာ အသင်းချုပ်နဲ့ ပတ်သက်လို့ မရှင်းလင်းတဲ့ ကိစ္စတွေ ရှိရင် လာရောက် မေးမြန်းဆွေးနွေးနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List