Thursday, August 14, 2014

လွတ်လပ်ခွင့်ကို အကျိုးရှိရှိသုံးဖို့ KNU ပြော


လက်ရှိအစိုးရ၏ လွှတ်လပ်စွာ ပြောရေးဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်ပြုထားခြင်းကို အကျိုးရှိစွာအသုံးချသင့် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များက သြဂုတ် ၁၃ ရက်တွင် ပြောသည်။

KNU ခေါင်းဆောင်များနှင့် လူငယ်အရပ်ဘက် အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒဿန် ခန်းမတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် နှီးနှေဖလှယ်ပွဲ၌ KNU ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အစိုးရအနေနဲ့ တစ်ထစ်ချင်း လျော့နေတဲ့အချိန်မှာ လူထုလှုပ်ရှားမှုအားက များသွားရင်လည်း မကောင်း ဘူး နည်းရင်လည်း မကောင်းဘူး။ တစ်ထစ်ချင်း တိုးဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ အရပ်ဘက်အဖွဲ့အစည်း ၅၄ ဖွဲ့ တက်ရောက်ခဲ့ပြီး လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူထုအခြေပြုအဖွဲ့အစည်း များ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်သည်။

ကရင်လူငယ်အဖွဲ့မှ ကိုအောင်ကျော်မျိုးက “အစိုးရက တစ်ဆင့်ချင်းလျှော့ပေး တယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း အဲဒီတစ်ဆင့်ချင်းကို အသေအချာ ချည်နှောင်နိုင်ဖို့ လိုတယ်။ ပြတ်သားဖို့ လိုတယ်။ ဒါကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးသူတွေက အသုံးချနိုင်ဖို့လိုတယ်”ဟု ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List